Connect with us

International Organizations

တရုတ် တစ်နိုင်ငံတည်း မူဝါဒကို လိုက်နာကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အတည်ပြုပြောကြား

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ကျင်းပသည့် စားနပ်ရိက္ခာ၊ စွမ်းအင်နှင့် ဘဏ္ဍရေးဆိုင်ရာ အကျပ်အတည်း ကိုင်တွယ်ဖြေရှင်းရေးအဖွဲ့၏ အစီရင်ခံစာ ထုတ်ဖော်ရှင်းလင်းပွဲသို့ တက်ရောက်သည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်အား သြဂုတ် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပီလိုစီက တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ သွားရောက်ခြင်းအပေါ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာလိုက်နာကြောင်း သြဂုတ် ၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ၊ စွမ်းအင်နှင့် ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်း ကိုင်တွယ်ဖြေရှင်းရေးအဖွဲ့၏ အစီရင်ခံစာ ထုတ်ဖော်ရှင်းလင်းပွဲ၌ ပီလိုစီ၏ ထိုင်ဝမ်ဒေသသို့သွားရောက်ခြင်းနှင့် ပတ်သက်၍ သတင်းထောက်၏မေးမြန်းမှုကို ဖြေကြားရာတွင် ဂူတာရက်စ်က “ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က အရမ်းရှင်းပါတယ်။ ကျွန်တော်တို့က ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်ကို လိုက်နာပါတယ်။ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လိုက်နာပါတယ်။ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှု အားလုံးဟာ အဲဒီအပေါ်ပဲ အခြေခံပါတယ်” ဟု ပြောကြားခဲ့သည်။

၁၉၇၁ ခုနှစ်က ကျင်းပခဲ့သော ၂၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၌ အများစုထောက်ခံမှုဖြင့် ဆုံးဖြတ်ချက် ၂၇၅၈ ကို အတည်ပြုခဲ့ကြောင်းနှင့် ကုလသမဂ္ဂအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အခွင့်အရေး ပြန်လည်ရရှိရေးအတွက် ဆုံးဖြတ်ခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ ကိုယ်စားလှယ်သည် ကုလသမဂ္ဂရှိ တရုတ်နိုင်ငံ၏ တစ်ခုတည်းသော တရားဝင် ကိုယ်စားလှယ်ဖြစ်ကြောင်း အသိအမှတ်ပြုခဲ့သည်။ (Xinhua)

…………………
(Chinese Version)
联合国秘书长申明坚持一个中国原则
新华社联合国8月3日电(记者尚绪谦)针对美国国会众议长佩洛西窜访中国台湾地区,联合国秘书长古特雷斯3日申明坚持一个中国原则。
在联合国全球粮食、能源和金融危机应对小组报告发布会上被记者问及佩洛西窜访台湾一事时,古特雷斯说:“我们的立场十分明确。我们遵守联合国大会决议,遵守一个中国原则。我们所有的行动都以此为依据。”
1971年,第26届联合国大会以压倒性多数通过第2758号决议,决定恢复中华人民共和国在联合国的一切权利,承认中华人民共和国政府代表是中国在联合国的唯一合法代表。(完)
8月3日,在位于纽约的联合国总部,联合国秘书长古特雷斯出席联合国全球粮食、能源和金融危机应对小组第三次报告发布会。新华社记者谢锷摄