Connect with us

China

နန်စီ ပီလိုစီ၏ ထိုင်ဝမ်ခရီးစဉ်အပေါ် အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးက အမေရိကန်ဘက်သို့ အလေးအနက် အရေးဆို၍ ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ခဲ့

ဝါရှင်တန်၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပီလိုစီက တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ သွားရောက်ခြင်းအပေါ် အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ချင်ကန်းက ဩဂုတ် ၂ ရက်တွင်  အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီနှင့်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အလေးအနက် အရေးဆို၍ ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံဘက်က ကြိမ်ဖန်များစွာ အလေးအနက် အရေးဆိုမှုနှင့် ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်မှုများကို လျစ်လျူရှုပြီး အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပီလိုစီက ထိုင်ဝမ်ခရီးစဉ်ကို စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ချင်ကန်းက ပြောကြားခဲ့သည်။ ၎င်းမှာ ထိုင်ဝမ်အရေးကိစ္စတွင် အမေရိကန်က အပျက်သဘောဆောင်သည့်အသွင် အရှိန်အဟုန်ကို မြှင့်တင်စေခြင်းဖြစ်ရာ တရုတ်တစ်နိုင်ငံတည်းမူဝါဒနှင့်တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ ရပ်၏ သတ်မှတ်ချက်များကို ချိုးဖောက်ခြင်း၊ တရုတ်-အမေရိကန် ဆက်ဆံရေး နိုင်ငံရေးအခြေခံကို ရိုက်ခတ်ခြင်း၊ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်နက်ပြည်စုံမှုအား ထိပါးခြင်း၊ ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးခြင်း၊ “ထိုင်ဝမ် သီးခြားရပ်တည်ရေး” ခွဲထွက်ရေးအင်အားစုများကို မှားယွင်းသောအချက်ပြမှု ဖြစ်စေခြင်းဟူသော အခြေအနေ ဆိုးရွားခြင်း၊ အန္တရာယ်အလွန်ကြီးမားခြင်း၊ သက်ရောက်မှု အလွန်ဆိုးဝါးခြင်းများရှိစေကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချပြီး ဆန့်ကျင်ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။

