Connect with us

China

အမေရိကန်နိုင်ငံရေးသမားအချို့က “တရုတ်ကြောက်ရောဂါ” ရနေကြောင်း ကျောက်လိကျန်း ပြောကြား

ပေကျင်း၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံရေးသမားအချို့က “တရုတ်ကြောက်ရောဂါ” ၊ “ညှင်းပန်းခံရမည်ဟူသော စိုးရိမ်မှုလွန်ကဲသောရောဂါ” ရနေပြီး ရောဂါလက္ခဏာကလည်း မသေးငယ်လှကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဇူလိုင် ၂၇ ရက်တွင် ပြောကြားခဲ့သည်။

ယင်းနေ့တွင်ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက “အမေရိကန် အထက်လွှတ်တော် အမိမြေလုံခြုံရေးနှင့်အစိုးရရေးရာကော်မတီ ရီပက်ဘလစ်ကန်ပါတီဝင်အချို့၏ စစ်တမ်းအစီရင်ခံစာတွင် တရုတ်သည် Federal Reserve မှာ သတင်းပေးကွန်ရက်ထူထောင်ရန် ကြိုးပမ်းကြောင်း၊ Federal Reserve ဝန်ထမ်းများက တရုတ်လူရည်ချွန်အလုပ်ခေါ်စာစီမံကိန်းနှင့်သက်ဆိုင်သည့်စာချုပ်လက်ခံရရှိပြီး အမေရိကန် စီးပွားရေး၊ အတိုးနှုန်းအပြောင်းအလဲနှင့် မူဝါဒအချက်အလက်များကို ပံ့ပိုးပေးရန် တောင်းဆိုခံရကြောင်း ဖော်ပြထားပါတယ်။ ထို့အပေါ် ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ”ဟု မေးမြန်းခဲ့ခြင်းဖြစ်သည်။

ထိုသို့မေးမြန်ချက်အပေါ် ကျောက်လိကျန်းက အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်း ဖြစ်သည်။

အစီရင်ခံစာဟု ဆိုရာတွင် လူနည်းစု ရီပက်ဘလစ်ကန်လွှတ်တော်အမတ်များက အဖျက်သဘောဖြင့် နိုင်ငံရေးမုသာဝါဒကို ဖန်တီးခြင်း ဖြစ်ပြီး အခြေအမြစ် အလျဉ်းမရှိဟု ကျောက်လိကျန်းက ဆိုသည်။
အမေရိကန် နိုင်ငံရေးသမားအချို့က “တရုတ်ကြောက်ရောဂါ” ၊ “ညှင်းပန်းခံရမည်ဟူသော စိုးရိမ်မှုလွန်ကဲသောရောဂါ” ရနေပြီး ရောဂါလက္ခဏာကလည်း မသေးငယ်လှကြောင်း၊ အမေရိကန် Federal Reserve ဘက်ကလည်း သက်ဆိုင်ရာ လွှတ်တော်အမတ်များကို ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ မကျေနပ်မှုနှင့် သံသယဖြစ်မှုများကို စာလွှာပေးပို့ထားပြီးဖြစ်သည်ကို သိရကြောင်း၊ ၎င်းမှာ ယင်းအစီရင်ခံ၏ အနက်အဓိပ္ပါယ်ကို ဖော်ပြပြီး ဖြစ်ကြောင်း ကျောက်လိကျန်းက ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

…………………….

(Chinese Version)

赵立坚:美方一些政客得了“中国恐惧症”

外交部发言人赵立坚7月27日表示,美方一些政客恐怕是得了“中国恐惧症”“被迫害妄想症”,而且看来病得还不轻。

当日例行记者会上,有记者问:美国会参议院国土安全与政府事务委员会的共和党成员发布调查报告称,中方试图在美联储内部建立线人网络,美联储的员工收到了与中国人才招聘项目有关的合同,并被要求提供关于美国经济、利率变化和政策的信息。外交部对此有何评论?

赵立坚说,这份所谓报告是由少数共和党议员恶意炮制的政治谎言,毫无事实依据。美方一些政客恐怕是得了“中国恐惧症”“被迫害妄想症”,而且看来病得还不轻。美联储方面已经就此致信有关议员,对该报告内容表达质疑和不满。这充分说明了这份所谓报告的性质。(记者马卓言)