Connect with us

Asia

တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုအပေါ် တောင်ကိုရီးယားပြည်သူလူထု ဆန့်ကျင်ကန့်ကွက်

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့လယ်တွင်“စစ်ရေးလေ့ကျင့်မှုများ ဆန့်ကျင်ရေး”၊ “အမေရိကန်ဆန့်ကျင်ရေး” ဟူသော စာတမ်းများကိုင်ဆောင်ထားသော အမေရိကန်ဆန့်ကျင်ရေး လူထုစုဝေးပွဲတွင် ပါဝင်ကြသူများအား သြဂုတ် ၁၃ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)

တောင်ကိုရီးယား-အမေရိကန် နှစ်နိုင်ငံသည် ဩဂုတ် ၂၂ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ယခုနှစ် ဒုတိယနှစ်ဝက် ပူးတွဲစစ်ရေးလေ့ကျင့်မှု “Ulchi Freedom Shield” ပြုလုပ်မည် ဖြစ်ရာ လေ့ကျင့်မှုတွင် သိသာထင်ရှားသော တိုက်ခိုက်ထိုးနှက်လိုဟန် ရှိသည်။ ယင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုကြောင့် ပြီးခဲ့သည့်ရက်ပိုင်းက တောင်ကိုရီးယားနေရာအများအပြားတွင် အမေရိကန် ဆန့်ကျင်ရေး၊ စစ်ဆန့်ကျင်ရေး လူထုစုဝေးပွဲများ ဖြစ်ပွားခဲ့ရာ စုဝေးသူများက တောင်ကိုရီးယား-အမေရိကန် စစ်ရေးလေ့ကျင့်မှုကို ရပ်ဆိုင်းရန် တောင်းဆိုခဲ့ကြသည်။ တောင်ကိုရီးယားပညာရှင်များက တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် တောင်ကိုရီးယား-မြောက်ကိုရီးယား နှင့် မြောက်ကိုရီးယား-အမေရိကန်၏ တွေ့ဆုံဆွေးနွေးရေးအတွက် “အဆိပ်အတောက်”ဖြစ်စေရာ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးကို အထောက်အကူ မဖြစ်စေဘဲ ဒေသလုံခြုံရေးအတွက် အန္တရာယ်သာ ဖြစ်စေကြောင်း ထောက်ပြပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ Gyeonggi ပြည်နယ် Goyang မြို့တွင် ကျင်းပသော တောင်ကိုရီးယား-အမေရိကန် “Ulji Freedom Guardian”ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် တောင်ကိုရီးယားစစ်သားများပါဝင်လေ့ကျင့်နေသည်ကို ၂၀၁၀ ပြည့်နှစ် ဩဂုတ် ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တောင်ကိုရီးယား-အမေရိကန် စစ်ရေးလေ့ကျင့်ရန် ပြင်ဆင်

မကြာမီ ကျင်းပမည့် တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် နှစ်စဉ်ပုံမှန်ဆောင်ရွက်နေသော ကာကွယ်ရေးလေ့ကျင့်မှုဖြစ်ကြောင်း၊ ယခုအကြိမ်လေ့ကျင့်မှုအား အမည်သစ်အနေဖြင့် “Ulchi Freedom Shield”ဟု ပေးထားကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ပူးတွဲစစ်ရေးလေ့ကျင့်မှုကာလတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆင်ရေးစွမ်းရည် မြှင့်တင်နိုင်ရန်အတွက် တောင်ကိုရီးယား-အမေရိကန် နှစ်ဘက်စလုံးက အစိုးရကဏ္ဍနှင့်စစ်ရေးလေ့ကျင့်မှုအထွေထွေပေါင်းစပ် ဖော်ဆောင်သွားမည် ဖြစ်သည်။ ယင်းပူးတွဲစစ်ရေးလေ့ကျင့်မှု၏ အကြိုအနေဖြင့် နှစ်နိုင်ငံစစ်တပ်သည် အကျပ်အတည်းစီမံခန့်ခွဲမှုလေ့ကျင့်ရေးကို ဩဂုတ် ၁၆ ရက်မှစ၍ ၄ ရက်ကြာ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ယခုအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ယခင် တောင်ကိုရီးယားအစိုးရက လျှော့ချထားသော လေ့ကျင့်မှုအတိုင်းအတာတွေကို ပြန်လည်ဆောင်ရွက်မည် ဖြစ်ပြီး “တစ်နိုင်ငံလုံးအတိုင်းအတာ စစ်ပွဲ”ဟူသော အနက်အဓိပ္ပါယ်ဖြင့် စစ်ရေးဇုန်အဆင့် လေ့ကျင့်မည်ဖြစ်ကြောင်း Yonhap သတင်းအေဂျင်စီက ဖော်ပြထားသည်။
“တစ်နိုင်ငံလုံးအတိုင်းအတာ စစ်ပွဲ”ဟူသည်မှာ အသုံးချ၍ရသောအရင်းအမြစ်နှင့်နည်းလမ်းအလုံးစုံကို သုံး၍ တိုက်ပွဲဝင်ခြင်း ဖြစ်ကြောင်း JoongAng Ilbo နေ့စဉ်သတင်းစာက ဖော်ပြထားသည်။

