Connect with us

Europe

နေတိုးတပ်ဖွဲ့က မဟာဗျူဟာမြောက် စီမံချက်သစ်ကို အတည်ပြုပြီး ရုရှားက ‘အကြီးမားဆုံး တိုက်ရိုက်ခြိမ်းခြောက်မှု’ ဖြစ်ဟုဆို

စပိန်နိုင်ငံ မက်ဒရစ်၌ ကျင်းပသော နေတိုးထိပ်သီးအစည်းအဝေးမြင်ကွင်းအား ဇွန်လ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

နေတိုး (NATO) အဖွဲ့၊ အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များက ဇွန် ၂၉ ရက်တွင် စပိန်နိုင်ငံ မက်ဒရစ်၌ ကျင်းပသော ထိပ်သီးအစည်းအဝေး၌ “နေတိုး၂၀၂၂ခုနှစ်မဟာဗျူဟာမြောက်အယူအဆ”ကို အတည်ပြုခဲ့ပြီး ရုရှားက နေတိုးအဖွဲ့၏ “အကြီးဆုံးတိုက်ရိုက်ခြိမ်းခြောက်မှု” ဖြစ်ကြောင်း ပြောကြားခဲ့သည်။အဆိုပါ မဟာဗျုဟာမြောက် အယူအဆသစ်က နေတိုးအဖွဲ့၏လုံခြုံရေးပတ်ဝန်းကျင်ကို အကဲဖြတ်ပြီး နေတိုးအဖွဲ့၏ လာမည့်ဆယ်စုနှစ် ဖွံ့ဖြိုးတိုးတက်မှုကို လမ်းညွှန်ပေးရန် တာဝန်များလည်း ချမှတ်ပေးကြောင်း သိရသည်။ နေတိုးအဖွဲ့က လာမည့်ဆယ်စုနှစ်အတွင်း အဓိကလုပ်ဆောင်ရမည့် တာဝန်သုံးရပ်ရှိကြောင်း ထိုစာရွက်စာတမ်းတွင် ဖော်ပြထားသည်။ ယင်းတာဝန်သုံးရပ်မှာ အရှိန်အဝါတိုးမြှင့်ရေးနှင့် ကာကွယ်ရေး၊ အကျပ်အတည်း ကြိုတင်ကာကွယ်ရေးနှင့် စီမံခန့်ခွဲရေး၊ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း ဖော်ပြထားသည်။ ရုရှားနိုင်ငံသည် နေတိုး အဖွဲ့ဝင်နိုင်ငံများ၏လုံခြုံရေးနှင့် ဥရောပတိုက် အတ္တလန္တိတ်ဒေသ ငြိမ်းချမ်းတည်ငြိမ်ရေး၏ “အကြီးဆုံးတိုက်ရိုက်ခြိမ်းခြောက်မှု” ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ရုရှားနိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov က နေတိုးအဖွဲ့သည် ရုရှားအား မဟာဗျူဟာ လုံခြုံရေးခြိမ်းခြောက်မှုအဖြစ် ရှုမြင်နေခြင်းက အမှန်မဟုတ်ကြောင်းနှင့် နေတိုးကသာလျှင် ရုရှားအပေါ် ခြိမ်းခြောက်မှု ရှိနေခြင်းဖြစ်ကြောင်း ၎င်းက ထိုနေ့တွင် မီဒီယာများအား ပြောကြားခဲ့သည်။ နေတိုးအဖွဲ့သည် တာဝန်ယူမှုမရှိသည့်အပြင် ဥရောပ လုံခြုံရေး မူဝါဒကို ဖျက်ဆီးနေကြောင်း ရုရှားက ရှုတ်ချခဲ့ပြီး နေတိုးအဖွဲ့၏ မက်ဒရစ်ထိပ်သီးအစည်းအဝေးဆုံးဖြတ်ချက်သည် ရုရှားမူဝါဒအပေါ် သက်ရောက်မှုရှိမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ဟာဗျူဟာမြောက်အယူအဆသည် နေတိုးအဖွဲ့ဖွံ့ဖြိုးတိုးတက်မှု၏ လမ်းညွှန်စာရွက်စာတမ်းဖြစ်ကြောင်း သိရသည်။ ၁၉၉၁ ခုနှစ်တွင် နေတိုးအဖွဲ့၏ ရောမထိပ်သီးအစည်းအဝေး၌ “မဟာမိတ်များ၏ မဟာဗျူဟာမြောက် အယူအဆသစ်” အတည်ပြုခဲ့သည်။ ထို့နောက် နေတိုးအဖွဲ့မှ ၎င်း၏ မဟာဗျူဟာမြောက်အယူအဆများကို ကြိမ်ဖန်များစွာ ပြင်ဆင်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် အတည်ပြုခဲ့သော မဟာဗျူဟာမြောက်အယူအဆအတွင်း နေတိုးအဖွဲ့က ရုရှားအား “မိတ်ဖက်” အဖြစ် သတ်မှတ်ခဲ့ပြီး ရုရှားအပေါ် အရှိန်အဝါမြှင့်တင်ရေး၊ ကာကွယ်ရေးနှင့် တန်းတူတွေ့ဆုံဆွေးနွေးရေး မူဝါဒများကို အကောင်အထည်ဖော်ခဲ့သည်။

