Connect with us

Eastern Europe

ရုရှားက ယူကရိန်း လယ်ယာထွက်ကုန် တင်ပို့မှုကို ပိတ်ဆို့ခြင်းမရှိ၊ စားနပ်ရိက္ခာ အကျပ်အတည်း၏ အရင်းအမြစ်က အနောက်တိုင်းဖြစ်ကြောင်း ပူတင်ပြော

ရုရှားသမ္မတ ဗလာတီမာပူတင်အား ဧပြီ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၅ ရက် (ဆင်ဟွာ)

ရုရှားသည် ယူကရိန်း၏ လယ်ယာထွက်ကုန် တင်ပို့မှုအပေါ် နှောက်ယှက်ခြင်းမကြောင်း၊ စားနပ်ရိက္ခာ အကျပ်အတည်း ပိုမိုပြင်းထန်လာသည်ဟု ရုရှားအပေါ် အနောက်တိုင်းနိုင်ငံများ၏ ပြစ်တင်မှုက ၎င်းတို့အနေဖြင့် တာဝန်လွှဲချရန်သာဖြစ်ကြောင်း ရုရှားသမ္မတ ဗလာတီမာပူတင်က ဇွန် ၃ ရက်တွင် တုံ့ပြန်ပြောကြားခဲ့သည်။
အရင်းအမြစ်က အနောက်နိုင်ငံမှာဖြစ်အနောက်နိုင်ငံများမှ ရုရှားနှင့် ဘီလာရုဇ်အပေါ် ပစ်မှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများသည် ဓာတ်မြေသြဇာရောင်းဝယ်မှု အပေါ် သက်ရောက်ခြင်း၊ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်ခြင်း ဖြစ်ပေါ်စေခဲ့ရာ ၎င်းက နိုင်ငံတကာ စားနပ်ရိက္ခာ အကျပ်အတည်းကို ပြင်းထန်စေခဲ့သည်ဟု ပူတင်က ပြောကြားခဲ့ကြောင်း အာဖရိကသမဂ္ဂ အလှည့်ကျ ဥက္ကဌနှင့် ဆီနီဂေါနိုင်ငံသမ္မတ Macky Sall က ပူတင်နှင့် ရုရှားနိုင်ငံ တောင်ပိုင်း ဆိုချီမြို့၌ ဇွန် ၃ ရက်က တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ပြောကြားခဲ့သည်။

ပူတင်၏ ပြောကြားချက်အရ လက်ရှိကမ္ဘာ့စားသောက်ကုန်ဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ပြဿနာအပေါ် အနောက်တိုင်းနိုင်ငံများက တာဝန်လွှဲချရန် ကြိုးပမ်းနေပြီး ၎င်းတို့က မည်သည့် စီမံချက်မှ လုပ်ဆောင်ခြင်းမရှိကြောင်း သိရသည်။ ကမ္ဘာ့စားသောက်ကုန် ဈေးကွက်ပြဿနာမှာ မနေ့တစ်နေ့က ဖြစ်ပွားခဲ့သည်မဟုတ်သလို ရုရှားအထူးစစ်ဆင်ရေး စတင်ခဲ့သည့် ယခုနှစ်ဖေဖော်ဝါရီမှ စတင်ဖြစ်ပွားခဲ့သည်လည်း မဟုတ်ကြောင်း၊ ယင်းပြဿနာမှာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှ ပေါ်လွင်ခဲ့ကြောင်း ဆိုသည်။

စားနပ်ရိက္ခာအကျပ်အတည်း ပြင်းထန်လာခြင်း၏ အရင်းအမြစ်က အမေရိကန်၏ ကပ်ရောဂါကာလအတွင်း ဘဏ္ဍာရေးဆိုင်ရာ မူဝါဒများနှင့် ဥရောပနိုင်ငံများ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အပေါ် အလွန်အကျွံ အားထားမှုဖြစ်ကြောင်း ပူတင်က ထောက်ပြခဲ့သည်။ သမရိုးကျစွမ်းအင် ရင်းနှီးမြှုပ်နှံမှု မလုံလောက်ခြင်းကြောင့် သဘာဝဓာတ်ငွေ့ ဈေးနှုန်းအဆမတန်မြင့်တက်လာခြင်း၊ ဓာတ်ငွေ့မြင့်တက်လာခြင်းက ဓာတ်မြေဩဇာ ထုတ်လုပ်သူများအတွက် အကျိုးအမြတ်မရှိသည့်အတွက် လုပ်ငန်းရပ်တန့်ခဲ့ရခြင်း ထိုမှတစ်ဆင့် ဓာတ်မြေဩဇာ ထောက်ပံ့မှုအပေါ် သက်ရောက်ကာ စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာခဲ့ရသည်။

