Connect with us

Europe

ဥရောပတိုက်တွင် အပူလှိုင်း ဆက်လက်ရိုက်ခတ်နေ ၊ မြင့်မားသည့်အပူချိန်၏ သက်ရောက်မှုက အနာဂတ် ဆယ်စုနှစ်ချီကာလများအထိ ရှိမည်ဟု ကမ္ဘာ့မိုးလေဝသအဖွဲ့က ပြောကြား

ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့၌ ရေငွေ့ဖြင့် အအေးခံနေကြသူများကို ဇူလိုင် ၁၉ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

လက်ရှိတွင် ဥရောပတိုက်၌ အပူလှိုင်းရိုက်ခတ်မှုက လာမည့်ရက်သတ္တပတ်အထိ ဆက်တိုက်ရှိနေမည်ဖြစ်ရာ မြင့်မားသည့်အပူချိန် စသည့် ဥတုရာသီပြောင်းလဲမှုကြောင့် ဖြစ်ပေါ်သော အနုတ်သဘောသက်ရောက်မှုသည် အနည်းဆုံး ၂၀၆၀ ပြည့်နှစ်များအထိ ရှိမည်ဖြစ်ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့(WMO)က ဇူလိုင် ၁၉ ရက်တွင် ပြောကြားခဲ့သည်။ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မိတ်ဖက်နိုင်ငံနှင့်ဒေသအဆင့်၏ပုံစံကိုကြည့်မည်ဆိုလျှင် ဥရောပတိုက်၏ လက်ရှိအပူလှိုင်းသည် လာမည့် သီတင်းပတ်အလယ်လောက်မှအဆုံးသတ်နိုင်မည်ဖြစ်ကြောင်း WMO အသုံးချရာသီဥတု ဝန်ဆောင်မှုဆိုင်ရာဌာန အကြီးအကဲ Robert Stefanski က ဇူလိုင် ၁၉ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့၌ ရေငွေ့ဖြင့် အအေးခံနေကြသူများကို ဇူလိုင် ၁၉ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့Trafalgar ရင်ပြင် ရေပန်းအနီးတွင် လေညင်းခံနေသူများအား ဇူလိုင် ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

WMO အထွေထွေအတွင်းရေးမှူး Petteri Taalas က ဗြိတိန်နိုင်ငံ၌ ဒေသစံတော်ချိန် ဇူလိုင် ၁၉ ရက် ၁၁ နာရီတွင် သမိုင်းတစ်လျှောက် အမြင့်ဆုံးအပူချိန်အဖြစ် ၃၉.၁ ဒီဂရီစင်တီဂရိတ် ရှိခဲ့ရာ ယင်းနေ့ညပိုင်းတွင် ၄၀ ဒီဂရီ စင်တီဂရိတ်ကျော် ရှိနိုင်မည်ဟု ခန့်မှန်းရကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဥတုရာသီပြောင်းလဲမှုများကြောင့် စံချိန်သစ်တင်အမြင့်ဆုံးအပူချိန်များနှင့်အပူလှိုင်းများက မကြာခဏဖြစ်ပေါ်လာကြောင်း Taalas က ပြောကြားခဲ့သည်။ မိုးလေဝသဌာန၏ ကိန်းဂဏန်းများအရ လက်ရှိပမာဏအတိုင်းအတာရှိသည့် အပူလှိုင်းသည် လာမည့် ဆယ်စုနှစ်ချီကာလများအထိ မကြာခဏဖြစ်ပွားမည်ဖြစ်ပြီး ဥတုရာသီပြောင်းလဲမှု၏ အနုလက္ခဏာသက်ရောက်မှုက အနည်းဆုံး ၂၀၆၀ ပြည့်နှစ်များအထိ ရှိမည်ဖြစ်ရာ ၎င်းမှာ လူများ၏ ဥတုရာသီပြောင်းလဲမှုလျှော့ချရေးကဏ္ဍရလဒ်အောင်မြင်မှုနှင့်သက်ဆိုင်မှုမရှိကြောင်း သိရသည်။

အစွန်းရောက် အပူချိန်မြင့်မားသော ရာသီဥတုက လူသားမျိုးနွယ်တို့၏ ကျန်းမာရေးအပြင် လယ်ယာကဏ္ဍအပေါ် အနုတ်လက္ခဏာသက်ရောက်မှုများ ရှိလာနိုင်မည် ဖြစ်ရာ လက်ရှိ ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် ဖြစ်ရသော လယ်ယာသီးနှံအထွက်နည်းပါးခြင်းအပေါ် ပို၍ထပ်လောင်းဆိုးဝါးလာစေနိုင်ကြောင်း WMO အထွေထွေအတွင်းရေးမှူးက သတိပေးပြောကြားခဲ့သည်။ (Xinhua)

——————-
(Chinese Version)
(科技)世界气象组织:欧洲热浪仍将持续 高温影响未来数十年

2022-07-20 05:49:21 分类: 科学技术
新华社日内瓦7月19日电(记者刘曲)世界气象组织19日表示,当前正席卷欧洲的热浪将持续至下周,高温等气候变化的负面影响将至少持续至本世纪60年代。
世界气象组织应用气候服务主管罗伯特·斯特凡斯基19日在瑞士日内瓦举行的新闻发布会上表示,从合作伙伴在国家和区域一级的所有模型来看,欧洲当前的热浪可能要到下周中期才会结束。
世界气象组织秘书长彼得里·塔拉斯在发布会上表示,当地时间19日11时,英国达到39.1摄氏度的历史最高温度,预计当天晚些时候会超过40摄氏度。
塔拉斯说,由于气候变化,新的高温纪录和热浪正变得越来越频繁。据气象组织数据,当前规模和程度的热浪在未来几十年中会越来越频繁,气候变化的负面趋势将至少持续到本世纪60年代,这与人们在减缓气候变化方面取得的成功无关。
塔拉斯警告说,极端高温天气除严重影响人类健康外,还将对农业活动产生进一步负面影响,加剧当前因俄乌冲突引起的严重农作物减产。(完)
1,2. 7月19日,在匈牙利布达佩斯,人们在一处公共加湿设施享受清凉的喷雾。新华社发(弗尔季·奥蒂洛摄)
3. 7月19日,人们在英国伦敦特拉法尔加广场喷泉旁纳凉。新华社发(蒂姆·爱尔兰摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.