တရုတ်တစ်နိုင်ငံတည်း မူဝါဒသည် တရုတ်-အမေရိကန် ဆက်ဆံရေး၏ နိုင်ငံရေးအခြေခံနှင့် ထိုင်ဝမ်အရေး ဖြေရှင်းရာ၌ အခြေခံလိုက်နာမှု ဖြစ်ကြောင်း ချင်ကန်းက ထောက်ပြ ပြောကြားခဲ့သည်။ အမေရိကန်လွှတ်တော်အနေဖြင့် အမေရိကန်အစိုးရ၏ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို တင်းကျပ်စွာ လေးစားလိုက်နာသင့်ရာ တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသနှင့် မည်သို့သော တရားဝင် အဆက်အသွယ်မျှ မထားရှိ သင့်ကြောင်း ၊ အမေရိကန်ဘက်မှ တရုတ်တစ်နိုင်ငံတည်းမူဝါဒ ပြောင်းလဲမည်မဟုတ်၊ “ထိုင်ဝမ် သီးခြားရပ်တည်ရေး”ကို အားပေးမည်မဟုတ် စသည့် ကတိကဝတ်များကို ကြိမ်ဖန်များစွာ ထပ်လောင်း ကတိပြုခဲ့ပြီး ယခုအခါ အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ ထိုင်ဝမ်သို့ သွားရောက်၍ တရုတ်နိုင်ငံကို ရန်စခဲ့ကြောင်း ၊ အမေရိကန်၏ တရုတ်တစ်နိုင်ငံတည်းမူဝါဒ ကတိကဝတ်က အဘယ်နည်း၊ အမေရိကန်၏ “ထိုင်ဝမ် သီးခြားရပ်တည်ရေး” အားမပေးဟူသော ကတိကဝတ်က အဘယ်နည်း၊ အမေရိကန်၏ နိုင်ငံတကာ တာဝန်ဝတ္တရားကတိကဝတ်က အဘယ်နည်း ၊ ကတိကဝတ်များကို ဖောက်ဖျက်၍ အကျပ်အတည်းဖြစ်အောင် ဖန်တီးခြင်း၊ ထိုင်ဝမ်ရေလက်ကြားတည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးသူသည် အခြားသူမဟုတ် ၊ အမေရိကန်သာလျှင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်နက်ပြည့်စုံမှုကို ခိုင်မာပြတ်သားစွာ ကာကွယ်ထိန်းသိမ်းရန်မှာ တရုတ်ပြည်သူ သန်းပေါင်း ၁,၄၀၀ ကျော်၏ မြဲမြံသောသန္နိဋ္ဌာန် ဖြစ်ကြောင်း ချင်ကန်းက အလေးထားပြောကြားခဲ့သည်။ ပြည်သူ့ဆန္ဒကို ဆန့်ကျင်၍မရ၊ မီးနှင့်ကစားသူ မီးမြိုက်ခံရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအပြည့်အဝ ပေါင်းစည်းရေးသည် တားဆီး၍မရသော သမိုင်းအခြေအနေဖြစ်ပြီး တရုတ်ပြည်သူများကို အနိုင်ကျင့်ဗိုလ်ကျ၍မရသလို တရုတ်လူမျိုးများကို ချိုးနှိမ်စော်ကား၍လည်းမရကြောင်း၊ တရုတ်နိုင်ငံ ပေါင်းစည်းရေးကို တားဆီးနှောင့်ယှက်ရန် ကြိုးပမ်းမှုမှန်သမျှသည် ရှုံးနိမ့်မည်သာဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် ခိုင်မာအားကောင်းသော တန်ပြန်နည်းလမ်းများနှင့် မလွဲမသွေ မုချဆောင်ရွက်သွားမည် ဖြစ်ရာ ထိုမှတစ်ဆင့် ဖြစ်ပွားသော ဆိုးဝါးသည့် နောက်ဆက်တွဲရလဒ်များကို အမေရိကန်နှင့် “ထိုင်ဝမ် သီးခြားရပ်တည်ရေး” ခွဲထွက်ရေးအင်အားစုများက တာဝန်ခံရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် အမေရိကန်ဘက်မှ “ထိုင်ဝမ်ကတ်” ဖြင့်၊ “ထိုင်ဝမ်ဖြင့် တရုတ်ကို တားဆီးရေး” ကြိုးပမ်းမှုကို ရပ်တန့်ရန်၊ မှားယွင်းသည့်လုပ်ဆောင်ချက်များကို ချက်ချင်းပြင်ဆင်ရန်၊ နန်စီပီလိုစီ၏ ထိုင်ဝမ်ခရီးစဉ်ကြောင့် ဆိုးဝါးသော သက်ရောက်မှုများကို စီမံထိန်းချုပ်ရှင်းလင်းရန်၊ တရုတ်နိုင်ငံ၏အချုပ်အခြာအာဏာနှင့်လုံခြုံရေးကို ထိပါးရန်   အန္တရာယ်နောက်တစ်ဆင့် ရှေ့တိုးခြင်း မလုပ်ဆောင်ရန် ၊ သမ္မတ ဘိုင်ဒန်၏ “ကြိုးပမ်းလုပ်ဆောင်မည်မဟုတ်ဟူသော ကိစ္စ ၄ ရပ်နှင့် ပဋိပက္ခဖြစ်လိုရန်ဆန္ဒမရှိ” ဟူသော ကတိကဝတ်များကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရန် အလေးအနက်ထား တိုက်တွန်းကြောင်း ချင်ကန်းက အလေးထား ပြောကြားခဲ့သည်။