ယခုလဆန်းတွင် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနမှ လွှတ်တော်ကာကွယ်ရေးကော်မတီသို့ တင်သွင်းသော အစီရင်ခံစာတွင် ယခုအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အဆင့်နှစ်ခု ခွဲထားရာ ပထမအဆင့်အနေဖြင့် ခုခံတိုက်ထုတ်ခြင်းနှင့်ကာကွယ်ခြင်း၊ ဒုတိယအဆင့်တွင် တန်ပြန်တိုက်ခိုက်ခြင်းတို့ဖြစ်ကြောင်း ဖော်ပြထားသည်။ လေ့ကျင့်ရေးကာလတွင် အဓိကအားဖြင့် တပ်ဖွဲ့အဆင့်လိုက်၊ အမျိုးအစားသီးသီးပါဝင်သည့် ပူးတွဲကွင်းဆင်းလေ့ကျင့်မှုများပြုလုပ်၍ ပူးတွဲစစ်ဆင်ရေးစွမ်းရည်ကို မြှင့်တင်သွားမည်ဖြစ်သလို “စစ်တွင်းစစ်ဆင်ရေးကွပ်ကဲမှုအစီအစဉ်အား အခြေအနေအရ လွှဲပြောင်းခြင်း ”နှင့်အညီ အနာဂတ် တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်ဦးစီးဌာန၏ဘက်စုံ စစ်ဆင်ရေးစွမ်းရည်များကိုလည်း သုံးသပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ကိုရီးယားကျွန်းဆွယ် အရေးပေါ်အခြေအနေတွင် ဘက်စုံစစ်ပွဲ အနက်အဓိပ္ပါယ်ရှိသည့် လေ့ကျင့်မှုများ ၊ လက်တွေ့စစ်ဆင်ရေးလေ့ကျင့်မှုအတိုင်းအတာများ တိုးချဲ့ခြင်းက တိုက်ခိုက်ထိုးနှက်လိုသောသဘော အတိုင်းအတာတစ်ခုထိရှိသည်ကို ဖော်ပြကြောင်း Yonhap သတင်းအေဂျင်စီက ထောက်ပြရေးသားထားသည်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့လယ်တွင် အမေရိကန်ဆန့်ကျင်ရေးလူထုစုဝေးပွဲအား ကြည့်ရှုနေသည်ကို ဩဂုတ် ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တောင်ကိုရီးယားပြည်သူလူထုက ဆန့်ကျင်ကန့်ကွက်

