Connect with us

North America

ဘိုင်ဒန်၏ တောင်ကိုရီးယားနှင့် ဂျပန်ခရီးစဉ်က “အသိုက်အဝန်းငယ်” ဖွဲ့ခြင်းပုံစံသစ်ဖြစ်လာ

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်အား ဧပြီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်သည် မေ ၂၀ ရက်မှ ၂၄ ရက်အထိ တောင်ကိုရီးယားနှင့် ဂျပန်သို့ သွားရောက်လည်ပတ်မည်ကြောင်းနှင့် ယခုခရီးစဉ်က ဘိုင်ဒန်စတင်တာဝန်ထမ်းဆောင်ပြီးနောက် ပထမဆုံး အာရှခရီးစဉ်လည်း ဖြစ်သည်။ ၎င်း၏ ဂျပန်ခရီးစဉ်အတွင်း ဘိုင်ဒန်သည် အမေရိကန်၊ ဂျပန်၊ အိန္ဒိယနှင့် သြစတြေးလျ “လေးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှု” ယန္တရား ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ပြီး “အင်ဒို-ပစိဖိတ် စီးပွားရေးမူဘောင်” ကို စတင်တွန်းအားပေး လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ဘိုင်ဒန်၏ ယခုအကြိမ် ခရီးစဉ်သည် မဟာမိတ်ဆက်ဆံရေးပိုမိုခိုင်မာရန်နှင့် “လေးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှု” ယန္တရား ထိပ်သီးအစည်းအဝေးမှတစ်ဆင့် ၎င်းတို့၏ “အင်ဒို-ပစိဖိတ် မဟာဗျူဟာ” ကို အရှိန်မြှင့် တွန်းအားပေးရန် ရည်ရွယ်ကြောင်း သုံးသပ်သူများက ထောက်ပြသည်။ ဘိုင်ဒန်အဆိုပြုထားသည့် “အင်ဒို-ပစိဖိတ် စီးပွားရေးမူဘောင်” က တောင်ကိုရီးယားနှင့် ဂျပန်၌ သံသယများစွာကို ဖြစ်ပေါ်စေကြောင်းနှင့် အမေရိကန်၏ တံခါးပိတ်ပြီး အခြားသူအား ဖယ်ကြဉ်သည့် “အသိုက်အဝန်းငယ်”ဖွဲ့ခြင်း ကြိုးပမ်းမှု အောင်မြင်ရန် ခက်ခဲကြောင်းသုံးသပ်သူများက ဆိုသည်။

“စီးပွားရေးကတ်”ထုတ်ရန် ကြံစည်ခြင်း

ဘိုင်ဒန်၏ ခရီးစဉ်သည် အမေရိကန်နှင့် တောင်ကိုးရီးယား၊ ဂျပန်အကြား အ‌ရေးကြီးသည့်လုံခြံရေးမဟာမိတ်ကို “ထပ်မံအတည်ပြုရန်နှင့် အားဖြည့်ရန်” နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို နက်ရှိုင်းစေမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ အမျိုးသားလုံခြုံရေး အကြံပေး Jake Sullivan က မေ ၁၈ ရက်တွင် အိမ်ဖြူတော်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

၎င်း၏ တောင်ကိုရီးယားခရီးစဉ်အတွင်း ဘိုင်ဒန်သည် တောင်ကိုရီးယားသမ္မတ Yoon Suk-yeol နှင့် တွေ့ဆုံမည်ဖြစ်ပြီး တောင်ကိုရီးယားနည်းပညာနှင့် ထုတ်လုပ်ရေးလုပ်ငန်းမှအကြီးအကဲများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း Sullivan က ပြောခဲ့သည်။

