Connect with us

Europe

“မာရီယူပိုးလ်”က ရုရှား-ယူကရိန်း ပဋိပက္ခအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိသလဲ

မာရီယူပိုးလ်မြို့ လမ်း၏ မြင်ကွင်းအား ဧပြီ ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

ရုရှားတပ်များ Azovstal သံ၊သံမဏိစက်ရုံမှလွဲ၍ မာရီယူပိုးလ်မြို့ အခြားနေရာဒေသများကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီး Sergei Shoiguက ဧပြီ ၂၁ ရက်တွင် သမ္မတ ပူတင်အား အစီရင်ခံခဲ့သည်။ ထိုနေ့မှာပင် ပူတင်က Azovstalစက်ရုံကို ထိုးစစ်ဆင်မည့် အစီအစဉ်ကို ဖျက်သိမ်းပြီး မည်သည့်လက်နက်ကိုင်တပ်ဖွဲ့ဝင်မျှ မလွတ်မြောက်စေဘဲ ပိတ်ဆို့ထားရန် အမိန့်ချခဲ့သည်။

သုံးသပ်လေ့လာသူအချို့က မဟာဗျူဟာအချက်အခြာကျသည့် မာရီယူပိုးလ်မြို့ကို ထိန်းချုပ်ထားခြင်းက ရုရှား၏လှုပ်ရှားမှုရည်မှန်းချက်ကို အကောင်အထည်ဖော်ရာ၌ စစ်ဆင်ရေးအဆင့်သစ်ကို တွန်းအားပေးရန်အတွက် အရေးကြီးသည့် အဓိပ္ပါယ်ကို ဖော်ဆောင်ကြောင်း ယူဆကြသည်။

အဘယ်ကြောင့် အင်အား အလုံးအရင်းနှင့် ထိုးစစ်ဆင်ရန် အစီအစဉ် ရုရှား ဖျက်သိမ်းရသလဲ?

Sergei Shoiguက လက်ရှိ လက်နက်ကိုင် ၂,၀၀၀ ကျော် Azovstalစက်ရုံအတွင်းမှာ အထပ်ထပ်ပိတ်မိနေပြီး အင်အား အလုံးအရင်းနှင့် ထိုးစစ်ဆင်လျှင် ၃ ရက်မှ ၄ ရက် အထိ ကြာမြင့်နိုင်ကြောင်း ဆိုသည်။ ထိုးစစ်ဆင်မည့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ပြီး ပိတ်ဆို့ခြင်းသို့ ပြောင်းလဲရန် ပူတင်က အမိန့်ချခဲ့ခြင်း ဖြစ်သည်။ ပူတင်က အင်တိုက်အားတိုက် ထိုးစစ်ဆင်ဖို့ ဖျက်သိမ်းရခြင်းမှာ ရုရှားစစ်သည်များ၏အသက်အန္တရာယ်ကို ကာကွယ်ခြင်း အပြင် လက်နက်ချယူကရိန်းစစ်သားများ၏ အသက်အန္တရာယ်လုံခြုံရေးနှင့် သူတို့ရရှိသင့်သည့်ခံစားခွင့်ကို ရုရှားဘက်က အာမခံပေးခြင်း ဖြစ်ကြောင်း ဆိုသည်။

Azovstal စက်ရုံသည် ဆိုဗီယက်ခေတ်ကာလက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတည်ရှိရာ စက်မှုဇုန်တွင် ကိုယ်ပိုင် လျှပ်စစ်၊ ရေ ပံ့ပိုးနိုင်သည့်စနစ် ရှိသလို ရထားလမ်း၊ လမ်းတံတားများလည်း ရှိသည်။ နျူကလီးယားစစ်ပွဲကို ခုခံကာကွယ်ရန်အတွက် Azovstalစက်ရုံကို ကြီးမားကျယ်ပြန့်လှသည့် မြေအောက်လမ်းကွန်ရက်ကို ပြင်ဆင်တည်ဆောက်ထားခြင်းကြောင့် ခံတပ်အတွက်အားသာပြီး ထိုးစစ်ဆင်ရန် ခဲယဉ်းသည့်နေရာ ဖြစ်သည်။ မြေအောက်လမ်း၏ စုစုပေါင်းအရှည်မှာ ၂၄ ကီလိုမီတာခန့်ရှိပြီး အနက် ၃၀ မီတာ ၊ ၆လွှာရှိခြင်းကြောင့် မြေပြင်အပေါ်မှ ဗုံးကြဲတိုက်ခိုက်ရန် ခဲယဉ်းသလို ယူကရိန်းတပ်များ နေရာရွှေ့ပြောင်းရန် ၊မြေအောက် ဆက်သွယ်ရေးကိရိယာများဖြင့်ဆက်သွယ်ရန် လွယ်ကူပြီး ဝင်ပေါက်ထွက်ပေါက်အမျိုးမျိုးမှ ပုန်းလျှိုတိုက်ခိုက်နိုင်ကြောင်း အမေရိကန် “Veterans Today”ဝက်ဘ်ဆိုက်စသည့် မီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။

