Connect with us

Europe

ငွေစာရင်းရှင်းတမ်း ကန့်သတ်ကာလ နီးကပ်လာသည်နှင့်အမျှ “ရုရှားသဘာဝဓါတ်ငွေ့ (Gazprom) ” အသုံးပြုသူ ထက်ဝက်က ရူဘယ်ငွေအကောင့် ဖွင့်လှစ်လာကြ

ရုရှားနိုင်ငံ မော်စကိုမြို့တွင် ရူဘယ်ငွေသားနှင့်အကြွေစေ့များအား ဧပြီ ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ မေ ၂၀ ရက်(ဆင်ဟွာ)

ရုရှား သဘာဝဓါတ်ငွေ့လုပ်ငန်း ကုမ္ပဏီ Gazprom နှင့် သဘာဝဓါတ်ငွေ့ ပေးပို့ရန် စာချုပ်ချုပ်ဆိုထားသော ကုမ္ပဏီလုပ်ငန်း ၅၄ ခုတွင် ထက်ဝက်ခန့်က ရုရှား ရူဘယ်ငွေဖြင့် စာရင်းရှင်းတမ်းပြုအကောင့်များ ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း ရုရှား ဒုတိယ ဝန်ကြီးချုပ် Alexander Novak က မေ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ရုရှား သဘာဝဓါတ်ငွေ့လုပ်ငန်း ကုမ္ပဏီ Gazprom ၏ အမှတ်တံဆိပ်အား ဧပြီ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဥရောပကော်မရှင် ဥက္ကဋ္ဌ von der Leyenအား ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ဥရောပကော်မရှင် ရုံးချုပ်တွင် အမှာစကားပြောကြားနေသည် မေ ၁၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

“ငွေပေးချေဖို့ သတ်မှတ်ကာလရောက်တော့မှာ ဖြစ်တယ်။ … အခုအခြေအနေက လုပ်ငန်းကြီးအချို့အကောင့်ဖွင့်ထားတယ်၊ သဘာဝဓါတ်ငွေ့ ငွေပေးချေဖို့ ဒါမှမဟုတ် သတ်မှတ်ချိန်မှာပေးချေဖို့ ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ လာမယ့်ရက်ပိုင်းတွေမှာတော့ ဘယ်သူတွေက ရူဘယ်နဲ့စာရင်းရှင်းတမ်းလုပ်ပြီး ဘယ်သူတွေက ငွေပေးချေဖို့ ငြင်းဆိုကြသလဲဆိုတာ ကျွန်တော်တို့ သိရတော့မှာပါ”ဟု Alexander Novak က ဖိုရမ်တစ်ခုတွင် ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၄ ရက်မှစ၍ ရုရှား-ယူကရိန်း ပဋိပက္ခ အရှိန်မြင့်တက်လာပြီးနောက် အမေရိကန်၊ ဥရောပသမဂ္ဂ (EU) စသည့်နိုင်ငံများက ရုရှားအပေါ် စီးပွားရေးပိတ်ဆို့မှုများ ထပ်တိုး လုပ်ဆောင်ခဲ့သည်။ ထို့နောက်မကြာမီ မတ် ၃၁ ရက်တွင် ရုရှားနိုင်ငံ သမ္မတ ဗလာတီမာ ပူတင်က “ချစ်ကြည်ရင်းနှီးမှုမရှိသော” နိုင်ငံနှင့် ဒေသများ၏ သဘာဝဓာတ်ငွေ့ကုန်သွယ်ရေးကို ရူဘယ်ငွေဖြင့် တွက်ချက်ရန် သမ္မတအမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါအမိန့်အရ “ချစ်ကြည်ရင်းနှီးမှုမရှိသော” နိုင်ငံနှင့်ဒေသများမှ ဝယ်ယူသုံးစွဲသူများက ရုရှားဘဏ်တွင် နိုင်ငံခြားငွေအကောင့်တစ်ခုနှင့် ရူဘယ်ငွေအကောင့်တစ်ခုဖွင့်ရမည် ဖြစ်ပြီး ဥရောပတိုက်၏ ဝယ်ယူသူများက ငွေစာရင်းရှင်းတမ်းမပြုမီ ၄၈ နာရီအတွင်း ငွေကြေးလဲလှယ်ရမည် ဖြစ်သည်။ ယင်းသတ်မှတ်ချက်အသစ်က ဧပြီလ သဘာဝဓါတ်ငွေ့ကုန်ကျငွေတွင် စတင်အကျုံးဝင်မည် ဖြစ်သည်။
ထိုမတိုင်မီက Gazprom သည် ဥရောပသမဂ္ဂ(EU)ဒေသများရှိ ဝယ်ယူသုံးစွဲသူအားလုံးနီးပါးကို ယူရိုငွေ သို့မဟုတ် အမေရိကန်ဒေါ်လာဖြင့် စာရင်းရှင်းတမ်းပြုလုပ်ခြင်းဖြစ်သည်။

