Connect with us

North America

အမေရိကန်နိုင်ငံ မြို့တော် သေနတ်ပစ်ခတ်မှုအတွင်း လူ ၄ ဦးဒဏ်ရာရရှိကာ သေနတ်သမားက မိမိကိုယ်ကိုအဆုံးစီရင်ခဲ့

အမေရိကန်နိုင်ငံ ဝါရှင်တန်ရှိ ရဲတပ်ဖွဲ့မှ သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည်ကို ဧပြီ ၂၂ ရက် ကတွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန် အနောက်မြောက်ဘက်ရှိ ရပ်ကွက်တစ်ခုတွင် ဧပြီ ၂၂ ရက် မွန်းလွဲပိုင်းက သေနတ်ပစ်ခတ်မှုတစ်ရပ်ဖြစ်ပွားခဲ့ရာ လူ ၄ ဦးဒဏ်ရာရရှိခဲ့ပြီး သေနတ်သမားက မိမိကိုယ်ကိုအဆုံးစီရင်ခဲ့ကြောင်း သိရသည်။

သေနတ်ပစ်ခတ်မှုသည် ဒေသစံတော်ချိန် ၃:၂၀ နာရီခန့်တွင် ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူများအနက် အရွယ်ရောက်ပြီးသူ ၃ ဦးနှင့် အရွယ်မရောက်သေးသူ ၁ ဦးပါဝင်ကြောင်း ဝါရှင်တန်ရဲတပ်ဖွဲ့က ဆိုရှယ်မီဒီယာတွင် ပြောကြားခဲ့သည်။ အဆိုပါ ပစ်ခတ်မှု၌ သံသယရှိသူမှာ အသက် ၂၃ နှစ်အရွယ် အမျိုးသားဖြစ်ကြောင်း ရဲတပ်ဖွဲ့က မွန်းလွဲပိုင်းတွင် ကြေညာခဲ့သည်။

အခင်းဖြစ်ပွားရာအနီးရှိ တိုက်ခန်းတစ်ခုသို့ ရဲတပ်ဖွဲ့ဝင်ရောက်စဉ် သံသယရှိသူက မိမိကိုယ်ကို အဆုံးစီရင်ခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များက ၎င်း၏နေအိမ်တွင် သေနတ် ၆ လက်နှင့် ခဲယမ်းမီးကျောက်များ ရှာဖွေတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထိုနေ့တွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားသည့်နေရာအား ပိတ်ဆို့ထားပြီး ယင်းနေရာတဝိုက်တွင် အရေးပေါ်ယာဉ်မျိုးစုံနှင့် ရဲတပ်ဖွဲ့ဝင်အများအပြား ရှိနေကြောင်း သိရသည်။

အခင်းဖြစ်ပွားရာအနီးတွင် စာသင်ကျောင်းများစွာလည်းရှိကြောင်း သိရသည်။
ယခုနှစ်အတွင်း အမေရိကန်တွင် လက်နတ်အကြမ်းဖက်မှုကြောင့် လူပေါင်း ၁၃,၁၁၅ ဦး သေဆုံးခဲ့ပြီး ၁၀,၅၆၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမေရိကန် “Gun Violence Archives” ဝက်ဘ်ဆိုဒ်မှ ဖော်ပြထားသော အချက်အလက်များအရ သိရသည်။ (Xinhua)

………………………………….
(Chinese Version)
美国首都枪击事件致4人受伤 枪手自杀
新华社华盛顿4月22日电(记者孙丁)美国首都华盛顿西北部一处街区22日下午发生一起枪击事件,造成4人受伤,枪手随后自杀。
华盛顿警方在社交媒体上说,枪击事件发生在当地时间15时20分左右,3名成年人和一名未成年人受伤。傍晚时分,警方宣布嫌疑人是一名23岁男性。
当地警方当晚举行新闻发布会说,在警察进入事发地附近一处公寓时嫌疑人自杀,警察在其住所找到6支枪及弹药等。
记者看到,事发街区已被警方封锁,封锁区内停满各类应急车辆,大量警察在现场活动。
据了解,事发地附近有多所学校。
美国“枪支暴力档案”网站数据显示,截至22日晚,今年涉枪暴力事件已在美国造成13115人丧生、10564人受伤。
图说- 4月22日,在美国首都华盛顿,当地警察局长罗伯特·康蒂在记者会上回答提问。新华社记者刘杰摄