Connect with us

China

တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ ထောက်ခံကြောင်း တရုတ်နိုင်ငံဆိုင်ရာ သံအမတ်များပြောကြား

ပေကျင်း၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပီလိုစီက တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ သွားရောက်ခြင်းအပေါ် တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံအများအပြားမှ သံအမတ်များက တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာထောက်ခံကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုကို ရပ်တန့်ရန် တိုက်တွန်းကြောင်း ပြောကြားခဲ့ကြသည်။

ပီလိုစီ၏ ခရီးစဉ်သည် ပြောင်ပြောင်တင်းတင်း ရန်စမှုလုပ်ရပ်ဖြစ်ကြောင်း တရုတ်နိုင်ငံဆိုင်ရာ ရုရှားသံအမတ် Andrey Denisov က ပြောကြားခဲ့သည်။ အမေရိကန်အနေဖြင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုနှင့် နိုင်ငံတကာလုံခြုံရေးကို ထိခိုက်စေမည့် လုပ်ရပ်မှန်သမျှကို ရပ်တန့်ရန် ၎င်းကတိုက်တွန်းပြောကြားခဲ့သည်။

ရုရှားအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လိုက်နာခြင်း၏ ရပ်တည်ချက်သည် တသမတ်တည်းဖြစ်ပြီး ထိုင်ဝမ်သည် တရုတ်နိုင်ငံ နယ်မြေပိုင်နက်၏ ခွဲခြား၍မရသော တစ်စိတ်တစ်ပိုင်းဖြစ်ရာ “ထိုင်ဝမ် သီးခြားရပ်တည်ရေး” ကြိုးပမ်းမှု ပုံစံအားလုံးကို ဆန့်ကျင်ကြောင်း ၎င်းကဆိုသည်။

ကမ္ဘာပေါ်တွင် တရုတ်တစ်နိုင်ငံတည်းသာရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် တရုတ်တစ်နိုင်ငံလုံးကို ကိုယ်စားပြုသည့် တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်ကြောင်း၊ ပီလိုစီ၏ ခရီးစဉ်သည် တရုတ်နှင့် အမေရိကန်ကြား သံတမန် ဆက်ဆံရေး ထူထောင်ခြင်း ကြေညာချက်ပါ အမေရိကန်၏ ကတိကဝတ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်းဖြစ်သည့်အပြင် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက် ပြည့်စုံရေးကို ချိုးဖောက်ခဲ့ပြီး နိုင်ငံတကာဆက်ဆံရေး၏ အခြေခံစံနှုန်းများကိုလည်း ချိုးဖောက်ခဲ့ကြောင်း ၎င်းကဆိုသည်။

“ထိုင်ဝမ်အရေးဟာ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးသက်သက်သာဖြစ်တဲ့အတွက် တရုတ်နိုင်ငံက နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်နက်ပြည့်စုံမှု ထိန်းသိမ်းဖို့ ထိုင်ဝမ်အရေးမှာ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေဆောင်ရွက်ခြင်းက သင့်လျော်တဲ့အကြောင်းပြချက်ရှိပါတယ်” ဟု Andrey Denisov ကဆိုသည်။
ကျူးဘားနိုင်ငံသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ပြောင်းလဲမှုမရှိ၊ ခြွင်းချက်မရှိ ထောက်ခံပြီး အမေရိကန်၏ ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ ရန်စမှုများသည် မုချကျရှုံးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံဆိုင်ရာ ကျူးဘားသံအမတ် Carlos Miguel Pereira က ပြောကြားခဲ့သည်။

“အမေရိကန်ဘက်မှ ရှင်းရှင်းလင်းလင်းသိသင့်တဲ့အရာက ထိုင်ဝမ်အရေးဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးသက်သက်သာဖြစ်ပြီး အခြားနိုင်ငံက ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိပါဘူး” ဟု ၎င်းကဆိုသည်။

အမေရိကန်ဘက်က ဝေဖန်မှုများကို လက်မခံဘဲ တရုတ်နိုင်ငံမှ တန်ပြန်အရေးယူမှုများ ပြုလုပ်ခြင်းကို ပြစ်တင်ခဲ့ခြင်းသည် အမေရိကန်၏ သုံးလေ့သုံးထရှိသောနည်းလမ်းများပင်ဖြစ်ကြောင်း Pereira က ဆိုသည်။
အမေရိကန်သည် အခြားနိုင်ငံအပေါ် လေးစားပြီး ထိပ်တိုက်ရင်ဆိုင်ဖြစ်ပွားမှုမှ ရှောင်ရှားကာ အပြန်အလှန်ဘုံအကျိုးဖြစ်ထွန်းမှုကို အကောင်အထည်ဖော်သင့်ကြောင်း ၎င်းကတိုက်တွန်းပြောကြားခဲ့သည်။

မော်ရိုကိုနိုင်ငံသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ လိုက်နာပြီး ယင်းမူဝါဒက နှစ်နိုင်ငံကြား ချစ်ကြည်ရေး၏ အခြေခံဖြစ်ရာ မော်ရိုကိုနိုင်ငံသည် ယင်းကိစ္စရပ်နှင့် ပတ်သက်၍ တရုတ်နိုင်ငံကို ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံဆိုင်ရာ မော်ရိုကိုသံအမတ် Aziz Mekouar က ပြောကြားခဲ့သည်။
မော်ရိုကိုနိုင်ငံအနေဖြင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို လေးစားပြီး အခြားနိုင်ငံ၏ ပြည်တွင်းရေးဝင်ရောက်စွက်ဖက်မှုမပြုခြင်းဆိုင်ရာ ရပ်တည်ချက်သည် တသမတ်တည်းဖြစ်ကာ တာဝန်ယူမှုနှင့် ယုံကြည်အားကိုးဖွယ်ရှိကြောင်း ၎င်းကအလေးပေးပြောကြားခဲ့သည်။