တောင်ကိုးရီးယား ခရီးစဉ်အတွင်း ဘိုင်ဒန်က မြောက်ကိုးရီးယားနှင့် တောင်ကိုရီးယား စစ်ရေးနယ်စပ်‌ဒေသသို့ သွားရောက်မည်မဟုတ်ကြောင်း အမေရိကန် အိမ်ဖြူတော် သတင်းပြန်ကြားရေး အတွင်းရေးမှူး Karine Jean-Pierre က မီဒီယာများသို့ အတည်ပြုပြောကြားခဲ့သည်။ ဂျပန်ခရီးစဉ်အတွင်း ဘိုင်ဒန်သည် ဂျပန်ဝန်ကြီးချုပ် Fumio Kishida နှင့် တွေ့ဆုံမည်ဖြစ်ပြီး နှစ်နိုင်ငံစီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေး ကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဘိုင်ဒန်က အမေရိကန်၊ ဂျပန်၊ အိန္ဒိယနှင့်သြစတြေးလျ “လေးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှု” ယန္တရား ထိပ်သီးအစည်းအဝေး သို့တက်ရောက်ကာ “အင်ဒို-ပစိဖိတ် စီးပွားရေးမူဘောင်” ကို တွန်းအားပေးလုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

ဂျပန်နှင့် အမေရိကန် အစိုးရတို့က စီးပွားရေးနှင့် လုံခြုံရေးကဏ္ဍတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေး အစီအမံများကို နှစ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံမှုအပြီး ပူးတွဲကြေညာချက်တွင် ထုတ်ပြန်ရန် စီစဉ်ထားကြောင်းနှင့် အဆိုပါ ပူးတွဲကြေညာချက်တွင် ပူးပေါင်းတီထွင်မှု နှင့် semiconductors များ ထုတ်လုပ်မှုတွင် အားဖြည့်လုပ်ဆောင်မည့် ကိစ္စရပ်များအပြင် ဒစ်ဂျစ်တယ်ကွန်ရက်နှင့် အာကာသယာဉ်များစသည့် ကာကွယ်ရေးကဏ္ဍသစ်များတွင် ပူးပေါင်းဆောင်ရွက်မှုလည်း ပါဝင်မည်ဖြစ်ကြောင်း ဂျပန်ကျိုဒိုသတင်းဌာနက ဖော်ပြထားသည်။

အမေရိကန်အတွက် ယခုအကြိမ် ဘိုင်ဒန်ခရီးစဉ်၏ ဦးစားပေးကိစ္စရပ်မှာ စီးပွားရေးနှင့် လုံခြုံရေးကိစ္စရပ်များဖြစ်ကြောင်း တောင်ကိုးရီးယား၏ “The Kyunghyang Shinmun” မှ သတင်းဖော်ပြထားသည်။ ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားပြီးနောက် အမေရိကန်၏ သံတမန်လုံခြုံရေးအင်အားသည် ဥရောပတွင် အဓိကနေရာချထားကြောင်း ဤအခြေအနေအောက်တွင် ဘိုင်ဒန်၏ တောင်ကိုရီးယားနှင့် ဂျပန်ခရီးစဉ်က အမေရိကန်၏ “အင်ဒို-ပစိဖိတ် မဟာဗျူဟာ” ကို အရှိန်မြှင့် တွန်းအားပေးလိုသည့် ရည်ရွယ်ချက် ပေါ်လွင်နေကြောင်း Yonhap News Agency က ဖော်ပြထားသည်။

“အသိုက်အဝန်းငယ်” အကြီးအကျယ်ဖွဲ့ခြင်း

ဘိုင်ဒန်အစိုးရက ယခုနှစ် ဖေဖော်ဝါရီတွင် ကာလကြာရှည်စွာ စီစဉ်ထားသည့် “အမေရိကန် အင်ဒို-ပစိဖိတ်” စာရွက်စာတမ်းများကို ထုတ်ပြန်ခဲ့သည်။ အမေရိကန်-အာဆီယံခေါင်းဆောင်များ အစည်းအဝေးကို အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်တွင် မေ ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့ပြီး အစည်းအဝေးကျင်းပစဉ် အမေရိကန်ဘက်က “အင်ဒို-ပစိဖိတ် မဟာဗျူဟာ”ကို ဆက်လက်တွန်းအားပေးပြီး ဒေသတွင်းနိုင်ငံများအကြား တစ်ဖက်တစ်ချက် ထိပ်တိုက်ဖြစ်စေရန် လှုံ့ဆော်လိုသည်။