လွန်ခဲ့သော ၂၅ နှစ်က အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ Newt Gingrich ၏ ထိုင်ဝမ်ခရီးစဉ်သည် လုံးဝဥဿုံမှားယွင်းမှု ဖြစ်ပြီး တရုတ်ဘက်က အစကတည်းကပင် ပြတ်သားစွာ ကန့်ကွက်ခဲ့ကြောင်း ၊ အမေရိကန်အနေဖြင့် ၎င်းဖြစ်ရပ်မှ သင်ခန်းစာယူရမည်ဖြစ်ရာ မှားပြီးရင်းမှား၊ အမှားပေါ်အမှားထပ်ဖြစ်အောင် ဆောင်ရွက်ရမည် မဟုတ်ကြောင်း ချင်ကန်းက ဩဂုတ် ၂ ရက် CNN အင်တာဗျူးတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံဘက်က နိုင်ငံ၏အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်နက်ပြည့်စုံမှုကို ကာကွယ်ထိန်းသိမ်းခွင့် အပြည့်အဝ ရှိသလို လိုအပ်သည့်နည်းလမ်းမှန်သမျှကိုလည်း ဆောင်ရွက်ခွင့် အပြည့်အဝရှိကြောင်း ၊ လက်ရှိအခြေအနေ အလုံးစုံသည် အမေရိကန်ဘက်က ဖန်တီး၍ ဖြစ်ပွားရခြင်းဖြစ်ရာ အမေရိကန်ဘက်ကသာ တာဝန်ယူရမည် ဖြစ်ကြောင်း ချင်ကန်းက ပြောကြားခဲ့သည်။ ယခုကာလများတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် ထိုင်ကြည့်နေမည်မဟုတ်ကြောင်း၊ တရုတ်စစ်တပ်၏ တာဝန်ဝတ္တရားသည် နိုင်ငံ၏အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်နက်ပြည့်စုံမှုကို ခိုင်မာပြတ်သားစွာ ကာကွယ်ခြင်း ဖြစ်ကြောင်း၊  ထို့အတွက် ခိုင်မာအားကောင်းသော နည်းလမ်းများနှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြိမ်ဖန်များစွာ ပြောကြားပြီး ဖြစ်သည်ဟု ၎င်းက အလေးထားပြောကြားခဲ့သည်။ (Xinhua)

…………………………………….

(Chinese Version)

(国际)中国驻美大使就佩洛西窜访台湾向美方提出严正交涉和强烈抗议

2022-08-03 18:16:09 分类: 政治法律

新华社华盛顿8月2日电(记者颜亮 邓仙来)中国驻美国大使秦刚2日就美国国会众议长佩洛西窜访中国台湾地区向美白宫国家安全委员会和国务院提出严正交涉,表达强烈抗议。  秦刚表示,美方不顾中方反复严正交涉和坚决反对,悍然安排众议长佩洛西窜访台湾。这是美在台湾问题上消极动向的重大升级,严重违反一个中国原则和中美三个联合公报规定,严重冲击中美关系政治基础,严重侵犯中国主权和领土完整,严重破坏台海和平稳定,向“台独”分裂势力发出严重错误信号,性质极恶,危害极大,影响极坏。中方对此予以强烈谴责和强烈抗议。  秦刚指出,一个中国原则是中美关系的政治基础和处理台湾问题最根本的遵循。美国会理应严格遵守美政府的一个中国政策,不与中国台湾地区进行任何官方往来。美方多次重申不改变一中政策、不支持“台独”等承诺,现在美众议长却窜访台湾、挑衅中方。美方对一个中国原则和中美三个联合公报规定的承诺何在?美方对不支持“台独”的承诺何在?美方对国际义务的承诺又何在?事实证明,背信弃义、引发危机、破坏台海和平稳定的不是别人,正是美方!  秦刚强调,坚决维护中国国家主权和领土完整是14亿多中国人民的坚定意志。民意不可违,玩火必自焚!中国完全统一是不可阻挡的历史大势,中国人民不可欺!中华民族不可辱!任何试图干扰阻挠中国统一的图谋必将遭到失败!中方必将采取坚决应对和有力反制措施,由此造成的一切严重后果必须由美方和“台独”分裂势力负责。  秦刚强调,中方严正敦促美方停止打“台湾牌”搞“以台制华”,立即纠正错误做法,管控和消除佩洛西窜访台湾地区的恶劣影响,不得进一步采取危险、挑衅举动侵犯中国主权和安全,以实际行动将拜登总统做出的“四不一无意”承诺落到实处。  秦刚2日当天在接受美国有线电视新闻网采访时说,25年前时任美国国会众议长金里奇窜访台湾地区就是完全错误的,中方一开始就坚决反对。美方应从中汲取教训,而不是一错再错、错上加错。  秦刚说,中方完全有权利维护国家主权和领土完整,完全有理由采取一切必要措施。当前形势完全是美方造成的,当然要由美方承担责任。他强调,近来中方已经反复表明,中国人民解放军绝不会坐视不管,中国军队的职责就是坚决捍卫国家主权和领土完整,并必将为此采取一切坚决、强有力的措施。(完)