Connect with us

Sino-Myanmar

ပင်လယ်တွင် ရက်အတန်ကြာ မျောပါသွားသည့် မြန်မာတံငါသည်တစ်ဦးအား SITC တရုတ်သင်္ဘောကုမ္ပဏီက တွေ့ရှိ ကယ်ဆယ်

(ဓါတ်ပုံ-ရွှေဇာမဏီ)

ရန်ကုန်၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ)

SITC Logistics Myanmar Co., Ltd တရုတ်ရင်းနှီးမြုပ်နှံမှုလုပ်ငန်း၏ “Pacific Grace”ကွန်တိန်နာသင်္ဘောသည် ပြီးခဲ့သည့်ရက်ပိုင်းက အိန္ဒိယသမုဒ္ဒရာ ကပ္ပလီပင်လယ်တွင် ရေထဲပြုတ်ကျမျောပါသွားသည့် မြန်မာနိုင်ငံသား တံငါသည်အမျိုးသားတစ်ဦးကို တွေ့ရှိကယ်ဆယ်ခဲ့ရာ ဧပြီ ၂၈ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ လုံခြုံဘေးကင်းစွာ ပြန်လည် ပို့ဆောင်ပေးကြောင်း ရွှေဇာမဏီတရုတ်သတင်းဌာနမှ သိရသည်။

(ဓါတ်ပုံ-ရွှေဇာမဏီ)

(ဓါတ်ပုံ-ရွှေဇာမဏီ)

လက်ရှိတွင် ၎င်းအား မြန်မာနိုင်ငံ လူဝန်မှုကြီးကြပ်ရေးဌာသို့ လွှဲပြောင်းပေးခဲ့ရာ မိသားစုဝင်များနှင့်အဆက်အသွယ်ရရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာ ပြောကြားချက်များအရ ဧပြီ ၂၁ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့မှ မလေးရှားနိုင်ငံ Port Klang သို့ သွားရာ လမ်းခုလတ်တွင် ၊ SITC Logistics Myanmar “2211N” ကုန်သင်္ဘောသည် အိန္ဒိယသမုဒ္ဒရာ ပင်လယ်တွင် ပြုတ်ကျ မျောပါသွားသည့် မြန်မာနိုင်ငံသား ကိုစိုးဝင်းဇော်အား တွေ့ရှိပြီး အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ ထို့နောက် အရေးပေါ်ကယ်ဆယ်ကုသမှုများ ကူညီဆောင်ရွက်ပေးခဲ့ရာ လက်ရှိတွင် ကိုစိုးဝင်းဇော်၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်ကြောင်း သိရသည်။

(ဓါတ်ပုံ-ရွှေဇာမဏီ)

(ဓါတ်ပုံ-ရွှေဇာမဏီ)

(ဓါတ်ပုံ-ရွှေဇာမဏီ)

“SITC Myanmar နဲ့ သင်္ဘောသားတွေ ကျွန်တော့်အသက်ကို ကယ်ခဲ့တဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ်။ ကံကောင်းလို့ သေရာက ပြန်လာနိုင်ပြီး မိသားစုနဲ့ပြန်လည်ဆုံစည်းနိုင်ခဲ့တာပါ” ဟု ကိုစိုးဝင်းဇော်က ပြောကြားခဲ့သည်။
ကိုစိုးဝင်းဇော်သည် မြန်မာနိုင်ငံ တနင်္သာရီတိုင်းတွင် နေထိုင်သည့် တံငါသည်တစ်ဦးဖြစ်ကြောင်း ၊ ငါးဖမ်းသင်္ဘောပေါ်မှ ပင်လယ်ထဲသို့ မတော်တဆ ပြုတ်ကျခဲ့ပြီး ပင်လယ်ထဲတွင် ၅ ရက်ခန့် မျောနေခဲ့ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ၏ကပ်ရောဂါ ကာကွယ်တားဆီးရေးမူဝါဒ သက်ဆိုင်ရာသတ်မှတ်ချက်များအရ ကိုစိုးဝင်းဇော်သည် ရန်ကုန်တွင် ရက်သတ္တပတ် တစ်ပတ်ကြာ ကွာရန်တင်းဝင်ရမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းမရှိပါက ကွာရန်တင်းကာလပြီးနောက် နေရပ် မိသားစုရှိရာသို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

(ဓါတ်ပုံ-ရွှေဇာမဏီ)

(ဓါတ်ပုံ-ရွှေဇာမဏီ)

(ဓါတ်ပုံ-ရွှေဇာမဏီ)

