Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ၌ Megi မုန်တိုင်းဒဏ်ကြောင့် လူပေါင်း ၂၂၄ ဦးသေဆုံး ၊ ၁၄၇ ဦးပျောက်ဆုံးနေ

ဖိလစ်ပိုင်နိုင်ငံကမ်းရိုးတန်းတစ်ခု၌ မုန်တိုင်းဒဏ်ခတ်ရပြီးနောက် အပျက်အစီးပုံများအားတွေ့ရစဉ်(ဆင်ဟွာ)

မနီလာ ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ၌ အပူပိုင်းမုန်တိုင်း Megi ကြောင့် မြေပြိုမှုများ နှင့် ရေကြီးရေလျှံမှုများအတွင်း သေဆုံးသူဦးရေသည် ၂၂၄ ဦးထိ မြင့်တက်သွားခဲ့ပြီးဖြစ်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်လျှော့ချရေး နှင့် စီမံခန့်ခွဲမှုကောင်စီ (NDRRMC) က ယနေ့ ဧပြီ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံကမ်းရိုးတန်းတစ်ခု၌ မုန်တိုင်းဒဏ်ခတ်ရပြီးနောက် အပျက်အစီးပုံများအားတွေ့ရစဉ်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံကမ်းရိုးတန်းတစ်ခု၌ မုန်တိုင်းဒဏ်ခတ်ရပြီးနောက် အပျက်အစီးပုံများအားတွေ့ရစဉ်(ဆင်ဟွာ)

အစိုးရကယ်ဆယ်ရေးအေဂျင်စီအနေဖြင့် မုန်တိုင်းဒဏ်သင့် ပြည်နယ်များမှပေးပို့သော သတင်းအချက်အလက်များအရ လူပေါင်း ၁၄၇ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်ကို သိရှိရကြောင်း နှင့် ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းမှ ရုပ်အလောင်းပေါင်း ၂၂၁ လောင်း နှင့် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှ ရုပ်အလောင်း ၃ လောင်းကို အသီးသီးရှာဖွေတွေ့ရှိခဲ့ကြောင်း အေဂျင်စီက ဆိုသည်။

Megi မုန်တိုင်းသည် ဧပြီ ၁၀ ရက်က ကုန်းမကြီးပေါ်သို့ စတင်မဝင်ရောက်မီ နှင့် ဝင်ရောက်ပြီးချိန်များတွင် ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း နှင့် တောင်ပိုင်းဒေသများ၌ မိုးသည်းထန်စွာရွာသွန်းခဲ့ကြောင်း နှင့် Leyte ပြည်နယ်အတွင်းရှိ ကျေးရွာအများအပြား၌ မြေပြိုခြင်းများဖြစ်ပွားခဲ့ပြီး နယ်မြေအများအပြား၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းသည် တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်ရာ လမ်းကြောင်းတစ်ခုဖြစ်သလို နိုင်ငံအတွင်းဝင်ရောက်တိုက်ခတ်သော တိုင်ဖွန်းမုန်တိုင်းများ၏ အမြဲလိုလို အဝင်မုဒ်ဦးဖြစ်နေကြောင်း သိရသည်။ မိုးရာသီ အထူးသဖြင့် တိုင်ဖွန်းမုန်တိုင်းများ တိုက်ခတ်ချိန်တွင် ဖိလစ်ပိုင်နိုင်ငံအနှံ့အပြား၌ မြေပြိုမှုများ နှင့် ရေကြီးရေလျှံမှုများ အမြဲလိုလိုဖြစ်ပွားလေ့ရှိသည်။

ဖိလစ်ပိုင်နိုင်ငံသည် အဓိကအားဖြင့် ပစိဖိတ်မီးစက်ကွင်း နှင့် ပစိဖိတ် တိုင်ဖွန်းပတ်လမ်းကြောင်းအတွင်း တည်ရှိနေသောနိုင်ငံတစ်နိုင်ဖြစ်သောကြောင့် ကမ္ဘာပေါ်တွင် သဘာဝဘေးအန္တရာယ် သက်ရောက်မှုဒဏ် အဆိုးရွားဆုံးခံစားနေရသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။

ပျမ်းမျှအားဖြင့် ယင်းကျွန်းစုနိုင်ငံကြီးသည် နှစ်စဉ်တိုင်ဖွန်းမုန်တိုင်းဒဏ် အကြိမ် ၂၀ ခန့် တွေ့ကြုံခံစားရပြီး အချို့မုန်တိုင်းများမှာ အလွန်ပြင်းထန်၍ ဖျက်အားကြီးမားကြောင်း သိရသည်။ Megi တိုင်ဖွန်းမုန်တိုင်းသည် အရှေ့တောင်အာရှတွင်တည်ရှိသည့် ဖိလစ်ပိုင်နိုင်ငံအား ယခုနှစ်အတွက် ပထမဆုံးဝင်ရောက်တိုက်ခတ်သော မုန်တိုင်းတစ်လုံးဖြစ်ကြောင်း သိရသည်။(Xinhua)

……………………….
(English Version)
Philippine storm death toll climbs to 224, 147 more missing
MANILA, April 21 (Xinhua) — The death toll in the Philippines from the landslides and flooding spawned by tropical storm Megi rose to 224, the National Disaster Risk Reduction and Management Council (NDRRMC) said on Thursday.
The government agency that culls reports from the provinces affected by disasters also added 147 more are missing. The agency said 221 deaths were recorded in the central Philippines and three in the southern Philippines.
Megi dumped rains in central and southern Philippine regions before and after it hit land on April 10, inundating many areas and triggering landslides in several villages in Leyte province.
The central Philippines is in the typhoon alley and usually the gateway of typhoons to the country. Landslides and flash floods are common across the Philippines during the rainy season, especially when typhoons hit.
The Philippines is one of the most disaster-prone countries in the world, mainly due to its location in the Pacific Ring of Fire and Pacific typhoon belt.
On average, this archipelagic country experiences 20 typhoons every year, some of which are intense and destructive. Megi is the first storm to batter the Southeast Asian country this year. Enditem