“အင်ဒို-ပစိဖိတ် မဟာဗျူဟာ” အတွင်း အမေရိကန်က ဒေသတွင်း “လွတ်လပ်ပွင့်လင်းမှု”ကို တွန်းအားပေးမည်ဟု ဆိုသော်လည်း အမှန်တကယ်တွင် “သုံးနိုင်ငံလုံခြုံရေး မဟာမိတ် ဆက်ဆံရေး” “လေးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုယန္တရား” ထူထောင်ကာ အခြားသူအား ဖယ်ကြဉ်သည့် “အသိုက်အဝန်းငယ်” ဖွဲ့နေကြောင်း၊ ဒေသတွင်းလုံခြုံမှု အားကောင်းရန် လုပ်ဆောင်မည်ဟုဆိုပြီး နျူးကလီးယားပျံ့ပွားမှု အန္တရာယ်ကို ဖန်တီးကာ ဒေသတွင်း လုံခြုံရေးကို ဖျက်ဆီးနေကြောင်း၊ ဒေသတွင်း သာယာဝပြောမှုကို မြှင့်တင်မည်ဟုဆိုပြီး ဒေသတွင်းနိုင်ငံများအကြား တစ်ဖက်တစ်ချက် ထိပ်တိုက်ဖြစ်စေရန် လှုံ့ဆော်နေသည်ဟု သုံးသပ်သူများက ထောက်ပြထားသည်။

“အင်ဒို-ပစိဖိတ် စီးပွားရေးမူဘောင်”သည် “အင်ဒို-ပစိဖိတ် မဟာဗျူဟာ” ၏ စီးပွားရေးနယ်ပယ်ရှိ အဆက်အစပ်ဖြစ်သည်။ “အမေရိကန် အင်ဒို-ပစိဖိတ်”စာရွက်စာတမ်းအရ “အင်ဒို-ပစိဖိတ် စီးပွားရေးမူဘောင်” ၏ ရည်ရွယ်ချက်မှာ ပွင့်လင်းသော ဒစ်ဂျစ်တယ်စီးပွားရေးနှင့် နယ်စပ်ဖြတ်ကျော်အချက်အလက် စီမံခန့်ခွဲမှု မူဘောင်အရ ကျန်းမာပြီးလုံခြုံသော ထောက်ပို့ရေး ကွင်းဆက်ကို တွန်းအားပေးရန်နှင့် သက်ဆိုင်ရာနိုင်ငံများနှင့် သန့်ရှင်းသောစွမ်းအင်ကဏ္ဍတွင် ပူးပေါင်းရင်းနှီးမြှုပ်နှံခြင်းဆိုင်ရာ ကုန်သွယ်မှုပုံစံသစ်ကို လုပ်ဆောင်ရန်ဖြစ်ကြောင်း သိရသည်။

အမေရိကန်မှ အဆိုပြုသည့် “အင်ဒို-ပစိဖိတ် စီးပွားရေးမူဘောင်”ကို အဆိုပါဒေသမှ ယုံကြည်လက်ခံမည်မဟုတ်ကြောင်း၊ “လေးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုယန္တရား” က “အင်ဒို-ပစိဖိတ်ဒေသ” လုံခြုံရေးထိန်းသိမ်းမှု ကဏ္ဍတွင် ထိရောက်မှု နည်းပါးနိုင်ကြောင်း အမေရိကန်မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာမှ အာရှရေးရာ အကြီးတန်းဒုတိယဥက္ကဌ Michael J Green က ယူဆသည်။