ရှန်ဟိုင်းတက္ကသိုလ် နိုင်ငံရေးနှင့်ဥပဒေဌာန အရှေ့မြောက်အာရှ သုတေသနစင်တာ ဒုတိယညွှန်ကြားရေးမှူး၊ စစ်ရေးပညာရှင် ယန်ကျန့်က ရုရှားတပ် ပိတ်ဆို့ရေးဗျူဟာသုံးခြင်းက ထည့်သွင်းစဉ်းစားသည့်အကြောင်းအရာ အများအပြားရှိမည်ဟု ယူဆသည်။ ပထမအချက်က ခံတပ်အတွက် အပြည့်အစုံရှိသည့် စက်ရုံကို အင်အားနှင့်ဝင်ရောက်တိုက်ခိုက်ခြင်းသည် ရုရှားတပ်များအတွက် သေဆုံးဒဏ်ရာရမှုအခြေအနေ ကြီးနိုင်ခြင်း၊ ဒုတိယအချက်က နိုင်ငံခြားကြေးစားစစ်သားများ၊ အများခန့်မှန်းပြောကြားနေသည့် နေတိုးစစ်ရေးကဏ္ဍလူပုဂ္ဂိုလ်များကို ဖမ်းဆီးရန် မျှော်လင့်ပြီး ထိုမှတစ်ဆင့် စကားထိုးစစ်တွင် အနောက်နိုင်ငံများအား တန်ပြန်ရန်အတွက် ဖြစ်ခြင်း ၊ တတိယအချက်မှာ ဖိအားဖြင့် အပြောင်းအလဲဖြစ်ပေါ်အောင် ဆောင်ရွက်ခြင်း တို့ကြောင့် ဖြစ်မည်ဟု ဆိုသည်။ ပြင်းထန်သည့်တိုက်ပွဲအခြေအနေတွင် ခြေကုန်လက်ပန်းကျပြီး ယူကရိန်းခံတပ် တပ်တွင်းပြောင်းလဲရန် အပြင် အရပ်သားများ ထွက်ခွာရေးအတွက် အချိန်ရရှိရေးအတွက်လည်း စဉ်စားခြင်း ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Konashenkovက မာရီယူပိုးလ်ရှိ ယူကရိန်းတပ်ဖွဲ့တွင် နိုင်ငံခြား ကြေးစားစစ်သားများ အများအပြားရှိကြောင်း ထိုမတိုင်အစောပိုင်းတွင် ပြောကြားခဲ့သည်။ ကြိုးမဲ့ကြားဖြတ်ရရှိသည့် အချက်အလက်များအရ ယူကရိန်းဘာသာစကားနှင့် ရုရှားဘာသာစကားအပြင် ယူကရိန်းကြိုးမဲ့ဆက်သွယ်ပြောကြားမှုတွင် အခြားဘာသာစကားများကို ကြားသိရကြောင်း ၎င်းတို့အနက် အဓိကမှာ ဥရောပတိုက်နိုင်ငံများမှ ဘာသာစကားများ ဖြစ်ကြောင်း ဆိုသည်။

မာရီယူပိုးလ်မြို့ လမ်း၏ မြင်ကွင်းအား ဧပြီ ၂၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မာရီယူပိုးလ်က အဘယ်ကြောင့် အရေးကြီးရသလဲ?

