Connect with us

Asia

နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ အားကစားပွဲ-၂၀၂၂ ပိတ်ပွဲအခမ်းအနားကို ရုရှားနိုင်ငံတွင် ကျင်းပ

ရုရှားနိုင်ငံ၊ မော်စကိုပြည်နယ်၊ Alabino လေ့ကျင့်ရေးကွင်းတွင် တရုတ်နိုင်ငံအသင်းမှ ပါဝင်ယှဉ်ပြိုင်သည့် တင့်ကား 96B အား ဩဂုတ် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ)

နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ အားကစားပွဲ-၂၀၂၂ ပိတ်ပွဲအခမ်းအနားကို ဩဂုတ် ၂၇ ရက်က ရုရှားနိုင်ငံ၊ မော်စကိုပြည်နယ်၊ Odintsovo မြို့ Patriot park တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ထိုနေ့မွန်းလွဲပိုင်းတွင် ပြိုင်ပွဲ၏ အဓိကပွဲစဉ်ဖြစ်သည့် “တင့်ကား မောင်းနှင်ပစ်ခတ်ပြိုင်ပွဲ” ၏ ဗိုလ်လုပွဲကို Alabino လေ့ကျင့်ရေးကွင်း၌ စတင်ခဲ့ကြောင်း၊ တရုတ်၊ ရုရှား၊ ဘီလာရုဇ်နှင့် ဥဇဘက်ကစ္စတန် စသည့် လေးနိုင်ငံမှအသင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ တရုတ်အသင်းမှ အဖွဲ့ ၃ ဖွဲ့သည် အနီးကပ်ပူးပေါင်းဆောင်ရွက်ကာ တည်ငြိမ်သော စွမ်းဆောင်ချက်များဖြင့် လက်ဆင့်ကမ်းပြိုင်ပွဲတွင် တတိယရရှိခဲ့ကြောင်းနှင့် နောက်ဆုံးတွင်မူ တရုတ်အသင်းသည် အဆိုပါပြိုင်ပွဲ၏ ဘက်စုံအကဲဖြတ်မှု၌ ဒုတိယရရှိခဲ့ကြောင်း သိရသည်။

ယခုအကြိမ် ပြိုင်ပွဲကို ဩဂုတ် ၁၃ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး တရုတ်၊ ရုရှား၊ အီရန် အပါအဝင် နိုင်ငံ ၁၂ နိုင်ငံမှ အတူဦးစီးကျင်းပခဲ့ကြောင်းနှင့် နိုင်ငံနှင့် ဒေသပေါင်း ၃၇ ခုမှ အသင်းပေါင်း ၂၇၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် တရုတ်စစ်တပ်မှ အဖွဲ့ ၉ ဖွဲ့နှင့် စစ်သည်အရာရှိပေါင်း ၂၀၅ ဦး စေလွှတ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ အားကစားပွဲကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ စတင်ကျင်းပခဲ့ပြီး ၉ နှစ်ကြာ ဖွံ့ဖြိုးတိုးတက်ပြီးနောက် ၎င်းသည် ဂုဏ်သတင်းကြီးမားမှုနှင့် လွှမ်းမိုးမှုရှိသည့် ပွင်းလင်းသော နိုင်ငံတကာ စစ်ရေးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်းတစ်ခု ဖြစ်လာခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)
“国际军事比赛-2022”在俄罗斯闭幕
新华社莫斯科8月28日电(记者赵冰 田磊)“国际军事比赛-2022”闭幕式27日在俄罗斯莫斯科州奥金佐沃区的爱国者公园举行。
当日下午,比赛重头戏“坦克两项”的决赛在阿拉比诺靶场打响。中国、俄罗斯、白俄罗斯和乌兹别克斯坦四国参赛队同组展开角逐,中国队3个车组密切配合、发挥稳定,取得接力赛第三名。最终,中国队在该项目取得总评第二名。
本届比赛于8月13日至27日进行,由中国、俄罗斯、伊朗等12个国家共同承办,来自37个国家和地区的270余支队伍参赛。中国军队派出9支参赛队、共205名官兵出国参赛。
国际军事比赛是俄罗斯国防部发起的一项国际性军事赛事。经过9年时间发展,它已成为具有一定知名度和影响力的开放型国际军事交流合作平台。(完)
图说- 8月27日,在俄罗斯莫斯科州阿拉比诺靶场,中国参赛队96B坦克在比赛中。新华社发(亚历山大摄)