တောင်ကိုရီးယားနှင့် ဂျပန်မှ “အင်ဒို-ပစိဖိတ် စီးပွားရေးမူဘောင်” တွင် ပါဝင်မည်ဟု ထုတ်ဖော်ပြောကြားထားသော်လည်း လက်ရှိအချိန်အထိ မူဘောင်အတွင်းပါဝင်သည့် အကြောင်းအရာနှင့် လုပ်ငန်းဆောင်ရွက်မှုနည်းလမ်းမှာ ပွင့်လင်းမှုမရှိကြောင်းနှင့် ၎င်း၏အလားအလာမှာ အခက်အခဲများစွာ ရင်ဆိုင်နိုင်ကြောင်း ဂျပန်မီဒီယာက ထောက်ပြထားသည်။ အမေရိကန်သည် ယခုနှစ်နိုဝင်ဘာလတွင် လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပမည့်အပြင်၊ အမေရိကန်၏ ပြည်တွင်း ထောက်ပို့ရေးကွင်းဆက် တည်ငြိမ်မှုမရှိခြင်း၊ လုပ်သားအင်အားမလုံလောက်ခြင်း၊ ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်း၊ ပြည်သူများ မကျေနပ်မှု များပြားခြင်း စသည့်အခြေအနေအောက်တွင် ဘိုင်ဒန်အနေဖြင့် ဤစီးပွားရေးမူဘောင်မှ ရင်ဆိုင်ရမည့် စိန်ခေါ်မှုအတွက် လုံလောက်သောနိုင်ငံရေးနှင့် ငွေကြေးအရင်းအမြစ် ခွဲဝေပေးနိုင်မှုရှိပါသလားဟု The Japan External Trade Organization (JETRO) က မေးခွန်းထုတ်ဖော်ပြထားသည်။ “အင်ဒို-ပစိဖိတ် စီးပွားရေးမူဘောင်”သည် ဈေးကွက်တံခါးဖွင့်မှု၊ အကောက်ခွန်လျှော့ချခြင်းကဲ့သို့သော လက်တွေ့ကျသည့် အချက်များပါရှိသည့် ကုန်သွယ်ရေးသဘောတူညီချက်မဟုတ်ကြောင်း၊ ထို့ကြောင့် အချို့နိုင်ငံများအတွက် ဆွဲဆောင်မှုနည်းပါးကြောင်း ဂျပန်နိုင်ငံတကာကုန်သွယ်ရေးရင်းနှီးမြှုပ်နှံမှု သုတေသနစင်တာမှ သုတေသနဒါရိုက်တာ Toshiki Takahashi က ပြောကြားခဲ့သည်။

ကြံစည်မှု အောင်မြင်ရန် ခက်ခဲခြင်း

တံခါးဖွင့်ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်းမှုသာလျှင် အာရှ-ပစိဖိတ် ပြည်သူများ၏ မျှော်လင့်ချက်ဖြစ်ကြောင်း၊ သို့သော် အမေရိကန်က ကိုယ်ကျိုးအတွက် “အသိုက်အဝန်းငယ်” ဖွဲ့ခြင်းက ယင်းမျှော်လင့်ချက်နှင့် ဆန့်ကျင်နေကြောင်း သုံးသပ်သူများက ထောက်ပြခဲ့သည်။ အမေရိကန်၏ ဤလုပ်ဆောင်မှုများက တောင်ကိုရီးယားနှင့် ဂျပန်တို့တွင် ဆန့်ကျင်မှုအသံများ ထွက်ပေါ်နေပြီဖြစ်ကြောင်း၊ ယခုအကြိမ် “အင်ဒို-ပစိဖိတ် စီးပွားရေးမူဘောင်”ကို အသုံးချကာ အခြားသူအား ဖယ်ကြဉ်သည့် “အသိုက်အဝန်းငယ်”ဖွဲ့ခြင်း ကြိုးပမ်းမှုမှာ အောင်မြင်ရန် ခက်ခဲကြောင်း သုံးသပ်သူများက ဆိုသည်။

