Connect with us

Australia / Oceania

သြစတြေးလျ၌ လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပ

သြစတြေးလျနိုင်ငံ ကန်ဘာရာမြို့ရှိ မဲရုံတစ်ရုံ၌ မဲဆန္ဒရှင်များ မဲပေးနေသည်ကို မေ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကန်ဘာရာ၊ မေ ၂၁ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံတွင် မေ ၂၁ ရက် ဒေသစံတော်ချိန် ၈:၁၈ နာရီ၌ စတင်ကျင်းပလျက်ရှိသော လွှတ်တော်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များက မဲရုံအသီးသီး၌ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

သြစတြေးလျနိုင်ငံ ကန်ဘာရာမြို့ရှိ မဲရုံတစ်ရုံ၌ မဲဆန္ဒရှင်များ မဲပေးနေသည်ကို မေ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံ ကန်ဘာရာမြို့ရှိ မဲရုံတစ်ရုံ၌ မဲဆန္ဒရှင်များ မဲပေးနေသည်ကို မေ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပြန်လည်အရွေးခံရန် ကြိုးပမ်းနေသည့် ၀န်ကြီးချုပ်နှင့် Liberal Party ခေါင်းဆောင် မော်ရစ်ဆင်က ၎င်းဦးဆောင်သည့် Liberal-National Party Coalition (LNP) သည် ကိုဗစ်ကပ်ရောဂါကိုင်တွယ်ရေးနှင့် စီးပွားရေးပြန်လည်ထူထောင်ရေး စိန်ခေါ်မှုများတွင် အလုပ်အကိုင်နေရာ ၇၀၀,၀၀၀ ထိန်းသိမ်းနိုင်ကာ အလုပ်လက်မဲ့နှုန်းကို လျှော့ချနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အဓိက အတိုက်အခံပါတီဖြစ်သော လေဘာပါတီ ခေါင်းဆောင် Anthony Albanese က အစိုးရသည် စီးပွားရေးအားကောင်းလာသည့် သတင်းများဖော်ပြထားသော်လည်း ပြည်သူများအနေဖြင့်မူ မြင့်မားသော လူနေမှုကုန်ကျစရိတ် ခံစားနေရကြောင်း ပြောကြားခဲ့သည်။ အကယ်၍ လေဘာပါတီမှ ရွေးကောက်ပွဲ အနိုင်ရခဲ့ပါက မိဘအများအပြားအား အချိန်ပြည့် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ကလေးထိန်းကျောင်းမှုအထောက်အပံ့ တိုးမြှင့်ပေးမည်ဖြစ်ပြီး ဤလုပ်ဆောင်ချက်က ပြည်သူများ၏ ဝင်ငွေရရှိမှုကို တိုးမြင့်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အာဏာရပါတီနှင့် လေဘာပါတီကြား နှိုင်းယှဉ်မည်ဆိုပါက လေဘာပါတီ၏ ထောက်ခံမှုနှုန်းမှာ ၅၃ ရာခိုင်နှုန်းရှိပြီး အာဏာရပါတီ၏ ထောက်ခံမှုနှုန်းမှာ ၄၇ ရာခိုင်နှုန်းဖြစ်ကြောင်း News Corp Australia ၏ မေ ၂၀ ရက် ထုတ်ပြန်သည့် နောက်ဆုံးစစ်တမ်းအရ သိရသည်။

ဩစတေးလျနိုင်ငံတွင် သုံးနှစ်တစ်ကြိမ် လွှတ်တော်ရွေးကောက်ပွဲ ကျင်းပလေ့ရှိသည်။ ယခုအကြိမ်ရွေးကောက်ပွဲတွင် အောက်လွှတ်တော်မှ အမတ်နေရာ ၁၅၁ နေရာနှင့် အထက်လွှတ်တော်၌ အမတ်နေရာ ၇၆ နေရာအနက် နေရာ ၄၀ ကို ပြောင်းလဲရွေးချယ်မည်ဖြစ်သည်။ အောက်လွှတ်တော်တွင် အနည်းဆုံး ၇၆ နေရာ အနိုင်ရသည့် ပါတီ သို့မဟုတ် ညွန့်ပေါင်းပါတီသည် အာဏာရမည်ဖြစ်ပြီး ၎င်းပါတီမှ ခေါင်းဆောင်က ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။ အကယ်၍ Liberal-National Party Coalition သို့မဟုတ် လေဘာပါတီနှစ်ခုလုံးမှ နေရာ ၇၆ ခု မရရှိပါက ပါတီငယ်များ သို့မဟုတ် တစ်သီးပုဂ္ဂလအမတ်များ၏ ထောက်ခံမှု ရရှိမှသာ အနိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် မဲပေးခွင့်ရှိသူ ၁၇ သန်းကျော်ရှိကြောင်း သြစတြေးလျ ရွေးကောက်ပွဲကော်မရှင်၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ သြစတြေးလျတွင် မဲမပေးမနေရစနစ်ကို ကျင့်သုံးရာ အသက် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံသားအားလုံးက ရွေးကောက်ပွဲတွင် မဲပေးရမည်ဖြစ်သည်။ မေ ၂၁ ရက်တွင် မဲရုံသို့ သွားရောက်ရန်အဆင်မပြေသူအချို့က ကြိုတင်မဲပေးခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)
澳大利亚举行联邦议会选举
新华社堪培拉5月21日电(记者岳东兴 白旭)澳大利亚21日举行联邦议会选举。当地时间8时至18时,选民可在各投票点投票。
寻求连任的现任总理、自由党党首莫里森在选举前称,他领导的自由党和国家党执政联盟在应对新冠疫情和经济复苏等挑战中,保住了约70万个就业岗位,降低了失业率。主要反对党工党党首阿尔巴内塞表示,尽管澳政府一直在传递所谓经济强劲的信息,澳民众的体验却是高昂的生活成本。如工党赢得选举,将提高托幼补贴,让更多父母能同时全职工作,增加民众收入。
澳新闻集团20日公布的最新民调显示,如果在执政联盟和工党中二选一,工党的支持率为53%,执政联盟为47%。
澳大利亚每3年举行一次联邦议会选举。这次选举将改选众议院全部151个议席和参议院76个议席中的40席。获得众议院至少76席的政党或政党联盟将执政,其党首将担任总理。如果自由党和国家党联盟或工党所获席位都不足76席,就需要获得小党或独立议员的支持才能执政。
澳选举委员会网站介绍,今年有投票资格的选民人数超过1700万。澳实行强制投票制,年满18岁的公民必须在选举中投票。部分21日无法前往投票点投票的选民,已选择提前投票。(完)

图说- 5月21日,在澳大利亚堪培拉一处投票点,民众参加选举投票。 新华社发(储晨摄)