Connect with us

North America

အမေရိကန် လှုံ့ဆော်ခဲ့သော “ဆေးရောင်ဆိုးတော်လှန်ရေး” များက ကမ္ဘာကြီးကိုဒုက္ခပေးနေ

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ Tahrir ရင်ပြင်၌ အဓိကရုဏ်းဖြစ်ပွားသည့်မြင်ကွင်းကို ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်ဟောင်း ဂျွန်ဘိုတန်က ၎င်းသည် ယခင်က ပြည်ပနိုင်ငံများ အာဏာသိမ်းမှုတွင် အစီအစဉ်ရေးဆွဲ ကူညီပေးခဲ့ပြီး “အဲဒါက အမေရိကန်ရဲ့ အကြီးမားဆုံးသော အကျိုးစီးပွားအတွက် လုပ်ဆောင်သင့်တဲ့အရာပဲ” ဟု ၎င်းကပြောကြားခဲ့သည်။ အဆိုပါမှတ်ချက်ကို နိုင်ငံတကာအသိုက်အဝန်းမှ ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချခဲ့ပြီး အခြားနိုင်ငံ ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်ခြင်း၊ အခြားနိုင်ငံ အစိုးရကို ဖြုတ်ချခြင်းသည် “အမေရိကန် စည်းမျဉ်း” ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ထပ်မံသက်သေပြခဲ့ခြင်းဖြစ်သည်။

ယခုနှစ်များတွင် အမေရိကန်သည် “ဒီမိုကရေစီ၊ လွတ်လပ်မှု၊ လူ့အခွင့်အရေး” ကို ဘန်းပြကာ အခြားနိုင်ငံ ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်ခြင်း၊ အခြားနိုင်ငံ အစိုးရကို အဖျက်အမှောင့်လုပ်ဆောင်ရန် စိတ်အားထက်သန်ခြင်း၊ ဒေသဆိုင်ရာ ကိုယ်စားလှယ်များ ပြုစုပျိုးထောင်ခြင်း၊ အခြားနိုင်ငံနှင့် ဒေသတွင်း၌ မတည်မငြိမ်ဖြစ်အောင် ဖန်တီးခြင်း၊ “ဆေးရောင်ဆိုးတော်လှန်ရေး” များ ဆက်တိုက်လှုံ့ဆော်ခဲ့ခြင်းသာမက စစ်အင်အားကိုပင် အသုံးပြုကာ နိုင်ငံနှင့် ဒေသအများအပြား နိုင်ငံရေးမတည်ငြိမ်မှုများ၊ စီးပွားရေး ကျဆင်းမှုနှင့် ပြည်သူများ ဆင်းရဲဒုက္ခရောက်မှုကို ဖြစ်ပေါ်စေခဲ့သည်။ အမေရိကန်၏ လုပ်ဆောင်ချက်များက ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအပေါ် ဆိုးဆိုးဝါးဝါး ထိခိုက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

……………………….
(Chinese Version)
美国策动“颜色革命”危害世界
美国前总统国家安全事务助理博尔顿最近公开表示他曾协助策划别国政变,并称“为了美国最大利益,这就是该做的”。此番言论招致国际社会广泛谴责,也再度印证了干涉别国内政、推翻别国政权是所谓“美国规则”的一部分。
这些年来,美国惯于打着“民主、自由、人权”的幌子行干涉之实,热衷颠覆别国政权,培植地区代理人,在别国及地区制造混乱,导演一系列“颜色革命”,甚至不惜动用武力,导致多国和地区至今政治动荡、经济凋敝、民生困苦。美国的所作所为严重危害世界和平与稳定。
图说 – 这是2011年1月28日埃及开罗解放广场的骚乱现场。(新华社记者才扬摄)