Connect with us

Europe

ယူကရိန်းရှိ ချာနိုဘိုင်းစက်ရုံသို့ IAEA မစ်ရှင် သွားရောက်မည်

ယူကရိန်းနိုင်ငံရှိ ချာနိုဘိုင်း နျူကလီးယားစက်ရုံအနီး Pripyat မြို့တွင် အပျက်အစီးများအား ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်နာ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) မှ ကျွမ်းကျင်သူမစ်ရှင်က ယူကရိန်းနိုင်ငံရှိ ချာနိုဘိုင်းနျူကလီးယားစက်ရုံ၏ ဘေးကင်းစိတ်ချရမှုကို အထောက်အကူဖြစ်စေရန် ဧပြီ ၂၆ ရက်တွင် ယင်းစက်ရုံသို့ သွားရောက်မည်ဖြစ်ကြောင်း IAEA က ဧပြီ ၂၂ ရက်၌ ပြောကြားခဲ့သည်။

ချာနိုဘိုင်းစက်ရုံတွင် အရေးပါသော စက်ယန္တရား လွှဲပြောင်းရန်နှင့် ရေဒီယိုသတ္တိကြွဆိုင်ရာနှင့် အခြားအကဲဖြတ်မှုများ လုပ်ဆောင်ရန်” အဆိုပါ မစ်ရှင်အား IAEA ညွှန်ကြားရေးမှူးချုပ် Rafael Mariano Grossi က ဦးဆောင်မည်ဖြစ်ကြောင်း အေဂျင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရုရှား-ယူကရိန်း ပဋိပက္ခစတင်ချိန်မှစ၍ ဗီယင်နာမြို့ရှိ အေဂျင်စီရုံးချုပ်သို့ အချက်အလက်ပေးပို့ခြင်း မရှိတော့သော ၎င်းစက်ရုံရှိ အဝေးထိန်းကာကွယ်စောင့်ကြည့်ရေးစနစ်များကို IAEA ကျွမ်းကျင်သူများက ပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ချာနိုဘိုင်းစက်ရုံမှာ IAEA ရောက်ရှိမှုဟာ စက်ရုံကို ပုံမှန်ပြန်လည်ထိန်းချုပ်နိုင်ဖို့နဲ့ စက်ရုံရဲ့ ဘေးကင်း စိတ်ချရတဲ့ လည်ပတ်မှုဖြစ်စေဖို့ ယူကရိန်းကိုပံ့ပိုးရေးအတွက် ကျွန်တော်တို့ရဲ့ အဓိကအရေးပါမှုဖြစ်စေမှာ ဖြစ်ပါတယ်” ဟု Grossi က ဆိုပြီး အေဂျင်စီအနေဖြင့် လာမည့်သီတင်းပတ်များအတွင်း ယူကရိန်းရှိ ချာနိုဘိုင်းစက်ရုံနှင့် အခြားနျူကလီးယားစက်ရုံများသို့ မစ်ရှင်များထပ်မံစေလွှတ်သွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ရုရှားစစ်တပ်များသည် မတ် ၃၁ ရက်၌ တပ်ဖွဲ့ဝင်များရုပ်သိမ်းခြင်းမပြုမီက သီတင်းပတ် ၅ ပတ်ကြာ ချာနိုဘိုင်းစက်ရုံအား ထိန်းချုပ်ထားခဲ့ကြောင်း IAEA ထုတ်ပြန်ချက်အရ သိရသည်။

ယူကရိန်းနိုင်ငံ မြို့တော် ကိဗ်မှ မြောက်ဘက် ကီလိုမီတာ ၁၁၀ ခန့်အကွာရှိ ချာနိုဘိုင်းစက်ရုံသည် ၁၉၈၆ ခုနှစ် ဧပြီ ၂၆ ရက်က လူသားသမိုင်းကြောင်းတွင် အဆိုးဝါးဆုံးသောနျူကလီးယား မတော်တဆမှုများအနက် တစ်ခုဖြစ်ခဲ့သည်။ (Xinhua)

……………………………………….
(English Version)
IAEA mission to visit Ukraine’s Chernobyl plant
2022-04-23 11:15:35 Category:Politics, Law
VIENNA, April 23 (Xinhua) — The International Atomic Energy Agency (IAEA) said Friday its expert mission would travel to Ukraine’s Chernobyl nuclear power plant on April 26 to help ensure the facility’s safety.
IAEA Director General Rafael Mariano Grossi will head the mission to “deliver vital equipment and conduct radiological and other assessments” at the Chernobyl plant, according to the agency’s statement.
The IAEA experts will also repair remote safeguards monitoring systems at the plant, which have not been transmitting data to the agency’s headquarters in Vienna since the start of the Russia-Ukraine conflict.
“The IAEA’s presence at Chernobyl will be of paramount importance for our activities to support Ukraine as it seeks to restore regulatory control of the plant and ensure its safe and secure operation,” Grossi said, adding that the agency will send more missions to Chernobyl and other nuclear facilities in Ukraine in the coming weeks.
Russian forces had been in control of the Chernobyl plant for five weeks before withdrawing on March 31, according to the IAEA statement.
The Chernobyl plant, some 110 km north of the Ukrainian capital of Kiev, suffered one of the worst nuclear accidents in human history on April 26, 1986. Enditem
Photo : Photo taken on Nov. 12, 2019 shows the debris in Pripyat city near the Chernobyl nuclear power plant in Ukraine. (Xinhua/Bai Xueqi)