“ပင်လယ်ရေပြင်မှာ ကူညီကယ်ဆယ်ဖို့က ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ ဒါက ကျွန်တော်တို့ တရုတ်-မြန်မာ နှစ်နိုင်ငံပြည်သူများအကြား ပေါက်ဖော်ချစ်ကြည်ရေးရှိတယ်ဆိုတာကို ပြသသလို SITC သင်္ဘောသားတွေရဲ့ ကောင်းမွန်တဲ့စိတ်ဓါတ်ပိုင်းဆိုင်ရာကို ပြသရာလည်းရောက်ပါတယ်” ဟု SITC Myanmar အထွေထွေမန်နေဂျာ စွန်းကျန့်ကျုက ဆိုသည်။ SITC သည် လူသားချင်းစာနာထောက်ထားရေးစိတ်ဓါတ်၊ SITC “လူထုအခြေပြု”သည့်လုပ်ငန်း၏ ရည်ရွယ်ချက်ကို အစဉ်အမြဲ ခိုင်မာစွာ လက်ကိုင်ထား ကျင့်သုံးသွားမည် ဖြစ်ပြီး ရပ်ဝန်းနှင့်ပိုးလမ်းမ မြှင့်တင်ရေး၊ တရုတ်-အာဆီယံအဖွဲ့ဝင်နိုင်ငံများ ဘုံအကျိုးဖြစ်ထွန်းရေး ၊ အတူဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်နိုင်သည့်ဘက်မှ အကျိုးကျေးဇူးဆောင်ကြဉ်းသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယခုကဲ့သို့ဖြစ်ရပ်သည် SITC က ပင်လယ်ပြင်တွင် မြန်မာနိုင်ငံသားများအား ကူညီပေးခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၉ ရက် ည ၂၁ နာရီ ခန့်တွင်လည်း SITC ၏ သင်္ဘောတစ်စီးသည် ဖူကျန့်ပြည်နယ် ကျန်းကျိုး ပင်လယ်ရေပြင်တွင် အခက်အခဲအန္တရာယ်ကြုံတွေ့ခဲ့သော သင်္ဘောပေါ်က မြန်မာနိုင်ငံသား သင်္ဘောသား ၁၀ ဦးကိုလည်း ကယ်ဆယ်ခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………..
(Chinese Version)
汪洋大海漂泊数日成功获救 缅甸渔民感谢中资公司助他死里逃生
原创 倪兴海 凰眼观缅 2022-04-28 18:01
【缅甸金凤凰中文报记者 倪兴海 采访报道】今天(4 月 28 日)上午,由中资公司海丰国际控股有限公司(SITC)缅甸有限公司(以下简称:海丰缅甸)所属“海丰格雷斯”集装箱货轮,日前在印度洋安达曼海水域成功救出了一名在公海上漂流的缅甸籍落水渔民被安全带回仰光,目前已经成功移交给缅甸移民局并与其家属取得联系。

据介绍,4月21日下午,在从缅甸仰光前往马来西亚巴生港(Port Klang)的途中,中资海丰缅甸的一艘货轮(航次2211N)成功救出了一名在印度洋公海上漂流的缅甸公民梭温佐(Soe Win Zaw)。随后,对该名获救人员进行了紧急医疗救助,梭温佐目前身体状况良好。
“非常感谢海丰缅甸和船上人员救了我的生命,让我万幸能够死里逃生,还能回家与家人团聚。”据获救缅甸渔民梭温佐介绍,他是来自缅甸德林达依省的一名渔民,此前他不小心从一艘渔船上掉进海里,在该海域漂泊5天左右的时间获救。
据了解,根据缅甸防疫政策相关规定,梭温佐接下来将会在仰光接受一周7天的隔离观察和调养,如未感染新冠病毒将在隔离观察期满后送回家乡与亲人团聚。
“海上救助是我们义不容辞的责任,缅甸船员被我们成功救助,充分体现了中缅两国人民的胞波情谊,也展示了海丰船员的优良精神风貌。” 海丰缅甸总经理孙振竹表示,SITC发挥国际人道主义精神,坚决贯彻海丰“以人为本”的企业宗旨,为促进“一带一路”倡议,促进中国-东盟国家互利共赢、共同发展做出应有的贡献。
据了解,SITC海上救助缅甸籍人员已不是第一次。2020年1月19日晚21点左右,SITC旗下“海丰泗水”轮在福建漳州海域成功救助遇险船舶上的10名缅甸籍船员。