Connect with us

Eastern Europe

အထူးစစ်ဆင်ရေး ပြီးဆုံးမည့်ရက် သတ်မှတ်ထားခြင်းမရှိကြောင်း ရုရှားပြော၊ ယူကရိန်း သမ္မတနှင့် နေတိုး အထွေထွေ အတွင်းရေးမှူးချုပ်တို့ ဖုန်းဖြင့် ဆက်သွယ်ညှိနှိုင်း

ယူကရိန်းနိုင်ငံ ခွာကစ်ဗ်ရှိ သေနတ်ကိုင်ဆောင်ထားသော ယူကရိန်းစစ်သားများအား ဇွန် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

ရုရှားအထူးစစ်ဆင်ရေးပြီးဆုံးမည့် ခန့်မှန်းခြေရက်ကို သတ်မှတ်ထားခြင်းမရှိကြောင်း ရုရှားနိုင်ငံ သမ္မတ၏ပြန်ကြားရေး အတွင်းရေးမှူး Dmitry Peskov က ဇွန် ၂၈ ရက်တွင် ပြောကြားခဲ့သည်။ ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ၎င်းသည် နေတိုးအထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg နှင့် နေတိုးမက်ဒရစ် ထိပ်သီးအစည်းအဝေး ညှိနှိုင်းဆောင်ရွက်ပေးသည့် ရပ်တည်ချက်နှင့် ပတ်သက်၍ ဖုန်းဖြင့်ဆက်သွယ်ခဲ့ကြောင်း ဇွန် ၂၈ ရက်တွင် လူမှုမီဒီယာ၌ ပြောကြားခဲ့သည်။

—— ရုရှား အထူးစစ်ဆင်ရေးပြီးဆုံးမည့်ရက်ကို သတ်မှတ်ထားခြင်း မရှိကြောင်း Peskov က ဇွန် ၂၈ ရက်တွင် မီဒီယာများအား ပြောကြားခဲ့သည်။ ၎င်းက ဇယ်လန်းစကီးပြောကြားခဲ့သည့် ဆောင်းရာသီမတိုင်မီ စစ်ပွဲအဆုံးသတ်မည့် အစီအစဉ်နှင့် ပတ်သက်၍ ပြောကြားရာတွင် အကယ်၍ ယူကရိန်းမှ အမျိုးသားရေးဝါဒီများ လက်နက်ချရန် အမိန့်ပေးနိုင်ပြီး ရုရှားတောင်းဆိုချက်များကို ဖြည့်ဆည်းပေးနိုင်ပါက အထူးစစ်ဆင်ရေးမှာ ယနေ့ပင် အဆုံးသတ်နိုင်ကြောင်း ၎င်းကဆိုသည်။

——အနောက်နိုင်ငံခေါင်းဆောင်များက အမျိုးသားလုံခြုံ‌ရေး ထိန်းသိမ်းသည့် နည်းလမ်းအပေါ် မှန်ကန်စွာ ဆုံးဖြတ်နိုင်စွမ်းမရှိသည့်အပြင် ယင်းဆုံးဖြတ်ချက်အတွက် တာဝန်ယူနိုင်စွမ်းလည်း မရှိကြောင်း G7 ထိပ်သီးအစည်းအဝေးက ဖော်ပြနေသည်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zakharova က ဇွန် ၂၈ ရက်တွင် ပြောကြားခဲ့သည်။ မည်သည့်သမိုင်းကာလတွင်မဆို နေတိုးတပ်ဖွဲ့သည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ရန်အတွက်မဟုတ်ဘဲ ရုရှားအားပစ်မှတ်ထားသည့် ရန်လိုမှုမူဝါဒကိုသာ ချမှတ်ခဲ့ကြောင်း ၎င်းကဆိုသည်။ နေတိုး၏ အခြေခံယုတ္တိမှာ အဆက်မပြတ်တိုးချဲ့ရန်၊ ရုရှားကို ဝိုင်းဝန်းပိတ်ပင်ရန်၊ ရုရှားနယ်စပ်တွင် စစ်ရေးတည်ရှိမှု တိုးချဲ့ရန်၊ စစ်လက်နက်အသစ်များဖြန့်ကျက်ထားရန်၊ ယခင်ကလက်မှတ်ရေးထိုးခဲ့သည့် ၎င်း၏ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်မှုကို ကန့်သတ်သော သဘောတူညီချက်နှင့် စံနှုန်းများကို ချိုးဖောက်ရန်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