မာရီယူပိုးလ်သည် ဒွန်းနက်စ်(Donetsk)ဒေသ၏ ဒုတိယအကြီးဆုံးမြို့ ဖြစ်ပြီး ပဋိပက္ခမဖြစ်ပွားမီ လူဦးရေ ၄ သိန်းခန့်နေထိုင်သလို အဇော့ပင်လယ်၏အကြီးဆုံးဆိပ်ကမ်းလည်း ယင်းနေရာတွင် တည်ရှိနေသည်။

မာရီယူပိုးလ်ကို သိမ်းပိုက်လိုက်ပါက ရုရှားတပ်များ အဇော့ပင်လယ်ကမ်းခြေတစ်လျှောက် ခရိုင်းမီးယားနှင့် ဒွန်းဘတ်စ်ဒေသကို ချိတ်ဆက်ပြီး ရုရှားကုန်းမြေသို့သွားရောက်နိုင်မည့် “ကုန်းတွင်းတံတား” တည်ဆောက်နိုင်သည့် အဓိပ္ပါယ်ဖြစ်သည်။ အဇော့ပင်လယ်ကမ်းခြေတစ်လျှောက်သည် ရုရှားနှင့် ယူကရိန်း အရှေ့ပိုင်း အရပ်ဘက်လက်နက်ကိုင်များ ထိန်းချုပ်နယ်မြေအဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။

မာရီယူပိုးလ်သည် ယူကရိန်း ပြည်သူလုံခြုံရေးရဲတပ်ဖွဲ “အဇော့တပ်ရင်း”၏ အခြေစိုက်ရာ ဖြစ်၏။ “အဇော့တပ်ရင်း”သည် ရုရှားအမြင်တွင် အမျိုးသားရေးဝါဒလက်နက်ကိုင်များ ဖြစ်ပြီး မာရီယူပိုးလ်ကို သိမ်းပိုက်ပြီး “အဇော့တပ်ရင်း”၏အဓိကအင်အားစုကို ချေမှုန်းခြင်းသည် ရုရှားဘက်က အထူးစစ်ရေးလှုပ်ရှားမှု အဓိက ရည်မှန်းချက်တစ်ခုဖြစ်သည့် “နာဇီအသွင်ပြောင်းမှုကို ဖယ်ရှားရေး”ကို အတိုင်းအတာ အမြောက်အမြား အကောင်အထည်ဖော်ခြင်းဖြစ်သည်ဟု သုံးသပ်လေ့လာသူများက ယူဆသည်။

မာရီယူပိုးလ်ကို သိမ်းပိုက်သည့် ဖြစ်စဉ်တွင် ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့ဝင် ၄,၀၀၀ ကျော်ကို ရှင်းလင်းခဲ့ပြီး ၁,၄၇၈ ဦးက လက်နက်ချခဲ့ကြောင်း Sergei Shoiguက ပူတင်ကို ဧပြီ ၂၁ ရက်တွင် အစီရင်ခံခဲ့သည်။

ဤအချိန်တွင် Sergei Shoiguက မာရီယူပိုးလ်၏စစ်ရေးတိုးတက်မှုအခြေအနေကို ကြေညာခြင်းက ပြီးခဲ့သည့် ရက်သတ္တပတ် ရုရှားပင်လယ်နက်ရေယာဉ်အုပ်စု ”Moskva”ခရူဇာ သင်္ဘောနစ်မြုပ်မှု၏ ဆိုးကျိုးသက်ရောက်မှုကို ခုနှိမ်ရန်ရည်ရွယ်ပြီး တစ်ဖက်တွင်လည်း အနောက်နိုင်ငံများအား ပေါ့ပေါ့ဆဆ ကမူးရှူးထိုးမလုပ်ရန် သတိပေးခြင်းနှင့် အခြားတစ်ဖက်တွင်လည်း ရုရှားစစ်တပ်နှင့်ပြည်သူအား စစ်မြေပြင်၏လွှမ်းမိုးချုပ်ကိုင်ခွင့်က ရုရှားလက်ထဲတွင်ရှိသေးကြောင်းကို ပြသလိုခြင်း ဖြစ်နိုင်ကြောင်း ယန်ကျန့်က ယူဆသည်။ Azovstal စက်ရုံတွင် ကျန်ရှိသည့်ယူကရိန်းတပ်သည် အကြီးစားလက်နက်များ လိုအပ်နေပြီး ရုရှားထိန်းချုပ်နယ်မြေနှင့်ကုန်းလမ်းသွားလာရေးအတွက် လက်တွေ့ခြိမ်းခြောက်နိုင်စွမ်း မရှိသည့်အခြေအနေဖြစ်သည်။