ပိုလန်နှင့်ဘူလ်ဂေးရီးယား နိုင်ငံက ရူဘယ်ငွေဖြင့် စာရင်းရှင်းတမ်းပြုရန် ငြင်းဆိုသည့်အတွက် ဓါတ်ငွေပေးပို့မှုကို ရပ်ဆိုင်းလိုက်ကြောင်း ရုရှား သဘာဝဓါတ်ငွေ့ကုမ္ပဏီ Gazprom က ဧပြီ ၂၇ ရက်တွင် ကြေညာခဲ့သည်။ ၎င်းနှစ်နိုင်ငံသည် “ရူဘယ်ငွေ စာရင်းရှင်းတမ်းအမိန့်”အသက်ဝင်ပြီးနောက် သဘာဝဓာတ်ငွေ့ပေးပို့မှု ပထမဆုံးအသုတ် ရပ်ဆိုင်းခံရသော ဥရောပတိုက်နိုင်ငံများ ဖြစ်သည်။

မေ ၂၀ ရက်မှစပြီး ဥရောပစွမ်းအင်ကုမ္ပဏီလုပ်ငန်းအများအပြားသည် ဧပြီလ သဘာဝဓါတ်ငွေကုန်ကျစရိတ်အား ရုရှားသို့ ပေးရမည့် နောက်ဆုံးကာလသို့ ရောက်ရှိလာမည် ဖြစ်သည်။

ယခုရက်ပိုင်းများတွင် ဥရောပတိုက် အဓိက စွမ်းအင်လုပ်ငန်းအချို့က ရူဘယ်ငွေဖြင့် စာရင်းရှင်းတမ်းပြုလုပ်ရန် လျင်မြန်စွာ ဆောင်ရွက်လျက်ရှိသည်။ အီတလီနိုင်ငံ Eni ကုမ္ပဏီက ရုရှားဘဏ်တွင် အကောင့်ဖွင့်လှစ်ပြီး ဖြစ်ကြောင်း ပြောခဲ့သည်။ ဂျာမနီနိုင်ငံ၏ ရုရှားသဘာဝဓါတ်ငွေ တင်သွင်းမှု အများဆုံးဖြစ်သည့် Uniper ကုမ္ပဏီက ရုရှားဘဏ်သို့ ဥရောပငွေ လွှဲပေးနေကြောင်း ပြောကြားခဲ့သလို ပြင်သစ် Engie Group ကလည်း လကုန်မတိုင်မီ ငွေစာရင်းရှင်းတမ်းများ ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆိုသည်။
ဖင်လန်နိုင်ငံ Gasum ကုမ္ပဏီက ရူဘယ်ငွေစာရင်းရှင်းတမ်းအမိန့်ကို လိုက်နာရန် စီစဉ်ထားခြင်းမရှိကြောင်းနှင့် ယခုရက်သတ္တပတ်အတွင်း ဤအငြင်းပွားမှုအတွက် ခုံသမာဓိတွင် စီရင်ဆုံးဖြတ်ရန် တိုင်ကြားသွားမည်ဟု ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂ (EU) အနေဖြင့် ရုရှားအပေါ် ပိတ်ဆို့အရေးယူရေး လမ်းညွှန်အကြုံပြုချက်တွင် ရုရှား၌ ရူဘယ်ငွေအကောင့် ဖွင့်လှစ်ခြင်းက ပိတ်ဆို့အရေးယူမှုများကို ချိုးဖောက်ခြင်း ဖြစ်မဖြစ်ကို ရှင်းလင်းစွာ ရေးသားထားခြင်း မရှိကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြထားသည်။ အကယ်၍ နိုင်ငံတစ်နိုင်ငံ၏ ကုမ္ပဏီလုပ်ငန်းက ပိတ်ဆို့အရေးယူမှုများကို ဖောက်ဖျက်လျှင် ဥရောပသမဂ္ဂ (EU) က ယင်းနိုင်ငံအစိုးရကိုသာ မေးမြန်းတာဝန်ယူခိုင်းရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုမတိုင်မီ သတင်းအရင်းအမြစ်တစ်ခုက ရူဘယ်ငွေစာရင်းရှင်းတမ်းအမိန့်အရ ရုရှား သဘာဝဓါတ်ငွေ့ ဝယ်ယူအသုံးပြုသူများအနေဖြင့် ရုရှား GazpromBank တွင် နိုင်ငံခြားငွေဖြင့် စာရင်းရှင်းတမ်းပြုလျှင် အရောင်းအဝယ်ဖြစ်မြောက်ကြောင်း ၊ ထို့နောက် ဘဏ်အနေဖြင့် ယင်းနိုင်ငံခြားငွေများကို ရူဘယ်ငွေအဖြစ်သို့ အလိုအလျောက် ပြောင်းလဲမည် ဖြစ်ရာ ယင်းလုပ်ငန်းစဉ်တွင် ရုရှားဗဟိုဘဏ်ကို ဖြတ်သန်းစရာမလိုအပ်ကြောင်း ၊ ထို့ကြောင့် ဥရောပသမဂ္ဂ (EU) ၏ ရုရှားအပေါ် သက်ဆိုင်ရာပိတ်ဆို့မှုများကို ချိုးဖောက်ရာလည်း မရောက်ကြောင်း ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂ (EU) အသုံးပြုသော သဘာဝဓာတ်ငွေ့ ၄၀ ရာခိုင်နှုန်းသည် ရုရှားမှ ဖြစ်သည်။ ယခုနှစ်အတွင်း ရုရှားသဘာဝဓာတ်ငွေ့အသုံးပြုရန်လိုအပ်ချက်ကို သုံးပုံနှစ်ပုံ လျှော့ချသွားရန် စီစဉ်ထားကြောင်း ထိုမတိုင်မီ ဥရောပသမဂ္ဂ (EU) က ကြေညာခဲ့သည်။ (Xinhua)

