Connect with us

International Organizations

ကုလသမဂ္ဂအကြီးအကဲက လာမည့်သီတင်းပတ်တွင် ရုရှားနှင့် ယူကရိန်းသို့ သွားရောက်မည်

ရုရှားသမ္မတ ဗလာတီမာပူတင် (Vladimir Putin )နှင့် ယူကရိန်းသမ္မတ Volodymyr Zelensky တို့ အားတွေရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) သည် ရုရှားသမ္မတ ဗလာတီမာပူတင် (Vladimir Putin )နှင့် ယူကရိန်းသမ္မတ Volodymyr Zelensky တို့ အားဧပြီလ ၂၆ ရက်နှင့် ၂၈ ရက်တို့တွင် အသီးသီး တွေ့ဆုံမည်ဖြစ်ကြောင်း ကုလသမဂ္ဂ၏ ပြောရေးဆိုခွင့်ရှိသူက ဧပြီ ၂၂ ရက်တွင်ပြောကြားခဲ့သည်။

ဂူတာရက်စ်သည် ဧပြီ ၂၆ ရက်တွင် မော်စကိုမြို့ သို့ သွားရောက်မည်ဖြစ်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နှင့် အလုပ်သဘောအစည်းအဝေးနှင့် နေ့လယ်စာစားသုံးမည် ဖြစ်ကြောင်း ဂူတာရက်စ်၏ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric ကပြောကြားသည်။

၎င်း၏ ယူကရိန်းခရီးစဉ်အတွင်းတွင်လည်း ဂူတာရက်စ် သည် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba နှင့် အလုပ်သဘောအစည်းအဝေးဆွေးနွေးမည်ဖြစ်ကြောင်းနှင့် ယူကရိန်းပြည်သူများသို့ လူသားချင်းစာနောက်ထောက်ထားမှု အကူအညီများ တိုးမြှင့်ပေးအပ်ရန် ကုလသမဂ္ဂအေဂျင်စီမှ ဝန်ထမ်းများနှင့် ဆွေးနွေးသွားရန်ရှိကြောင်း Dujarric ကဆိုသည်။

၎င်းအား ပူတင်က မော်စကိုမြို့တွင် လည်းကောင်း၊ Zelensky က ကိဗ်မြို့တွင်လည်းကောင်း လက်ခံတွေ့ဆုံရန် ကုလသမဂ္ဂဆိုင်ရာ ရုရှားနှင့် ယူကရိန်းနိုင်ငံများ ရှိ အမြဲတမ်းမစ်ရှင်များထံ ဂူတာရက်စ်က ဧပြီ ၁၉ ရက် မွန်းလွဲပိုင်းတွင် သီးခြားစာများပေးပို့ခဲ့ကြောင်း Dujarric က ဧပြီ ၂၀ ရက်တွင်ပြောကြားခဲ့သည်။ (Xinhua)

………………………………………..
(English Version)
UN chief to visit Russia, Ukraine next week
UNITED NATIONS, April 22 (Xinhua) — UN Secretary-General Antonio Guterres will meet Russian President Vladimir Putin and Ukrainian President Volodymyr Zelensky on April 26 and 28 respectively, a UN spokesman said Friday.
Guterres will visit Moscow on April 26 and have “a working meeting and lunch” with Russian Foreign Minister Sergei Lavrov, said Stephane Dujarric, spokesman for Guterres.
During his trip to Ukraine, Guterres will also have a working meeting with Ukrainian Foreign Minister Dmytro Kuleba and meet with staff of UN agencies to discuss the scaling up of humanitarian assistance to Ukrainian people, Dujarric said.
The UN chief sent separate letters Tuesday afternoon to the permanent missions of Russia and Ukraine to the United Nations, asking Putin to receive him in Moscow and Zelensky to receive him in Kiev, Dujarric said on Wednesday. Enditem
Photo-File photos of Russian President Vladimir Putin and Ukrainian President Volodymyr Zelensky [Photo/Xinhua]