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်ရှိ ဥရောပသမဂ္ဂ ရုံးချုပ်တွင် အမေရိကန်အလံအား စီရီနေသည်ကို မတ် ၂၄ ရက် တွေ့ရစဉ်(ဆင်ဟွာ)

တိုက်ပွဲအခြေအနေ ဘယ်လိုအပြောင်းအလဲ ဖြစ်ပေါ်လာနိုင်သလဲ?

ရုရှားတပ်များ မာရီယူပိုးလ်ကို သိမ်းပိုက်ပြီးနောက် အထူးစစ်ဆင်ရေးအဆင့်သစ်အတွက် စစ်အင်အားအသုံးပြုနိုင်မည်ဟု သုံးသပ်လေ့လာသူအချို့က ခန့်မှန်းသုံးသပ်ကြသည်။

ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ရုရှားတပ်များ “ဒွန်းဘတ်စ်တိုက်ပွဲ”စတင်နေပြီဖြစ်ကြောင်း ဧပြီ ၁၉ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။ ရုရှားတပ်များ ခါကိဗ်၊ လူးဟန့်စ်ခ်နှင့် ဒွန်းနက်စ်ဒေသများကို အရှိန်အဟုန်ဖြင့် ထိုးစစ်ဆင်နေကြောင်း ဧပြီ ၂၀ ရက် ယူကရိန်းသမ္မတရုံး အကြံပေး Oleksiy Arestovychက ယင်းနေ့တွင် ပြောကြားခဲ့သည်။

မာရီယူပိုးလ်ကို ထိန်းချုပ်ပြီးနောက် ရုရှားတပ်တွင် စစ်သည်အင်အား လိုအပ်မှုအခြေအနေကို လျော့နည်းစေပြီး ဒွန်းဘတ်စ်ဒေသ ယူကရိန်းတပ်အဓိကအင်အားကို ဆက်လက် ပိတ်ဆို့မည်ဟု ခန့်မှန်းရကြောင်း ယန်ကျန့်က ဆိုသည်။
“ရုရှားတပ် အထူးစစ်ရေးလှုပ်ရှားမှုက ယူကရိန်း၏ စစ်ရေးအသွင်ပြောင်းမှုကို ဖယ်ရှားရန်၊ နာဇီအသွင်ပြောင်းမှုကို ဖယ်ရှားရန်နှင့် ဘက်မလိုက် ကြားနေရပ်တည်ရန်ဟူသော ရည်မှန်းချက် ၃ ခုကို အဓိကထားလုပ်ဆောင်နေတယ်။ ဒါကြောင့် တစ်ဖက်သူ၏ အဓိကအင်အားကို ရှင်းလင်းခြင်းက အဓိက ပစ်မှတ်မဟုတ်နိုင်ဘူး ”ဟု ၎င်းက ဆိုသည်။

ရုရှားနိုင်ငံ အဆင့်မြင့်စီပွားရေး တက္ကသိုလ်(HSE University) ဥရောပနှင့်နိုင်ငံတကာရေးရ သုတေသနစင်တာ ပါမောက္ခDmitry Suslovက ဘက်ပေါင်းစုံက မကြာမီကာလအတွင်း ငြိမ်းချမ်းရေးသဘောတူညီချက်ရန် ကြိုးပမ်းလာနိုင်ကြောင်း ဆိုသည်။ (Xinhua)