အမေရိကန်-တောင်ကိုရီးယား၏ ယခုကဲ့သို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် “အင်အားချင်း ယှဉ်ပြိုင်”သည့် စစ်ရေးထိပ်တိုက်ရင်ဆိုင်မှုဖြစ်ရာ ကိုရီးယားကျွန်းဆွယ်ကို မတည်မငြိမ်လှုပ်ခတ်မှုများသို့ ထပ်မံ ဆွဲချသွားနိုင်ကြောင်း တောင်ကိုရီယားတွင် ဝေဖန်ပြောဆို ယူဆမှုများ ရှိခဲ့သည်။ ယခုအကြိမ် တောင်ကိုရီးယား-အမေရိကန် ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို တောင်ကိုရီးယား ပြည်သူလူထုက ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည်။
ဩဂုတ် ၁၃ ရက်သည် တောင်ကိုရီးယားအမျိုးသားလွတ်မြောက်ရေးနေ့ ပိတ်ရက်ကာလ၏ပထမဆုံးနေ့ဖြစ်ရာ ယင်းနေ့တွင် ဆိုးလ်မြို့လယ်၌ အမေရိကန်ဆန့်ကျင်ရေး၊ စစ်ဆန့်ကျင်ရေး လူထုစုဝေးမှု ဖြစ်ပွားခဲ့သည်။

စုဝေးရောက်ရှိလာကြသူများက တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ရပ်ဆိုင်းရန်နှင့် “တောင်ကိုရီးယား-အမေရိကန် မဟာမိတ်ဖျက်သိမ်းပြီး တောင်ကိုရီးယားအခြေစိုက် အမေရိကန်တပ်များ ရုပ်သိမ်းရန်”တောင်းဆိုခဲ့ကြသည်။

တောင်ကိုရီးယားရဲဘက်ဆိုင်ရာ၏ ခန့်မှန်းချက်များအရ ယင်းနေ့လူထုစုဝေးမှုတွင် ပါဝင်သူ အနည်းဆုံး ၆,၀၀၀ ရှိကြောင်း သိရသည်။ ထို့အပြင် Busan၊ Pyeongtaek၊ Gunsan စသည့် အမေရိကန်စစ်တပ်အခြေစိုက်ရာ နေရာများတွင်လည်း အမေရိကန်ဆန့်ကျင်ရေး လူစုလူဝေးဖြစ်ပွားခဲ့သည်။

လူထုစုဝေးပွဲ အဓိကစီစဉ်သူ တောင်ကိုရီးယားအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်က အမေရိကန်သည် ကိုရီးယားကျွန်းဆွယ်တွင် စစ်ရေးတင်းမာမှုများကို နှိုးဆော်ခြင်း၊ ကွဲပြားအောင် သွေးထိုးခြင်း၊ တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံ ထိပ်တိုက်ရင်ဆိုင်ရန် မြှောက်ထိုးပင့်ကော်လုပ်ပေးခြင်းသည် ကိုရီးယားကျွန်းဆွယ်ကိုယ်ပိုင်ပေါင်းစည်းရေးကို တားဆီးခြင်းဖြစ်သလို ၎င်း၏ကျူးကျော်ပိုင်ဆိုင်လိုမှုရည်ရွယ်ချက်ကို ဖော်ဆောင်ရန်အတွက် ဖြစ်ကြောင်း ထောက်ပြပြောကြားခဲ့သည်။ ယင်းအဖွဲ့ချုပ်အဖွဲ့ဝင်ဖြစ်သူ လျန်ကျင်းကျူးက အမေရိကန်-တောင်ကိုရီးယား ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်မည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် “စစ်ပွဲအတွက်ပြင်ဆင်ရန်” လေ့ကျင့်ခြင်းဖြစ်ကြောင်း ဆိုသည်။

တောင်ကိုရီးယား အရပ်ဘက်အဖွဲ့အစည်း၏ ”ဇွန်လ ၁၅ ရက် ပူးတွဲကြေညာချက်”တောင်ကိုရီးယားဘက်မှ အကောင်အထည်ဖော်ရေးကော်မတီကလည်း ပြီးခဲ့သည့်ရက်က ကြေညာချက် ထုတ်ပြန်ခဲ့ရာ အမေရိကန်-တောင်ကိုရီးယားနှစ်နိုင်ငံ အစိုးရအား ပူးတွဲစစ်ရေးလေ့ကျင့်မှု ချက်ချင်း ရပ်ဆိုင်းရန် ၊ စစ်ရေးပဋိပက္ခဖြစ်နိုင်မည့် မြောက်ကိုရီးယားအား ရန်လိုသော မူဝါဒများကို စွန့်လွှတ်ရန်၊ ကိုရီးယားကျွန်းဆွယ်နှင့်အရှေ့မြောက်အာရှ ငြိမ်းချမ်းရေးကို ကာကွယ်ထိန်းသိမ်းရန် တိုက်တွန်းခဲ့သည်။
Hanyang တက္ကသိုလ် အာရှ-ပစိဖိတ်ဒေသ သုတေသနစင်တာ ယခင် သုတေသနပါမောက္ခ ချွန်ချီကျီက အမေရိကန် ဆန့်ကျင်ရေးလူထုစုဝေးပွဲသည် လက်ရှိ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးအကျပ်အတည်းရင်ဆိုင်နေရသည့် သတိပေးမှုဖြစ်ကြောင်း ပြောကြားခဲ့သည်။

