Connect with us

China

တရုတ်-အာဆီယံ တရားစီရင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းက RCEP အတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုနှင့်အာမခံမှုဖြစ်စေ

တရုတ်နိုင်ငံ ကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြောက်ပိုင်း ဆိပ်ကမ်းရှိ ချင်းကျိုးကွန်တိန်နာဆိပ်ကမ်းအား မတ် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

ယခုနှစ်သည် ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံမှု သဘောတူညီချက်(RCEP)တရားဝင် အသက်ဝင်သော ပထမဦးဆုံးနှစ်ဖြစ်ရာ RCEP အကောင်အထည်ဖော်ဆောင်မှုသည် နိုင်ငံဖြတ်ကျော် ကုန်သွယ်စီးပွား ရောင်းဝယ်ရေး စည်းမျဉ်းစည်းကမ်းများ နှင့် ပဋိပက္ခ အငြင်းပွားမှု ဖြေရှင်းရေး စည်းမျဉ်းစည်းကမ်းများအပေါ် သတ်မှတ်ချက်သစ်များ လိုအပ်လာသည်။ ပြီးခဲ့သည့်ရက်များက တရုတ်နိုင်ငံ ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင် တတိယအကြိမ်မြောက် တရုတ်-အာဆီယံ တရားစီရင်ရေးဆိုင်ရာ ဆွေးနွေးပွဲဖိုရမ် (THE 3rd CHINA-ASEAN JUSTICE FORUM) ကျင်းပခဲ့ရာ “RCEP ကုန်သွယ်စီးပွားရေး စည်းကမ်းသစ်များ လျင်မြန်စွာ ချိတ်ဆက်ခြင်းဖြင့် ဒေသတွင်း ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေးအတွက် ပိုမိုကောင်းမွန်သော တရားစီရင်ရေးဆိုင်ရာဝန်ဆောင်မှုပေးမည်” ဟူသော ခေါင်းစဉ်ဖြင့် တရုတ်နိုင်ငံနှင့် အာဆီယံ၏ တရားဥပဒေရေးရာနယ်ပယ်မှ လူပုဂ္ဂိုလ်များက အွန်လိုင်း၊ အော့ဖ်လိုင်းနည်းလမ်းနှစ်သွယ်ဖြင့် နှီးနွယ်ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

RCEP အကောင်အထည်ဖော်ဆောင်ပြီးနောက် ဒေသတွင်း ကုန်စည်ကုန်သွယ်ရေး၊ ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုများ ဆက်တိုက် လျင်မြန်စွာ တိုးတက်လျက်ရှိရာ RCEP ကုန်သွယ်စီးပွားရေး စည်းကမ်းသစ်များ အလျင်အမြန်ချိတ်ဆက်ပြီး ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံရေးကဏ္ဍအတွက် ပို၍ လွတ်လပ်၊လွယ်ကူအဆင်ပြေစေသော ပိုမိုကောင်းမွန်သည့် တရားစီရင်ရေးဝန်ဆောင်မှုနှင့်အာမခံမှု ပံ့ပိုးပေးခြင်းသည် တရုတ်နိုင်ငံနှင့်အာဆီယံနိုင်ငံ အသီးသီးရှိ တရားရုံးများ အတူတကွ ရင်ဆိုင်နေရသည့် ကဏ္ဍသစ်ဖြစ်ကြောင်း ဆွေးနွေးပွဲဖိုရမ်သို့ တက်ရောက်ကြသော ကိုယ်စားလှယ်များက ယူဆကြသည်။

ဆွေးနွေးပွဲတွင် “ဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ခြင်း၊ ဉာဏပစ္စည်း မူပိုင်ခွင့်ဆိုင်ရာအကာအကွယ်ပေးမှု နိုင်ငံတကာအဆင့်မြှင့်တင်ခြင်း” စသည့် အကြောင်းအရာများကိုလည်း ထဲထဲဝင်ဝင် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြပြီး 《တတိယအကြိမ်မြောက် တရုတ်-အာဆီယံ တရားစီရင်ရေးဆိုင်ရာ ဆွေးနွေးပွဲဖိုရမ် နန်နင်း ကြေညာချက်》 ကို အတည်ပြုခဲ့ကြကြောင်း သိရသည်။ (Xinhua)

……………………………………
(Chinese Version)
中国与东盟加强司法合作为RCEP提供更好服务和保障
2022-07-22 09:40:10
新华社南宁7月22日电(记者黄浩铭)今年是区域全面经济伙伴关系协定(RCEP)正式生效的首年,RCEP的实施对完善跨国商事交易规则和争端解决规则提出了新的要求。日前在广西南宁举行的第3届中国-东盟大法官论坛上,来自中国与东盟的法律界人士以线上、线下相结合的方式,围绕“加快对接RCEP经贸新规则,为区域贸易投资提供更好的司法服务”等议题展开讨论。
一些与会代表认为,RCEP实施后,区域内货物贸易、服务贸易和相互投资将持续快速增长,加快对接RCEP经贸新规则,为贸易投资自由化便利化提供更好的司法服务和保障,是中国和东盟各国法院共同面对的新课题。
论坛上,与会代表还围绕“加强知识产权合作,提升知识产权保护国际化水平”进行了深入研讨和广泛交流,并通过《第3届中国-东盟大法官论坛南宁声明》。

1. 繁忙的广西北部湾港钦州集装箱码头(3月2日摄,无人机照片)。 新华社发