နေတိုးအဖွဲ့၏ ၂ ရက်ကြာ မက်ဒရစ်ထိပ်သီးအစည်းအဝေးကို ဇွန် ၂၉ ရက်တွင် စတင်ကျင်းပခဲ့သည်။ ယခုရက်ပိုင်းများတွင် ကမ္ဘာ့ဒေသအများအပြားရှိ ပြည်သူများနှင့် ပညာရှင်များက နေတိုးအဖွဲ့၏ စစ်အေးခေတ် အတွေးအခေါ်နှင့် ၎င်း၏ အဆက်မပြတ်ကျော်လွှားလိုသော သဘာဝနှင့် သြဇာလွှမ်းမိုးမှု အတိုင်းအတာ အပေါ် မေးခွန်းထုတ်ဝေဖန်ခဲ့ကြသည်။ စပိန်ငြိမ်းချမ်းရေးဖိုရမ်က ဇွန် ၂၆ ရက်တွင် လူပေါင်း‌ထောင်ချီ စုရုံးကာ နေတိုးတပ်ဖွဲ့ကို ဆန့်ကျင်ခြင်း၊ စစ်ရေးအသုံးစရိတ် တိုးမြှင့်ခြင်းကို ကန့်ကွက်သည့် ဆန္ဒပြ ချီတက်ပွဲ လုပ်ဆောင်ခဲ့ကြောင်းနှင့် စပိန်၊ ဂျာမနီ၊ အမေရိကန်၊ ကျူးဘားစသည့်နိုင်ငံများနှင့် အချို့သော နိုင်ငံတကာ အဖွဲ့အစည်းများလည်း ယင်းချီတက်ပွဲတွင် ပါဝင်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)
北约通过新战略概念 称俄罗斯是“最大且直接的威胁”
新华社马德里6月29日电(记者张章 刘昕宇)北约成员国领导人29日在西班牙马德里峰会上批准《北约2022战略概念》,称俄罗斯是北约“最大且直接的威胁”。
这份新的战略概念对北约所处安全环境进行评估并设定任务,以指导北约未来十年的发展。文件说,北约在未来十年有三大核心任务:威慑和防御、危机预防与管理、合作安全。俄罗斯是北约成员国安全和欧洲大西洋地区和平稳定的“最大且直接的威胁”。
俄罗斯外交部副部长里亚布科夫当天向媒体表示,北约将俄罗斯视为战略安全威胁,“但这并不是事实,是北约对俄罗斯构成威胁”。俄方谴责北约不负责任且破坏欧洲安全架构的政策,北约在马德里峰会上的决定不会影响俄方政策。
战略概念是指导北约发展的纲领性文件。1991年,北约罗马峰会通过《联盟的新战略概念》。此后,北约多次更新其战略概念。在2010年通过的战略概念中,北约把俄罗斯定义为“伙伴”,对俄罗斯实行威慑、防御、对话并行推进的政策。
为期两天的北约马德里峰会29日开幕。连日来,全球多地民众和有识之士对北约这一冷战产物及其不断突破性质和势力范围提出质疑和批评。西班牙和平论坛26日在马德里召集数千人参加反对北约、反对增加军费开支的大游行,来自西班牙、德国、美国、古巴等国家和一些国际组织的代表参加了游行。(参与记者:赵冰)(完)
图说- 这是6月29日在西班牙马德里拍摄的北约峰会现场。 新华社发(胡安·卡洛斯·罗哈斯摄)