Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Mazar-I-Sharif မြို့တွင် ပေါက်ကွဲမှုဖြစ်ပွား၊ ၃ ဦး ဒဏ်ရာရ

အာဖဂန်နစ္စတန်နိုင်ငံ Mazar-i-sharif မြို့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သောနေရာ၌ အာဖဂန် လုံခြုံရေးတပ်ဖွဲ့ဝင်များအား မေ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

MAZAR-I-SHARIF ၊ အာဖဂန်နစ္စတန်၊ မေ ၂၀ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Balkh ပြည်နယ် မြို့တော် Mazar-i-Sharif မြို့တွင် မေ ၁၉ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ Mazar-i-sharif မြို့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သောနေရာ၌ အာဖဂန် လုံခြုံရေးတပ်ဖွဲ့ဝင်များအား မေ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ Mazar-i-sharif မြို့တွင် မော်တော်ယာဉ်တစ်စီး ပျက်စီးနေသည်ကို မေ ၁၉ ရက်က တွေ့ရစဉ် နေစဉ် (ဆင်ဟွာ)

ဒဏ်ရာရသူများမှာ အမျိုးသားစစ်တပ်၏ 209 Al-Fath တပ်မကြီးရှိ “အရပ်ဘက်ဝန်ထမ်း” များ ဖြစ်ပြီး ၎င်းတို့အားလုံးကို စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူက ဆိုသည်။

အဆိုပါ ပေါက်ကွဲမှုသည် နံနက်ခင်း လူသွားလူလာများပြားချိန်၌ ယင်းတပ်မကြီး၏ အရပ်ဘက်ဝန်ထမ်းများ လိုက်ပါလာသော မီနီဘတ်စ်ကားအား ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Mohammad Asif Waziri က ပြောခဲ့သည်။
ပေါက်ကွဲမှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့ သို့မဟုတ် မည်သူ၏ လက်ချက်မှန်း မသိရသေးချေ။ (Xinhua)

………………………………………………
(English Version)
3 injured as blast hits Afghanistan’s northern Mazar-I-Sharif city
Source: Xinhua| 2022-05-19 14:05:12|Editor: huaxia
MAZAR-I-SHARIF, Afghanistan, May 19 (Xinhua) — At least three people sustained injuries due to a blast that rocked Mazar-i-Sharif city, the capital of northern Balkh province, on Thursday, an official said.
On condition of anonymity, the official said the victims are “civilian employees” of 209 Al-Fath Corps of the national army, and all the injured persons had been taken to a military hospital.
In the meantime, provincial police spokesman Mohammad Asif Waziri said the blast targeted a mini-bus of civilian employees of the corps in the morning rush hour.
No group or individual has claimed responsibility. ■

Photo 1 : Afghan security force members stand guard at the scene of a blast in Mazar-i-sharif, Afghanistan, May 19, 2022. (Photo by Kawa Bashart/Xinhua)
Photo 2 : Afghan security force members stand guard at the scene of a blast in Mazar-i-sharif, Afghanistan, May 19, 2022. (Photo by Kawa Bashart/Xinhua)
Photo 3 : Photo taken on May 19, 2022 shows a vehicle destroyed in a blast in Mazar-i-Sharif, Afghanistan. (Photo by Kawa Bashart/Xinhua)