Connect with us

China

နိုင်ငံတကာအဖွဲ့အစည်း၌ ထိုင်ဝမ်ဒေသ ပါဝင်လှုပ်ရှားမှုက “တရုတ်တစ်နိုင်ငံတည်း မူဝါဒ”ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ မေ ၂၀ ရက်(ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၌ ထိုင်ဝမ်ဒေသ ပါဝင်လှုပ်ရှားမှုက တရုတ်တစ်နိုင်ငံတည်း မူဝါဒဖြင့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက မေ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

ယင်းနေ့တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တစ်ဦးက “ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တွင် ထိုင်ဝမ်ကို လေ့လာသူအဖြစ် မေလမှာ ကျင်းပမယ့် ၇၅ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညီလာခံ (WHA) ပါဝင်ရန် အမေရိကန်က အထူးအဆိုပြုထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က မေ ၁၈ ရက်မှာ ကြေညာချက်ထုတ်ပြန်ပြောကြားခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ အဲဒီအပေါ် တရုတ်နိုင်ငံအနေဖြင့် ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ” ဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ထို့အပေါ် ကျောက်လိကျန်းက ကမ္ဘာတွင် တရုတ်နိုင်ငံ တစ်နိုင်ငံတည်းသာရှိပြီး ထိုင်ဝမ်သည် တရုတ်နိုင်ငံပိုင်နက်နယ်မြေ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၌ ထိုင်ဝမ်ဒေသ ပါဝင်လှုပ်ရှားမှုက တရုတ်တစ်နိုင်ငံတည်း မူဝါဒဖြင့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂအထွေထွေညီလာခံ(UNGA) ၏ ဆုံးဖြတ်ချက် အမှတ် ၂၇၅၈ တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ ကိုယ်စားလှယ်သည် ကုလသမဂ္ဂရှိ တရုတ်နိုင်ငံ၏ တစ်ခုတည်းသော တရားဝင် ကိုယ်စားလှယ်ဖြစ်ကြောင်း အတည်အလင်း ဖော်ပြထားသလို၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညီလာခံ ဆုံးဖြတ်ချက် အမှတ် ၂၅.၁ တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရကိုယ်စားလှယ်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရှိ တရုတ်နိုင်ငံ၏ တစ်ခုတည်းသော တရားဝင်ကိုယ်စားလှယ်ဖြစ်ကြောင်း အတိအလင်း အသိအမှတ်ပြုထားခြင်း ဖြစ်ကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့သည်။
“အဆိုပါ ဆုံးဖြတ်ချက် နှစ်ရပ်မှာ အတည်ပြုထားတဲ့ ‘တရုတ်တစ်နိုင်ငံတည်း မူဝါဒ’ က နိုင်ငံတကာအသိုက်အဝန်းရဲ့ ထောက်ခံမှု ၊အများဆန္ဒဖြစ်မှု၊ ပြောင်းလဲလို့မရသောအခြေအနေရှိမှုကို ငြင်းပယ်လို့မရသလို တားဆီးလို့လည်း မရဘူး ”ဟု ၎င်းက ဆိုသည်။

တရုတ်နိုင်ငံ ဗဟိုအစိုးရအနေဖြင့် ထိုင်ဝမ်သွေးချင်းများ၏ ကျန်းမာရေးအကျိုးစီးပွားကို အထူးအလေးထားရာ တရုတ်တစ်နိုင်ငံတည်း မူဝါဒနှင့် ကိုက်ညီသည့်အခြေအနေတွင် ကမ္ဘာ့ကျန်းမာရေးကဏ္ဍ၌ ထိုင်ဝမ်ဒေသ ပါဝင်ရန် သင့်လျော်ကောင်းမွန်စွာ စီစဉ်ထားပြီး ဖြစ်ကြောင်း ၊ ထိုင်ဝမ်အနေဖြင့် သက်ဆိုင်ရာသတင်းအချက်အလက်များ သိရှိရန်၊ နိုင်ငံတကာကပ်ရောဂါတိုက်ဖျက်ရေးလမ်းကြောင်းတွင် ပါဝင်ရန် အဆင်ပြေချောမွေမှုရှိကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့သည်။

အမေရိကန်ဘက်က တရုတ်တစ်နိုင်ငံတည်းမူဝါဒနှင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ စောင်၏သတ်မှတ်ချက်ကို လိုက်နာစောင့်ထိန်းသင့်ပြီး နိုင်ငံတကာဥပဒေနှင့်နိုင်ငံတကာ ဆက်ဆံရေးအခြေခံမူကို လေးစားလိုက်နာသင့်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးညီလာခံ(WHA)တွင် ထိုင်ဝမ်အရေး ပုံကြီးချဲ့မှုကို ရပ်တန့်ရမည် ဖြစ်ကြောင်း ၊ “ထိုင်ဝမ်ကို ဖဲချပ်အဖြစ် အသုံးချမှု”၊ “ထိုင်ဝမ်ဖြင့် တရုတ်နိုင်ငံကို တားဆီးရန်”ကြံစည်မှု မှန်သမျှသည် နိုင်ငံတကာအသိုက်အဝန်း အများစုအဖွဲ့ဝင်များ၏ ခိုင်မာစွာ ဆန့်ကျင်ကန့်ကွက်ခြင်းကို ခံရမည် ဖြစ်ပြီး အရှုံးဖြင့်သာ အဆုံးသတ်မည်ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

……………………………………………
(Chinese Version)
外交部:台湾地区参与国际组织活动问题必须按照一个中国原则处理
2022-05-19 19:02:46
新华社北京5月19日电(记者朱超)外交部发言人赵立坚19日表示,台湾地区参与国际组织包括世界卫生组织活动问题,必须按照一个中国原则来处理。
当日例行记者会上,有记者问:据报道,美国国务卿布林肯18日发表声明称,美强烈倡议世界卫生组织邀请台湾作为观察员,参加5月举行的第75届世界卫生大会。中方对此有何评论?
赵立坚说,世界上只有一个中国,台湾是中国领土不可分割的一部分,台湾地区参与国际组织包括世界卫生组织活动问题,必须按照一个中国原则来处理。他表示,联大第2758号决议明确承认中华人民共和国政府的代表是中国在联合国的唯一合法代表;世界卫生大会25.1号决议明确承认,中华人民共和国政府的代表是中国在世界卫生组织的唯一合法代表。“上述两个决议确认的一个中国原则得到国际社会普遍支持,是人心所向,大势所趋,不容否认也不可阻挡。”
赵立坚表示,中国中央政府高度重视台湾同胞的健康福祉,在符合一个中国原则前提下,已经对台湾地区参与全球卫生事务作出妥善安排。台湾了解有关信息、参与国际抗疫的渠道是畅通的。
他说,美方应恪守一个中国原则和中美三个联合公报规定,遵守国际法和国际关系基本准则,停止借世卫大会炒作涉台问题。任何打“台湾牌”、搞“以台制华”图谋必将遭到国际社会绝大多数成员的坚决反对,注定以失败告终。(完)

Photo taken on July 21, 2019 from Xiangshan Mountain shows the Taipei 101 skyscraper in Taipei, southeast China’s Taiwan. (Xinhua/Zhu Xiang)