—— အမေရိကန်နိုင်ငံက ရုရှားနိုင်ငံ‌ရေးသမားများနှင့် နာမည်ကြီးပုဂ္ဂိုလ်များအပေါ် ထပ်တလဲလဲ အရေးယူခဲ့ရာ ၎င်းကိုတုန့်ပြန်သည့်အနေဖြင့် ရုရှားက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၏ ဇနီးဖြစ်သူ ‌ဂျေးလ်ဘိုင်ဒန်နှင့် သမီးဖြစ်သူ အက်ရှလေဘိုင်ဒန် အပါအဝင် အမေရိကန်နိုင်ငံသား ၂၅ ဦး၏ ပြည်ဝင်ခွင့်ကို အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ဇွန် ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

—— ရုရှားစစ်တပ်က ဇွန် ၂၇ ရက်တွင် ပစ်မှတ်တိကျမှုမြင့်မားသော လက်နက်ဖြင့် Poltava ပြည်နယ် Kremenchuk မြို့ရှိ အမေရိကန်၊ ဥရောပနိုင်ငံများမှလာသည့် လက်နက်ခဲယမ်းများ သိုလှောင်ထားသည့် ဂိုဒေါင်ကို ဖျက်ဆီးခဲ့ကြောင်းနှင့် ယင်းလက်နက်ခဲယမ်းများ ပေါက်ကွဲမှုကြောင့် အနီးနားရှိ ရောင်းဝယ်မှု ရပ်တန့်ထားသော ဈေးဝယ်စင်တာ တစ်ခု မီးလောင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkov က ဇွန် ၂၈ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားလေတပ်က ခွာကစ်ဗ် မြို့ရှိ အဇော့တပ်ရင်း အခြေစိုက်စခန်းနှင့် ခွာကစ်ဗ်ပြည်နယ် လူနေရပ်ကွက်အနီးရှိ အမှတ် ၉၂ ခြေလျင်တပ်မဟာမှ တပ်ရင်းတစ်ခုကို တိုက်ခိုက်ခဲ့ရာ ယူကရိန်းစစ်တပ်နှင့် နိုင်ငံခြား ကြေးစားစစ်သား ၁၀၀ ကျော် သေဆုံးခဲ့ပြီး သံချပ်ကာယာဉ် ၁၅ စီး ကိုလည်း ဖျက်ဆီးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ အထူးစစ်ဆင်ရေး စတင်ပြီးနောက် ရုရှားတပ်မှ ဖျက်ဆီးခဲ့သည့် ယူကရိန်းစစ်တပ် လေယာဉ် ၂၁၈ စီး၊ ရဟတ်ယာဉ် ၁၃၃ စီး၊ မောင်းသူမဲ့လေယာဉ် ၁,၃၈၂ စီး ၊ လေကြောင်းရန်ကာကွယ်ရေးစနစ် ၃၅၀ စုံ၊ တင့်ကားနှင့်အခြားသံချပ်ကာယာဉ် ၃,၈၃၇ စီး၊ ဘဇူကာ ဒုံးလောင်ချာ ၆၉၀ လက်၊ အမြောက်နှင့်စိန်ပြောင်း ၃,၀၃၇ လက်၊ စစ်ဘက်သုံးအထူးယာဉ် ၃,၈၈၉ စီး ရှိပြီဖြစ်ကြောင်း ဆိုသည်။