…………………………………………..
(Chinese Version)
支付期限临近 半数“俄气”用户开设卢布账户
2022-05-20 10:38:10 分类: 行业经济
图片轮播
新华社北京5月20日电 俄罗斯副总理亚历山大•诺瓦克19日说,与俄罗斯天然气工业股份公司(俄气)签有供气合约的54家企业中,大约一半已经开设俄罗斯货币卢布的付款账户。
诺瓦克在一个论坛上说:“付款期限要到了……现在的情况是,一些大企业已经开户,支付(天然气账单),或者是准备好按时交费。接下来几天,我们就能知道,谁用卢布支付,谁拒绝支付。”
俄罗斯与乌克兰冲突2月24日升级以来,美国、欧洲联盟等对俄罗斯施加多项经济制裁。俄总统弗拉基米尔•普京继而于3月31日签署与“不友好”国家和地区以卢布进行天然气贸易结算的总统令。
依照这一命令,“不友好”国家和地区的客户须在俄银行开设一个外币账户和一个卢布账户,欧洲客户要在支付前48小时内完成货币转换。新规从客户支付4月供气费用开始适用。
在此之前,俄气位于欧盟地区的几乎所有客户都用欧元或美元结算。
俄气4月27日宣布,由于波兰和保加利亚拒绝以卢布结算,停止向这两国供气。两国由此成为“卢布结算令”生效后首批被停气的欧洲国家。
从5月20日开始,不少欧洲能源企业将陆续迎来交纳4月俄方供气费用的最后期限。
近几天,欧洲几家主要能源企业均在加紧用卢布向俄方支付费用。意大利埃尼公司表示已经在俄银行开户。德国最大的俄罗斯天然气进口商尤尼珀公司说正在向俄银行账户汇欧元。法国昂吉集团表示,将在月底前完成支付。
芬兰能源供应商加苏姆公司则表示不打算遵守卢布结算令,本周将把双方结算纠纷诉诸仲裁。
据路透社报道,欧盟发给成员国关于如何遵守对俄制裁的指导建议中,没有清楚写明在俄开设卢布账户是否违反制裁措施。如果一国企业违反制裁,欧盟的问责对象是该国政府。
有消息人士先前表示,依据卢布结算令,俄气客户向俄罗斯天然气工业银行支付外币后,双方交易就算结束。接下来,银行方面把这些外币自动换成卢布,并且这一过程不经由俄罗斯中央银行,因此没有违反欧盟对俄相关制裁。
欧盟所使用的天然气约40%进口自俄罗斯。欧盟此前宣布,计划把今年以内对俄天然气需求减少三分之二。(郭倩)
1. 这是4月2日在俄罗斯首都莫斯科拍摄的卢布纸币和硬币。新华社记者白雪骐摄
2. 这是4月28日在俄罗斯首都莫斯科拍摄的俄罗斯天然气工业股份公司标识。新华社发(亚历山大摄)

3. 5月18日,欧盟委员会主席冯德莱恩在比利时布鲁塞尔的欧盟委员会总部发言。欧盟委员会18日发布一份投资计划,总额约3000亿欧元,希望今后几年多措并举,减少对俄罗斯化石燃料的依赖,并借机加快向清洁能源转型。新华社记者郑焕松摄