Connect with us

Africa & Middle East

အာဖဂန်နစ္စတန်တွင် တိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ပွားရာ လူပေါင်း ဒါဇင်နှင့်ချီ၍ သေဆုံး/ဒဏ်ရာရရှိမှုဖြစ်ပွား

အာဖဂန်နစ္စတန်နိုင်ငံ Mazar-i-Sharif ရှိ ဗုံးခွဲတိုက်ခိုက်ခြင်းခံရသည့် ဗလီအပြင်ဘက်တွင် တာဝန်ကျသည့် ရဲတပ်ဖွဲ့ဝင်များအား ဧပြီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ဧပြီ ၂၁ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Balkh ပြည်နယ် Mazar-i-Sharif ဒေသရှိ ဗလီတစ်ခုသည် ဧပြီ ၂၁ ရက်က ဗုံးခွဲတိုက်ခိုက်ခြင်းခံရပြီး မြောက်ပိုင်းပြည်နယ် Kunduz မြို့တော် Kunduz တွင်လည်း ထိုနေ့မှာပင် ဘတ်စ်ကားတစ်စီး တိုက်ခိုက်ခြင်းခံခဲ့ရကြောင်း ၊ ထိုတိုက်ခိုက်မှုနှစ်ခုအတွင်း လူပေါင်း ဒါဇင်နှင့်ချီ၍ သေဆုံး/ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အာဖဂန်နစ္စတန်နိုင်ငံ Mazar-i-Sharif ရှိ ဗုံးခွဲတိုက်ခိုက်ခြင်းခံရသည့် ဗလီအား ဧပြီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ၊ Kunduz တွင် ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသည့် ကလေးတစ်ဦးအား ဧပြီလ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်တွင် ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာအနီးရှိ လုံခြုံရေးဝန်ထမ်းများအား ဧပြီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်တွင် ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာအနီးရှိ လုံခြုံရေးဝန်ထမ်းများအား ဧပြီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ၊ Kunduz တွင် ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသည့် ကလေးတစ်ဦးအား ဧပြီလ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

Mazar-i-Sharif ဒေသရှိ ဗလီတစ်ခုသည် ဧပြီ ၂၁ ရက်က တိုက်ခိုက်ခြင်းခံရရာ လူ ၁၀ ဦးသေဆုံးခဲ့ပြီး ၁၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း Balkh ပြည်နယ် ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဌာန အကြီးအကဲ Maulavi Zabiullah Nurani က မီဒီယာများအား ပြောကြားခဲ့သည်။ ဗလီအတွင်း လူအများအပြားဝတ်ပြုချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း အမည်မဖော်လိုသူ မျက်မြင်သက်သေတစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ဗလီတိုက်ခိုက်ခံရပြီးနောက် သေဆုံးသူ ၃၀ ဦးနှင့် ဒဏ်ရာရရှိသူ ၈၀ ဦးတို့ကို ဆေးရုံတင်ခဲ့ကြောင်း Mazar-i-Sharif မြို့ရှိ ဆေးရုံတစ်ရုံ၏ တာဝန်ခံ၏ ပြောကြားချက်ကို ကိုးကား၍ ဟားမားသတင်းအေဂျင်စီက ဖော်ပြထားသည်။

စစ်ဘက်ဆိုင်ရာ ဘတ်စ်ကားတစ်စီးသည် ဧပြီ ၂၁ ရက်တွင် Kunduz မြို့ဆင်ခြေဖုံး၌ တိုက်ခိုက်ခြင်းခံရပြီး လူ ၄ ဦးသေဆုံးကာ ၂၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း Kunduz ပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Obedullah Abed က ဆင်ဟွာသို့ပြောကြားခဲ့သည်။
လက်ရှိအချိန်အထိ ထိုပစ်ခတ်မှုနှစ်ခုအတွက် မည်သည့် အဖွဲ့အစည်း(သို့)ပုဂ္ဂိုလ်မှ ၎င်းတို့၏ လက်ချက် ဖြစ်သည်ကို ဝန်ခံ ပြောကြားထားခြင်း မရှိကြောင်း သိရသည်။

မကြာသေးမီရက်များအတွင်း အာဖဂန်နစ္စတန်၌ တိုက်ခိုက်မှု မကြာခဏဖြစ်ပွားခဲ့ရာ မြို့တော်ကဘူးလ်တွင် ၃ ရက်ဆက် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူအများအပြား သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။(Xinhua)

……………………….
(Chinese Version)
阿富汗发生两起袭击事件致数十人伤亡
新华社喀布尔4月21日电(记者史先涛)阿富汗北部巴尔赫省首府马扎里沙里夫一座清真寺21日遭炸弹袭击,北部昆都士省首府昆都士市一辆巴士同日遭袭,两起事件造成数十人伤亡。
巴尔赫省新闻和文化局长毛拉维·扎比乌拉·努拉尼对媒体表示,马扎里沙里夫一座清真寺21日遇袭,造成10人死亡、15人受伤。一名不愿透露姓名的目击者告诉新华社记者,清真寺内发生爆炸时,大量民众正在做礼拜。
另据阿富汗哈马新闻社援引马扎里沙里夫一家医院负责人的话报道,清真寺遇袭后,有30名死者和80名伤者被送到该医院。
昆都士省警察局发言人奥贝杜拉·阿比德21日对新华社记者表示,军事人员乘坐的一辆巴士当天在昆都士市郊区遭路边炸弹袭击,造成4人死亡、22人受伤。
截至目前,没有组织或个人宣称制造了上述两起袭击事件。
近日,阿富汗袭击事件频发,首都喀布尔连续3天发生爆炸袭击事件,造成多人死伤。(完)
图说1- 4月21日,一辆警车停在阿富汗马扎里沙里夫遭炸弹袭击的清真寺外。新华社发(卡瓦·巴沙拉特摄)

图说2-这是4月21日在阿富汗马扎里沙里夫拍摄的遭炸弹袭击的清真寺。新华社发(卡瓦·巴沙拉特摄)

图说3-4月21日,在阿富汗昆都士市,一名在爆炸袭击事件中受伤的儿童在医院接受治疗。新华社发(艾马尔·卡克尔摄)

图说4- 4月21日,阿富汗安全人员在喀布尔一处爆炸袭击现场附近警戒。新华社发(塞夫拉赫曼·萨菲摄)

图说5- 4月21日,阿富汗安全人员在喀布尔一处爆炸袭击现场附近警戒。新华社发(塞夫拉赫曼·萨菲摄)

图说6-4月21日,在阿富汗昆都士市,一名在爆炸袭击事件中受伤的儿童在医院接受治疗。新华社发(艾马尔·卡克尔摄)