—— ဇွန် ၂၈ ရက် နံနက်ပိုင်းအထိ ရုရှားသည် ကရှာဆွန်၊ ချာနီးကော့ဖ်၊ ဆူးမီ၊ ခွာကစ်ဗ် စသည့်ဒေသများ၌ အမြောက်များဖြင့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Ukrinform သတင်းဌာနက ယူကရိန်းဒေသအသီးသီးမှ စစ်ရေးဌာနများ၏ သတင်းများကို ကိုးကား၍ ဇွန် ၂၈ ရက်က ဖော်ပြခဲ့သည်။ လူးဟန့်စ်ခ် ဒေသတွင် ရုရှားစစ်တပ်က တောင်ပိုင်းနှင့် အနောက်တောင်ပိုင်းဒေသများမှ Lysychansk မြို့ကို တိုက်ခိုက်နေပြီး ယင်းမြို့နှင့် Donetsk ဒေသအကြား လမ်းပန်းဆက်သွယ်ရေးကို ဖြတ်တောက်ရန် ကြိုးပမ်းနေကြောင်း ဆိုသည်။ Donetsk ဒေသတွင် ရုရှားစစ်တပ်၏ အမြောက်များက ရှေ့တန်းတစ်လျှောက် ပစ်ခတ်ခဲ့ရာ Slovyansk နှင့် Toretsk စသည့်မြို့များ ထိမှန်ခဲ့ကြောင်း ဖော်ပြထားသည်။

—— ယူကရိန်းနိုင်ငံ အလယ်ပိုင်း Kremenchuk မြို့ရှိ ကုန်တိုက်တစ်ခုမှာ ဒုံးကျည်ပစ်ခတ်ခံရပြီး မီးလောင်ခဲ့ကြောင်းနှင့် ထိုချိန်တွင် ကုန်တိုက်အတွင်း အရပ်သားထောင်နှင့်ချီ၍ ရှိခဲ့ကြောင်း ဇယ်လန်းစကီးက ဇွန် ၂၇ ရက်တွင် ဆိုရှယ်မီဒီယာ၌ ရေးသားခဲ့သည်။

—— ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်က ဘရာဇီးနိုင်ငံ သမ္မတ ဘိုဆိုနာရို နှင့် ဇွန် ၂၇ ရက်တွင် ဖုန်းဖြင့်ဆက်သွယ်စဉ် ရုရှားအနေဖြင့် ဘရာဇီးသို့ ရုရှားဓာတ်မြေသြဇာ အဆက်မပြတ် ထောက်ပံ့ပေးမည့် တာဝန်ကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အနောက်နိုင်ငံများမှ ပိတ်ဆို့အရေးယူမှုများကြောင့် ပြိုကျခဲ့သည့် စားနပ်ရိက္ခာနှင့် ဓာတ်မြေသြဇာဆိုင်ရာ လွတ်လပ်သော ကုန်သွယ်မှုပုံစံကို ပြန်လည်ထူထောင်ရန်မှာ အရေးကြီးကြောင်း ပူတင်က အလေးထား ပြောကြားခဲ့သည်။ ထိုသို့ဆက်သွယ်ရာတွင် နှစ်နိုင်ငံခေါင်းဆောင်များက ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဖူလုံရေးပြဿနာကို ဆွေးနွေးခဲ့ပြီး နှစ်ဖက်စလုံးမှ နှစ်နိုင်ငံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ဆက်လက်ခိုင်မာစေရန်နှင့် စိုက်ပျိုးရေး၊ စွမ်းအင်စသည့် နယ်ပယ်များတွင် အပြန်အလှန် အကျိုးဖြစ်ထွန်းမည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ‌ပြောကြားခဲ့သည်။

—— ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ဇွန် ၂၇ ရက်တွင် ရုရှားနိုင်ငံဆိုင်ရာ ဂရိသံအမတ်အား ဆင့်ခေါ်ခဲ့ပြီး ရုရှားဆိုင်ရာ ဂရိသံရုံး ဝန်ထမ်း ၈ ဦးကို “မကြိုဆိုထိုက်သူ”အဖြစ် ကြေညာခဲ့ပြီး ၎င်းတို့အား ၈ ရက်အတွင်း နိုင်ငံမှ ထွက်ခွာရန် တောင်းဆိုထားကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသည်။ ထို့ပြင် ရုရှားက ဂရိအနေဖြင့် ရုရှားအပေါ် လုပ်ဆောင်သည့် ထိပ်တိုက်ရင်ဆိုင်သော စီမံချက်များ၊ ရုရှားသံတမန်များ နှင်ထုတ်ခြင်းနှင့် ယူကရိန်းအား စစ်ရေးအကူအညီများ ပေးပို့ခြင်းတို့ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

——ဇယ်လန်းစကီးက ၎င်းအနေဖြင့် နေတိုးအထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg နှင့် နေတိုးမက်ဒရစ် ထိပ်သီးအစည်းအဝေး ညှိနှိုင်းဆောင်ရွက်ပေးသည့် ရပ်တည်ချက်နှင့် ပတ်သက်၍ ဖုန်းဖြင့်ဆက်သွယ်ခဲ့ကြောင်း ဇွန် ၂၈ ရက်တွင် လူမှုမီဒီယာ၌ ပြောကြားခဲ့သည်။ ထိုသို့ဆက်သွယ်ဆွေးနွေးရာ ၎င်းက ရုရှား၏ တိုက်ခိုက်မှုကို တားဆီးရန် ယူကရိန်း၌ ဒုံးကျည်ကာကွယ်ရေးစနစ်များ ဖြန့်ကျက်ထားရှိမှုက အရေးကြီးကြောင်း အလေးထား ပြောကြားခဲ့သည်။

—— ဇယ်လန်းစကီးသည် ဇွန် ၂၇ ရက်တွင် အလည်အပတ် ရောက်ရှိလာသည့် မော်လ်ဒိုဗာ သမ္မတ Maia Sandu နှင့်‌ တွေ့ဆုံခဲ့ပြီး နှစ်ဘက်စလုံးမှ နှစ်ဘက်ဆက်ဆံရေး၊ ယူကရိန်းစစ်ပြီးကာလ ပြန်လည်ထူထောင်ရေးနှင့် ဥရောပဒေသတွင်း ပေါင်းစည်းမှု စသည့်အကြောင်းအရာနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း ယူကရိန်းသမ္မတဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ မော်လ်ဒိုဗာက ယူကရိန်းစစ်ပြီးကာလ ပြန်လည်ထူထောင်ရေးနှင့် ဆိပ်ကမ်းပိတ်ဆို့မှုကြောင့် ပို့ကုန်များတင်ပို့ရန် ရပ်ဆိုင်းထားသည့် ယူကရိန်းကုန်ပစ္စည်းများကို ပြောင်းရွှေ့ပို့ဆောင်ရာတွင် ကူညီပံ့ပိုးပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

—— ပြင်သစ်နိုင်ငံသည် ယူကရိန်းအား “အရေအတွက်များပြားသည့်” သံချပ်ကာတင်ယာဉ်များ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြင်သစ်ကာကွယ်ရေးဝန်ကြီး Sebastien Lecornu က ဇွန် ၂၇ ရက်တွင် ပြင်သစ်မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