မော်ရိုကိုနိုင်ငံသည် မော်ရိုကို-တရုတ် ဆက်ဆံရေးကို အလွန်အလေးထားကြောင်းနှင့် နှစ်နိုင်ငံအကြား နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရန်နှင့် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းသစ်များ ဖန်တီးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဂိုင်ယာနာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် နှစ် ၅၀ ကာလအတွင်း တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အမြဲလိုက်နာကြောင်း တရုတ်နိုင်ငံဆိုင်ရာ ဂိုင်ယာနာသံအမတ် Anyin Choo က ပြောကြားခဲ့သည်။

ဂိုင်ယာနာနိုင်ငံသည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှု ထိန်းသိမ်းခြင်းအတွက် လုပ်ဆောင်သည့် ခိုင်မာသော အစီအမံများကို ထောက်ခံပြီး အမေရိကန်နိုင်ငံ အနေဖြင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာဆက်ဆံရေး အခြေခံစံနှုန်းများကို လက်တွေ့ကျကျ လေးစားရန် မျှော်လင့်ကြောင်း ၎င်းကဆိုသည်။
အာဂျင်တီးနားနိုင်ငံသည် တရုတ်နိုင်ငံနှင့် အမြဲအတူရှိနေမည်ဖြစ်ပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ လိုက်နာကြောင်း တရုတ်နိုင်ငံဆိုင်ရာ အာဂျင်တီးနား သံအမတ်ကြီး Sabino Vaca Narvaja က ပြောကြားခဲ့သည်။ ပီလိုစီ၏ ထိုင်ဝမ်ခရီးစဉ်သည် တရုတ်နိုင်ငံအပေါ် ရန်စမှုဖြစ်သည့်အပြင် ဒေသတွင်းနှင့် ကမ္ဘာအထိပါ မတည်မငြိမ်မှုများ ဖြစ်ပေါ်‌စေကြောင်း ၎င်းကဆိုသည်။

ဆော်ဒီအာရေးဗျနိုင်ငံသည် နိုင်ငံအသီးသီး၏ အချုပ်အခြာအာဏာကို လေးစားပြီး အခြားနိုင်ငံ၏ ပြည်တွင်းရေးအားဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်သော မူဝါဒသည် ရှင်းလင်းပြတ်သားပြီး တသမတ်တည်းဖြစ်ကြောင်းနှင့် ဆော်ဒီအာရေးဗျသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ ထောက်ခံကြောင်း တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီး Abdul Rahman Al-Harbi က ပြောကြားခဲ့သည်။ (Xinhua)

…………………………………
(Chinese Version)
多国驻华大使:坚定支持一个中国原则
新华社记者许可、高春霄、刘阳
针对美国国会众议长佩洛西窜访中国台湾地区一事,近日,多国驻华大使重申坚定支持一个中国原则,敦促美方停止干涉中国内政。
俄罗斯驻华大使杰尼索夫表示,佩洛西窜访是公然的挑衅行为。他呼吁美方停止任何破坏地区稳定与国际安全的行径。
他表示,俄罗斯的原则立场是一贯的,俄方恪守一个中国原则,承认台湾是中国领土不可分割的一部分,反对任何形式的“台独”。世界上只有一个中国,中华人民共和国政府是代表全中国的唯一合法政府。佩洛西窜访公然违背了美方在中美建交公报中的承诺,侵犯了中国主权和领土完整,也违反了国际关系基本准则。
“台湾问题纯属中国内政,中方有充分正当的理由在台湾问题上采取必要措施,维护国家主权和领土完整。”杰尼索夫说。
古巴驻华大使佩雷拉表示,古巴坚定不移、无条件地支持一个中国原则,美方在台湾问题上的挑衅注定失败。“美国必须清楚认识到,台湾问题纯属中国内政,其他国家无权干涉。”
针对美方倒打一耙指责中方采取的反制措施,佩雷拉表示,这是美方试图推卸责任的惯用伎俩,美方应切实做到尊重他国、避免对抗,实现互利共赢。
摩洛哥驻华大使阿齐兹•梅库阿尔表示,摩洛哥坚定奉行一个中国政策,这一政策是两国友好关系的基础,摩洛哥将继续在这一问题上支持中国。
他强调,摩洛哥在尊重联合国会员国主权和领土完整以及不干涉内政等问题上的原则立场是一贯的、负责的、可信的、可靠的。摩洛哥高度重视摩中关系,希望两国进一步加强各领域合作,创造新的合作机遇。
圭亚那驻华大使周雅欣表示,圭亚那与中国建交50年来,一直坚定奉行一个中国原则。圭亚那支持中国为维护国家主权和领土完整采取的坚定举措,希望美方切实尊重联合国宪章和国际关系基本准则。
阿根廷驻华大使牛望道表示,阿根廷将永远和中国在一起,坚持一个中国原则。佩洛西窜访是对中国的挑衅,造成地区甚至世界的不稳定。
沙特阿拉伯驻华大使阿卜杜拉赫曼•哈勒比表示,沙特阿拉伯尊重各国主权、反对干涉各国内政的政策是一贯、明确的,沙特阿拉伯坚定支持一个中国原则。(完)