အန္တရာယ်ရှိဒေသ၏ လုံခြုံရေး

မြောက်ကိုရီးယားက အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုအား ၎င်းအပေါ်ခြိမ်းခြောက်သည့် လုပ်ဆောင်မှုအဖြစ် အစဉ်ရှုမြင်ထားပြီး အမေရိကန်နှင့်တောင်ကိုရီးယားကို စစ်ရေးလေ့ကျင့်မှုများ ရပ်တန့်ရန် တောင်းဆိုထားသည်။

တောင်ကိုရီးယားသုံးသပ်သူအချို့က တောင်ကိုရီးယား-အမေရိကန် အကြီးစား ပူးတွဲစစ်ရေးလေ့ကျင့်မှုက ကိုရီးယားကျွန်းဆွယ်အရေး တွေ့ဆုံဆွေးနွေးခြင်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းရန်အတွက် အကျိုးမရှိကြောင်း ယူဆကြသည်။ Korea Institute for National Unification(KINU)၏ ယခင်အကြီးအကဲ Kwak Tae-Hwanက မြောက်ကိုရီးယားဘက်ကကြည့်မည်ဆိုလျှင် ယခုအကြိမ် လေ့ကျင့်မှု၏ ဒုတိယအဆင့် တန်ပြန်တိုက်ခိုက်ရေး လေ့ကျင့်မှုသည် မြောက်ကိုရီးယားကို ဦးတည်ခြင်းဖြစ်ကြောင်း ဆိုသည်။ ယခုကဲ့သို့ အင်အားနှင့် ကာကွယ်ရေးခံစစ်မဟုတ်သော ပူးတွဲစစ်ရေးလေ့ကျင့်မှုက မြောက်ကိုရီးယားနှင့်တွေ့ဆုံဆွေးနွေးမှုတွင် အကူအညီအလျဉ်းမရှိစေဘဲ “အဆိပ်အတောက်”သာဖြစ်စေကြောင်း၊ ရပ်ဆိုင်းသင့်ကြောင်း ၎င်းက အလေးထား ပြောကြားခဲ့သည်။

ကိုရီးယားကျွန်းဆွယ်တွင် နောက်ထပ် စစ်မက် ဖြစ်ပွား၍ မရကြောင်း၊ တောင်ကိုရီးယား-အမေရိကန် နှစ်နိုင်ငံ အနေဖြင့် အခြေအနေတင်းမာစေမည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ မလုပ်ဆောင်သင့်ဘဲ မြောက်ကိုရီးယားနှင့်တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းသင့်ကြောင်း ချွမ်ချီကျီက ဆိုသည်။ အမေရိကန်သည် တစ်ကိုယ်တည်းအကျိုးစီးပွားအတွက် တင်းမာသည့်အခြေအနေကို ပို၍ ဆိုးဝါးအောင်လုပ်ဆောင်ခြင်းက ကမ္ဘာကို “စစ်အေးတိုက်ပွဲသစ်” ဆီသို့ တွန်းပို့ခြင်းဖြစ်ရာ ကမ္ဘာလုံးဆိုင်ရာ စည်းစနစ်တည်ငြိမ်ရေးနှင့် နိုင်ငံအသီးသီးဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုအတွက် အထောက်အကူမဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

………………………………………………………

(Chinese Version)