……………………………………..
(Chinese Version)
马里乌波尔对俄乌冲突影响几何
2022-04-22 10:21:05
新华社北京4月22日电 俄罗斯国防部长绍伊古21日向总统普京汇报,俄军已控制除亚速钢铁厂外的马里乌波尔市其他地区。普京当天下令取消强攻亚速钢铁厂的计划,改为封锁,不让任何武装人员从中逃脱。
分析人士认为,控制马里乌波尔这座战略重镇,对于俄方实现行动目标、推进新一阶段作战具有重要意义。
这是4月20日拍摄的马里乌波尔街景。新华社/塔斯社
俄方为何取消强攻计划?
绍伊古说,目前超过2000名武装人员被“牢牢”围困在亚速钢铁厂内,强攻需要3至4天时间。普京下令取消进攻,改为封锁。普京说,取消强攻是为了保护俄军士兵生命,此外,俄方会保证投降乌军人员生命安全并给予他们应有对待。
亚速钢铁厂建于苏联时期,所处工业区有自己的供电、供水系统,还有铁路、立交桥。为抵御核战争,亚速钢铁厂修建了庞大的地道网络,易守难攻。据美国“今日退伍军人”网站等媒体报道,地道总长约24公里,最深处30米,深6层,难以从地面炸毁,而且便于乌军转移、利用地下通信设备联络,从不同出入口组织伏击。
上海政法学院东北亚研究中心副主任、军事专家杨震认为,俄军改为封锁有多重考虑:一是避免强攻工事完备的钢铁厂给俄军造成较大伤亡。二是希望抓捕外籍雇佣兵、甚至舆论猜测的北约军事人员,以此在舆论上反击西方。三是以压促变。乌方守军在持续高强度战事下疲惫不堪,围困可能引发内讧。此外,为平民争取更多撤离时间也是考虑因素之一。
俄国防部发言人科纳申科夫早前说,马里乌波尔的乌方武装人员中有大量外国雇佣兵。无线电拦截发现,除了乌克兰语和俄语,乌方无线电对话还使用其他语言,其中主要为欧洲国家语言。
这是4月20日拍摄的马里乌波尔街景。新华社/塔斯社
马里乌波尔为何重要?

马里乌波尔是顿涅茨克地区第二大城市,冲突爆发前人口约40万,亚速海最大港口坐落于此。
夺取马里乌波尔,意味着俄军沿亚速海沿岸建起一道连接克里米亚与顿巴斯地区、继而前往俄罗斯内陆的“陆地桥”。亚速海沿岸将完全成为俄罗斯及乌克兰东部民间武装的控制范围。
马里乌波尔是乌克兰国民警卫队“亚速营”的大本营。分析人士认为,“亚速营”是俄方眼中的民族主义武装分子,占领马里乌波尔、消灭“亚速营”主力,意味着俄方特别军事行动的主要目标之一“去纳粹化”在较大程度上实现。
绍伊古21日向普京汇报,夺取马里乌波尔过程中,乌方武装人员有超过4000人被歼灭,1478人投降。
杨震认为,绍伊古此时宣布马里乌波尔战事进展,意在抵消一周前俄黑海舰队旗舰“莫斯科”号巡洋舰沉没带来的负面影响,一方面警告西方不要轻举妄动,一方面向俄罗斯军民展示,战场主导权尽在掌握。亚速钢铁厂残余乌军缺乏重武器,无力对俄军控制区、对陆路通道构成实质性威胁。
3月24日,工作人员在比利时布鲁塞尔的欧盟总部整理美国国旗。新华社记者张铖摄
战事会出现哪些变化?
分析人士预计,俄军占领马里乌波尔后,可以腾出兵力执行特别军事行动新一阶段。
乌总统泽连斯基19日晚说,俄军已经发起“顿巴斯之战”。乌总统办公室顾问阿列斯托维奇20日说,俄军当天对哈尔科夫州、卢甘斯克和顿涅茨克等多地发起猛攻。
杨震指出,控制马里乌波尔后,俄军有望缓解兵力不足的情况,继而围困顿巴斯地区乌军主力。
“俄军特别军事行动始终围绕乌克兰去军事化、去纳粹化以及保持中立这三个目标展开,因此尽量杀伤对方有生力量并不是首要目标。”杨震说。
俄罗斯国立高等经济学院欧洲和国际研究中心教授苏斯洛夫认为,各方仍将会争取在不久的将来签署和平协议。(胡若愚、华迪、赵嫣)