တောင်ကိုးရီးယား နိုင်ငံခြားရေးရာအင်စတီကျူ့၏ စီးပွားရေးနှင့် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး သုတေသနဌာန အကြီးအကဲ Kim Yang-hee က အမေရိကန်အနေဖြင့် “အင်ဒို-ပစိဖိတ် စီးပွားရေးမူဘောင်”ကို တစ်ဖက်သတ် ထူထောင်ရန် ကြိုးပမ်းပါက အာဆီယံ၏ ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံရေးသဘောတူညီချက် (RCEP) အပေါ် သက်ရောက်မှုရှိနိုင်ကြောင်း ပြောကြားခဲ့သည်။ ယင်းအခြေအနေသို့ ရောက်ရှိပါက ဘိုင်ဒင်အစိုးရ၏ အာဆီယံလမ်းစဉ်ကို အလေးထားခြင်းနှင့် အာဆီယံဒေသတွင်းရေးရာကို လေးစားခြင်းဟူသော ကတိကဝတ်နှင့် ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

တောင်ကိုးရီးယား အရှေ့အာရှသုတေသနဌာနမှ ဒါရိုက်တာ Woo Su Keunက “စစ်အေးခေတ် အတွေးအခေါ်” သည် ခေတ်နောက်ကျနေပြီဖြစ်သော်လည်း ထိပ်တိုက်ရင်ဆိုင်မှု လှုံ့ဆော်ရန်နှင့် ပဋိပက္ခများဖန်တီးရန် ကြိုးပမ်းသည့် အချို့နိုင်ငံများက ယင်းအတွေးအခေါ်ကို ကျင့်သုံးနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်က “အင်ဒို-ပစိဖိတ်စီးပွားရေးမူဘောင်” သည် အားလုံးပါဝင်ပြီး လိုက်လျောညီထွေမှုရှိသည်ဟု ဆိုသော်လည်း လက်တွေ့တွင်မူ သီးခြားနိုင်ငံကို ဖယ်ကြဉ်ထားသည်။ ၎င်းမှတစ်ဆင့် အမေရိကန်၏ စစ်မှန်ခြင်းမရှိသည့် အရေခြုံမှုကို ပေါ်လွင်စေသည်။

