Connect with us

China

တရုတ်-ဥရောပ ရထားက တရုတ်-ဥရောပ ကုန်သွယ်မှု အဆင်ပြေချောမွေ့ရေး၏ “တည်ငြိမ်မှု”နှင့် “အရှိန်မြှင့်တင်” ပေးသောထောက်တိုင်ဖြစ်လာကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌနပြောရေးဆိုခွင့်ရှိသူကဆို

ချုံချင့်-မော်စကို ပထမဆုံး ကုန်တင်ရထားကြီး ချုံချင့်မြို့ ယွီကျွေဘူတာမှ ထွက်ခွာလာသည်ကို ဇူလိုင် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

ယခုနှစ်ဆန်းပိုင်းမှစ၍ တရုတ်-ဥရောပရထားသည် ကိုဗစ်-၁၉ ကပ်ရောဂါ ပြန့်ပွားမှုနှင့် နိုင်ငံတကာအခြေအနေ မတည်ငြိမ်မှု အခက်အခဲများစွာကို ကျော်လွှားကာ လုံခြုံပြီးတည်ငြိမ်မှုရှိသော လည်ပတ်မှုကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း ဝမ်းဝန်ပင်းက ပြောကြားခဲ့သည်။ တရုတ်-ဥရောပ ရထားမောင်းနှင်သွားလာမှုသည် ဇန်နဝါရီလမှ ဇွန်လအထိ ရထား အစင်းရေ စုစုပေါင်း ၇,၅၁၄ စင်း၊ သယ်ယူပို့ဆောင်သည့် ကုန်ပစ္စည်း TEU ၇၂၄,၀၀၀ ရှိခဲ့ပြီး လပေါင်း ၂၆ လဆက်တိုက် တစ်လလျှင် ရထားပေါင်း ၁၀၀၀ ကျော် ပြေးဆွဲနိုင်ခဲ့ရာ တရုတ်-ဥရောပရထားသည် တရုတ်-ဥရောပ ကုန်သွယ်ရေး၏ “တည်ငြိမ်မှု”နှင့် “အရှိန်မြှင့်တင်ပေးသော” ထောက်တိုင်ဖြစ်လာကြောင်း ၎င်းကဆိုသည်။ (Xinhua)

…………………………………………
(Chinese Version)
外交部发言人:中欧班列成为畅通中欧贸易的“稳定器”和“加速阀”
汪文斌说,今年以来,在新冠肺炎疫情蔓延和国际局势动荡的背景下,中欧班列克服多重困难,保持安全稳定运行,1月至6月累计开行7514列、发送72.4万标箱,单月开行连续26个月保持千列以上,成为畅通中欧贸易的“稳定器”和“加速阀”。
7月21日,在重庆鱼嘴站,重庆-莫斯科首列中铁特货商品车国际班列等待发车(无人机照片)。 新华社记者 唐奕 摄