…………………….
(Chinese Version)
最新动态:俄表示特别军事行动结束没有大致期限 乌总统与北约秘书长通电话协调立场
新华社北京6月28日电综合新华社驻外记者报道:俄罗斯总统新闻秘书佩斯科夫28日说,俄特别军事行动结束没有大致期限。乌克兰总统泽连斯基28日在社交媒体上说,他与北约秘书长斯托尔滕贝格通电话,就北约马德里峰会协调立场。
——佩斯科夫28日对媒体说,俄特别军事行动结束没有大致期限。他在评论泽连斯基有关计划到冬天前结束战事的言论时表示,如果乌方能够命令民族主义者放下武器并满足俄方条件,特别军事行动今天就可以结束。
——俄罗斯外交部发言人扎哈罗娃28日说,七国集团峰会表明,西方领导人没有能力确定维护国家安全的方式并为其做出的决定负责。她表示,无论在哪个历史阶段,北约都旨在建立针对俄罗斯的侵略政策,而不是应对全球性问题和挑战。北约的逻辑基础就是不断扩张,合围俄罗斯,在俄边界扩大军事存在,部署新武器,违反曾经签署的限制其自身发展的协议和准则。
——俄罗斯外交部28日发表声明说,作为对美方不断扩大对俄政治和公众人物制裁的回应,俄方决定无限期禁止25名美国公民入境,其中包括美国总统拜登的妻子吉尔和女儿阿什莉。
——俄罗斯国防部发言人科纳申科夫28日通报,俄军27日使用高精度武器摧毁了位于波尔塔瓦州克列缅丘格市存储美欧提供武器弹药的仓库,武器弹药爆炸致附近一家已停业的购物中心发生火灾。他还说,俄空天军对哈尔科夫市一“亚速营”驻点和哈尔科夫州一居民点附近的第92摩托化步兵旅下属某营实施打击,消灭100多名乌军及外国雇佣兵,摧毁15辆装甲机动车。自开展特别军事行动以来,俄军共摧毁乌军218架飞机、133架直升机、1382架无人机、350套防空导弹系统、3837辆坦克和其他装甲车、690台多管火箭炮、3037门野战火炮及迫击炮和3889辆特种军用车辆。
——乌克兰国家通讯社28日援引乌各地军事部门的消息报道,截至当日上午,俄军持续对赫尔松、切尔尼戈夫、苏梅、哈尔科夫等地区进行炮击。在卢甘斯克地区,俄军正从南部和西南部对利西昌斯克市发动进攻,试图阻断这座城市与顿涅茨克地区的交通联系。在顿涅茨克地区,俄军的炮击沿整个前线展开,斯拉维扬斯克、托列茨克等城市均遭打击。
——泽连斯基27日在社交媒体发文称,乌中部列缅丘格市一座商场遭导弹袭击,遂引发大火,袭击发生时商场内有上千名平民。
——俄罗斯总统普京27日与巴西总统博索纳罗通电话时表示,俄罗斯将履行义务,向巴西不间断地供应俄罗斯化肥。普京强调,恢复因西方制裁而崩溃的食品和化肥自由贸易架构十分重要。两国领导人在通话中讨论了全球粮食安全等问题,双方表示将继续加强两国战略伙伴关系,进一步扩大在农业、能源等领域的互利合作。
——俄罗斯外交部网站27日发表声明说,俄外交部当日召见希腊驻俄罗斯大使,宣布8名希腊在俄外交工作人员为“不受欢迎的人”,并要求其在8天内离境。声明说,俄方对希腊对俄罗斯采取对抗性政策,驱逐俄外交官,以及对乌克兰方面提供军事援助的行为表示强烈抗议。
——泽连斯基28日在社交媒体上说,他与北约秘书长斯托尔滕贝格通电话,就北约马德里峰会协调了立场。他在通话中强调了在乌克兰部署导弹防御系统以防止俄罗斯攻击的重要性。
——据乌克兰总统网站报道,泽连斯基27日在基辅会见了到访的摩尔多瓦总统桑杜,双方就双边合作、乌战后重建和欧洲一体化等议题进行了讨论。桑杜表示,摩尔多瓦愿为乌战后重建提供支持,愿帮助乌转运因港口封锁而暂停出口的货物。
——法国国防部长塞巴斯蒂安·勒科尔尼27日晚接受法国媒体采访时宣布,法国将向乌克兰提供“数量较多”的装甲运兵车。(参与记者:耿鹏宇、李铭、李东旭、唐霁、赵冰)(完)
图说-   6月1日,乌克兰士兵在哈尔科夫市自由广场持枪警戒,远处为哈尔科夫州政府行政大楼。新华社发(彼得·德鲁克摄)