တိုကျိုတက္ကသိုလ် လူမှုရေးသိပ္ပံသုတေသနဌာနမှ ပါမောက္ခ Tomoo Marukawa က “အင်ဒို-ပစိဖိတ် စီးပွား‌ရေးမူဘောင်” က တရုတ်နှင့် ကုန်သွယ်မှုကို အကန့်အသတ်ဖြစ်စေကြောင်း၊ အဆိုပါမူဘောင်သည် ၎င်း၏အဖွဲ့ဝင်များအတွက် မည်သည့်စီးပွားရေးအကျိုးအမြတ်မှ ရရှိနိုင်မည်မဟုတ်သည့်အပြင် ကုန်သွယ်မှု အတားအဆီးသာ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)
拜登访韩日 搞“小圈子”又有新花样
新华社北京5月19日电(国际观察)拜登访韩日 搞“小圈子”又有新花样
美国总统拜登将于20日至24日先后访问韩国和日本,这是拜登去年1月就职以来的首次亚洲之行。访日期间,拜登还将出席美日印澳“四边机制”峰会,并推出“印太经济框架”。
分析人士指出,拜登此行旨在巩固同盟关系,并继续通过“四边机制”峰会,加快推行其所谓的“印太战略”。拜登此番推出的“印太经济框架”在韩日引发不少质疑声,美国搞封闭排他“俱乐部”图谋注定难以如愿。
(小标题)欲打“经济牌”
美国总统国家安全事务助理沙利文18日在白宫例行记者会上说,拜登此行将有机会“重申并加强”美国与韩日的重要安全同盟,并加深与这两国的经济伙伴关系。
沙利文说,访韩期间,拜登将与韩国总统尹锡悦举行会晤,并与韩国科技界和制造业领袖会面。白宫新闻秘书让-皮埃尔向媒体确认,拜登在韩国期间不会前往朝韩军事分界线地区。访日期间,拜登将与日本首相岸田文雄举行会晤,并就深化两国经济安全领域合作等一系列问题进行磋商。拜登还将出席美日印澳“四边机制”峰会,并推出“印太经济框架”。
日本共同社日前报道,日美两国政府考虑在经济安全保障领域深化合作,并打算在两国领导人会晤后发表联合声明。联合声明除了包括加强合作研发及生产半导体相关事宜外,也将包括在数字网络、航天等新的防务领域加强合作。
韩国《京乡新闻》刊文指出,对美国来说,经济和安保议题是拜登此行的优先议题。韩联社报道认为,俄乌冲突爆发之后,美国的外交安保力量多集中在欧洲,在此背景下拜登出访韩日,凸显美方意欲加快推进其所谓的“印太战略”。
(小标题)大搞“小圈子”
拜登政府今年2月发布酝酿已久的《美国印太战略》文件。本月12日至13日,美国—东盟领导人会议在美首都华盛顿举行,会议期间美国竭力推销其“印太战略”,意欲挑起地区国家间对立。
分析人士认为,在所谓的“印太战略”中,美方声称要推进地区“自由开放”,实际上却通过“三边安全伙伴关系”“四边机制”构建封闭排他的“小圈子”;声称要强化地区安全,实际上却制造严重核扩散风险,破坏地区和平稳定;声称要促进地区繁荣,实际上却挑动地区国家间对立对抗。
“印太经济框架”实质就是“印太战略”在经济领域的延伸。根据《美国印太战略》文件,“印太经济框架”旨在开发新型贸易方式,根据开放原则管理数字经济和跨境数据,促进健康安全的供应链,并与参与国共同投资清洁能源领域。
美国智库战略与国际研究中心负责亚洲事务的高级副总裁迈克尔•格林认为,美国提出“印太经济框架”不会令该地区信服,“四方机制”在维护“印太地区”安全方面的作用也将有限。
尽管韩日已表示将加入“印太经济框架”,但有日本媒体指出,到目前为止该框架的具体内容和运作方法很不透明,其前景或面临诸多难题。日本贸易振兴机构一份报告说,美国今年11月将举行国会中期选举,由于美国国内供应链混乱、劳动力不足、通胀加剧,民众积怨颇多,在此情况下,拜登能否将足够的政治资本分配给这一经济框架将面临严峻考验。日本国际贸易投资研究所研究主管高桥俊树说,“印太经济框架”不是一个含有市场开放、关税减让等实质内容的贸易协定,对部分国家来说吸引力不大。
(小标题)图谋难如愿
分析人士指出,开放合作、互利共赢才是亚太地区人民的共同期待,而美国近期为了一己私利拉帮结派搞“小圈子”,显然与这样的愿望背道而驰。美国的一系列做法在韩日引发反对声浪,此番欲借“印太经济框架”搞封闭排他“俱乐部”的图谋注定难以如愿。
韩国国立外交院经济通商开发研究部负责人金良姬说,如果美国一意孤行地寻求构建“印太经济框架”,将会对由东盟发起并主导的区域全面经济伙伴关系协定(RCEP)形成破坏,这违背了拜登政府所谓重视同盟的路线以及尊重东盟在区域事务中的中心地位的承诺。
韩国东亚研究所所长禹守根表示,“冷战思维”早已过时,但仍有个别国家固守这一思维,企图煽动对立对抗、制造冲突争端。美国声称“印太经济框架”具有包容性和灵活性,但在实际操作中却排除特定国家,此举暴露出美国的虚伪。
东京大学社会科学研究所教授丸川知雄认为,若“印太经济框架”是为了限制与中国的贸易,那这一框架将不会给其成员带来任何经济利益,而只会限制贸易。他认为,加入其中的国家会很少,这一框架对地区经济的影响也将有限。(参与记者:邓仙来、姜俏梅、刘春燕、陆睿、孙一然)(完)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.