国际观察|韩美联合军演引发韩国民众反对

新华社首尔8月17日电(记者陆睿 孙一然)韩美两国将于8月22日至9月1日实施下半年联合军演“乙支自由之盾”,演习具有明显的攻击色彩。这一联合军演日前在韩国多地引发反美、反战集会,集会者要求中断韩美军演。有韩国专家指出,韩美联合军演对重启韩朝、朝美对话像是一剂“毒药”,无助于朝鲜半岛和平,只会危害地区安全。
8月13日,集会者手持“反对战争演习”“反对美国”等条幅在韩国首尔市中心参加反美集会。(新华社/纽西斯通讯社)
韩美准备军演
韩国国防部称,即将举行的韩美联合军演为每年例行的防御性演习,此次改用新名称“乙支自由之盾”。联合军演期间,韩美双方将综合实施政府演习和军事演练,以提高国家整体作战能力。作为此次联合军演的预备演习,两国军队16日启动了为期4天的危机管理演习。
韩联社报道,此次联合军演不仅将恢复被上届韩国政府缩减的演习规模,还将采用“国家全面战争”概念实施战区级演习。韩国《中央日报》指出,“国家全面战争”意味着可动用所有可用资源和手段进行战斗。
韩国国防部本月初向国会国防委员会提交的工作报告显示,此次联合军演分为两个阶段,分别为第一阶段的击退和防御以及第二阶段的反击。演习期间将重点实施各梯队、各军种参与的联合野外机动训练,以提高联合作战能力,还将依照“有条件地移交战时作战指挥权计划”进行未来韩美联合司令部全面作战能力评估。
韩联社指出,以朝鲜半岛出现紧急情况为背景展开全面战争概念的演习,扩大实际机动演习规模,暗示着演习将具有相当的攻击性。
图为2010年8月17日在韩国京畿道高阳市拍摄的韩军士兵参加韩美“乙支自由卫士”联合军演的资料照片。(新华社发,朴真熙摄)

韩国民众反对
对于此次联合军演,韩国舆论认为,美韩此举渲染“强对强”的军事对抗,很可能将朝鲜半岛再次拖入动荡之中。
韩国民众也强烈反对此次韩美联合军演。8月13日是韩国光复节小长假首日,首尔市中心当天爆发反美、反战集会。集会者要求中断韩美联合军演,并要求“解散韩美同盟,撤走驻韩美军”。据韩国警方估算,当天至少有6000人参加集会。此外,釜山、平泽、群山等美军基地所在地也爆发了反美集会。
集会主要组织者韩国全国民主劳动组合总联盟指出,美国在朝鲜半岛激化军事紧张气氛,煽动分裂,鼓吹南北对峙,妨碍半岛自主统一,是为了实现其侵略性、掠夺性目的。该联盟委员长梁京洙(音)认为,美韩即将举行的大规模联合军演是为“备战”而进行的军演。
韩国民间组织《6•15共同宣言》韩方实践委员会日前也发表声明,敦促美韩两国政府立即中断联合军演,放弃有可能引发军事冲突的对朝敌对性政策,以维护朝鲜半岛和东北亚和平。
韩国汉阳大学亚太地区研究中心前研究教授权起植在接受新华社记者采访时表示,上述反美集会是对目前半岛和平面临危机的警告。
8月13日,市民在韩国首尔市中心观看反美集会。(新华社/纽西斯通讯社)
危害地区安全
朝鲜一直将美韩联合军演视为敌视朝鲜的威胁性举动,要求美韩停止军演。
韩国分析人士认为,韩美举行大规模联合军演无益于通过对话磋商和平解决半岛问题,将危害本地区安全。韩国统一研究院前院长郭台焕指出,站在朝鲜角度,本次演习第二阶段的所谓反击训练就是对朝攻击训练。他强调,这种强势的、非防御性的联合军演对重启对朝对话毫无帮助,只是一剂“毒药”,理应中断。
权起植表示,朝鲜半岛绝不能再次发生战事,韩美两国不应举行引发半岛紧张局势的联合军演,而应努力与朝鲜对话。美国为一己私利采取加剧紧张局势的行动,将世界推向“新冷战”,这不利于世界秩序稳定和各国繁荣合作。