Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းခင်းမှု လုပ်ငန်းစတင်

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း တည်ဆောက်ရေးလုပ်ငန်းခွင်အား ဧပြီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

ဧပြီ ၂၀ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် ဘန်ဒေါင်းရှိ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းပေါ်တွင် ပထမဆုံး မီတာ ၅၀၀ အရှည်ရှိသော ရထားလမ်းခင်းမှုကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ရင်း ဂျကာတာ-ဘန်ဒေါင်း အမြန်ရထားလမ်းခင်းဆောက်လုပ်ရေးလုပ်ငန်းစတင်ခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းလုပ်ငန်းခွင်တွင် ဆောက်လုပ်ရေးဝန်ထမ်းများအား ဧပြီ ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း တည်ဆောက်ရေးလုပ်ငန်းခွင်အား ဧပြီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း တည်ဆောက်ရေးလုပ်ငန်းခွင်အား ဧပြီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းလုပ်ငန်းခွင်တွင် ဆောက်လုပ်ရေးဝန်ထမ်းများအား ဧပြီ ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျကာတာ-ဘန်ဒေါင်းမြန်နှုန်းမြင့်ရထားလမ်း၏စုစုပေါင်းအရှည်သည်၁၄၂ကီလိုမီတာရှိပြီးအဓိကရထားလမ်းခင်းကျင်းမှု စုစုပေါင်း အရှည်မှာ၂၇၉.၄ကီလိုမီတာရှိသည်။၎င်းတို့အနက် ဆက်ကြောင်းရှိရထားလမ်းပိုင်းမှာ ၁၁၂.၈ကီလိုမီတာ၊ဆက်ကြောင်းးမဲ့ရထားလမ်းသည်၁၁၆.၆ကီလိုမီတာဖြစ်ပြီး၎င်းတို့အားလုံးသည်တရုတ်နိုင်ငံမှထုတ်လုပ်သည့် မီတာ ၅၀ သံမဏိသံလမ်းပိုင်းများဖြစ် တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။တရုတ်နိုင်ငံပြည်တွင်းထုတ် သံလမ်းများကို တရုတ်နိုင်ငံပြည်တွင်းရထားလမ်း၊ ပင်လယ်ရေကြောင်းလမ်းနှင့်အင်ဒိုနီးရှားပြည်တွင်းရထားလမ်းများမှတစ်ဆင့်ဘန်ဒေါင်းရှိဂျကာတာ-ဘန်ဒေါင်းမြန်နှုန်းမြင့်မီးရထားလမ်းခင်း ဆောက်လုပ်ရေးအခြေစိုက်စခန်းသို့ပို့ဆောင်ပေးခြင်းဖြစ်သည်။မီတာ၅၀သံမဏီသံလမ်းများကို မီတာ ၅၀၀ ရှည်သော သံလမ်းအဖြစ်ဂဟေဆက်ရန်တရုတ်နိုင်ငံပြည်တွင်းထုတ်စက်ကိရိယာနှင့်အဆင့်မြင့် ဂဟေဆော်နည်းပညာကို အသုံးပြုထားကြောင်း သိရသည်။

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းခင်း ဆောက်လုပ်ရေးလုပ်ငန်းစတင်မှုသည် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း ဖောက်လုပ်မှု၏ အရေးပါသောလုပ်ငန်းစဉ်တစ်ခု ဖြစ်ရာ အဓိကရထားလမ်းကြော ဖောက်လုပ်ရေးအတွက် ခိုင်မာသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း သိရသည်။ လက်ရှိ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းပေါ်ရှိ ဥမင်လိုဏ်ခေါင်း ၁၃ ခုအနက် ၁၂ ခု ပြီးစီးပြီး တည်ဆောက်ရေးအပိုင်း ၉၁ ရာခိုင်နှုန်းကျော်၊ ရက်မတပ်ဆင်ခြင်း ၈၀ ရာခိုင်နှုန်းကျော်နှင့် မီတာ ၅၀၀ အချောထည် ရထားလမ်း ဂဟေဆက်မှု ၇၄.၆ ရာခိုင်နှုန်း ပြီးစီး၍ ခရီးသည်သုံးဘူတာ၊ သံလမ်းခင်းဆောက်လုပ်ရေး၊ “လျှပ်စစ်ဓာတ်အား” စီမံကိန်းစသည်တို့ကို အရှိန်အဟုန်မြင့် တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းသည် “ရပ်ဝန်းနှင့် ပိုးလမ်းမ တည်ဆောက်ရေး”နှင့် တရုတ်-အင်ဒိုနီးရှားနှစ်နိုင်ငံ လက်တွေ့ပူးပေါင်းတည်ဆောက်မှု၏ ပြယုဂ်စီမံကိန်းဖြစ်သည့်ပြင် ၎င်းမှာ တရုတ်နိုင်ငံမြန်နှုန်းမြင့်ရထား စနစ်တခုလုံးနှင့် စက်မှုကွင်းဆက်တစ်ခုလုံးကို ပထမဆုံးအကြိမ် နိုင်ငံရပ်ခြားတွင် အကောင်အထည်ဖော် ဆောက်လုပ်ခဲ့သည့် စံပြစီမံကိန်းတစ်ခုဖြစ်သည်။ ရထားလမ်းဆောက်လုပ်ပြီးစီးပါက ဂျကာတာမှ ဘန်ဒေါင်းသို့ သွားရောက်ချိန်ကို လက်ရှိ ၃ နာရီကျော်မှ မိနစ် ၄၀ အထိ လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………….
(Chinese Version)
印尼雅万高铁动车走行线开始铺轨
新华社雅加达4月20日电(记者余谦梁 郑世波)20日,随着第一根500米长轨在印度尼西亚西爪哇省万隆县雅万高铁动车走行线顺利铺设,雅万高铁开始启动铺轨施工。
雅万高铁全长142公里,正线铺轨总长279.4公里。其中有砟轨道区段112.8公里,无砟铺轨166.6公里,均采用中国生产的50米钢轨。国产钢轨经国内铁路、海运及印尼境内铁路运输至位于万隆县的雅万高铁铺轨基地,采用全套国产装备和先进的脉动闪光焊工艺,将50米钢轨焊接成500米长钢轨。
雅万高铁动车走行线开始铺轨,是雅万高铁建设过程中的一个重要节点,标志着雅万高铁建设向着全线铺轨迈出坚实一步。目前,雅万高铁全线13座隧道已贯通12座,土建工程量完成91%以上,箱梁架设完成量超过80%,500米成品长轨焊接完成74.6%,站房、铺轨、站后“四电”工程等稳步推进。
雅万高铁是“一带一路”建设和中印尼两国务实合作的标志性项目,是我国高铁首次全系统、全要素、全产业链在海外落地的典范工程。项目建成后,雅加达到万隆的出行时间将由现在的3个多小时缩短至40分钟。(完)
图说1- 新华社照片,雅加达,2022年4月20日 这是4月20日在印度尼西亚万隆拍摄的雅万高铁铺轨施工现场(无人机照片)。
图说2- 4月20日,工作人员在印度尼西亚万隆雅万高铁铺轨施工现场作业。
图说3- 这是4月20日在印度尼西亚万隆拍摄的雅万高铁铺轨施工现场(无人机照片)。
图说4- 这是4月20日在印度尼西亚万隆拍摄的雅万高铁铺轨施工现场(无人机照片)。
图说5- 4月20日,工作人员在印度尼西亚万隆雅万高铁铺轨施工现场作业。新华社记者 徐钦 摄