ရုရှား-ယူကရိန်းနှစ်နိုင်ငံစလုံးသည် လယ်ယာထွက် ပို့ကုန်နိုင်ငံကြီးများ ဖြစ်သည်။ အာဖရိကတိုက်နိုင်ငံများက ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်း၏ အကျိုးဆက်ခံစားရသူများဖြစ်ကြောင်း Sall က ပြောကြားခဲ့သည်။

တင်ပို့ရန် လမ်းကြောင်းပေါများ
ရုရှားက ယူကရိန်း၏ လယ်ထွက်ကုန်တင်ပို့မှုအပေါ် နှောက်ယှက်ခြင်းပြောကြားမှုနှင့် ပတ်သက်၍ ယူကရိန်းမှ ပြင်ပသို့ လယ်ထွက်ကုန်တင်ပို့ရန် နည်းလမ်းအများအပြားရှိကြောင်း ပူတင်က အလေးထားပြောကြားခဲ့သည်။
ရုရှားစစ်တပ်က Azovstal ပင်လယ်နှင့် ပင်လယ်နက်မှ ကုန်တင်သင်္ဘောများ ဘေးကင်းစွာ ဖြတ်သန်းနိုင်ရန် ပင်လယ်နက် ပိုင်နက်ရေပြင်ရှိ မပေါက်ကွဲသေးသော မိုင်းများရှင်းလင်းနေကြောင်း ၎င်းကဆိုသည်။ “ဆိပ်ကမ်းမှာ မိုင်းချခဲ့တဲ့လူတွေက ရုရှားစစ်တပ်မဟုတ်ပါဘူး၊ ယူကရိန်းနိုင်ငံသားတွေ ဖြစ်တယ်၊ မိုင်းတွေရှင်းလင်းဖို့ညွှန်ကြားထားပါတယ်၊ မိမိအနေနဲ့တဲ့ ကုန်တင်သင်္ဘော ဖြတ်သန်းဖို့ ဘေးကင်ရန် အာမခံပါတယ်” ဟု ၎င်းကဆိုသည်။

ယူကရိန်းမှ လယ်ယာထွက်ကုန်များကို ဘီလာရုဇ်မှတစ်ဆင့် နိုင်ငံတကာသို့ပို့လျှင် ကုန်ကျစရိတ် အသက်သာဆုံးနှင့် အမြန်ဆုံးဖြစ်မည်။ သို့သော် ထိုသို့ဆောင်ရွက်ရန်အတွက် အနောက်နိုင်ငံမှ ဘီလာရုဇ်အပေါ် ချမှတ်သည့် ပိတ်ဆို့အရေးယူမှုကို ဖျက်သိမ်းရမည်ဖြစ်သည်။

ဘီလာရုဇ်အနေဖြင့် ယူကရိန်းမှ လယ်ယာထုတ်ကုန်များကို ရထားလမ်းမှတစ်ဆင့် ဥရောပတိုက် ဆိပ်ကမ်းများသို့ ပို့ဆောင်ရန် အသင့်ရှိကြောင်း ဘီလာရုဇ်သမ္မတ Lukashenko က ဇွန် ၃ ရက် အစောပိုင်းတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်အား ပြောကြားခဲ့သည်။ သို့သော် ပိတ်ဆို့အရေးယူမှုများကြောင့် ယင်းဆိပ်ကမ်းများက ဘီလာရုဇ်၏ ကုန်ပစ္စည်းကို လက်ခံမည်မဟုတ်ကြောင်း သိရသည်။ ဂူတာရက်စ်က လာမည့်ရက်များတွင် သက်ဆိုင်ရာနိုင်ငံနှင့် ဆွေးနွေးသွားမည်ဟု ပြောကြားခဲ့သည်။

ရုရှားက ဂျုံတင်ပို့မှု တိုးမြင့်သွားမည်ဖြစ်ကြောင်း ပူတင်းက ပြောကြားခဲ့သည်။ ၂၀၂၁-၂၀၂၂ စိုက်ပျိုးရေးနှစ်တွင် ရုရှားဂျုံတင်ပို့မှု တန်ချိန် ၃၇ သန်းရှိရာ ၊ ၂၀၂၂-၂၀၂၃ စိုက်ပျိုးရေးနှစ်တွင် ရုရှားက ဂျုံတန်ချိန် သန်း ၅၀ အထိ တင်ပို့သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ (Xinhua)
#RUSSIA, #UKRAINE, #Xinhua, #Myanmar, #XinhuaMyanmar, #ရုရှား, #ယူကရိန်း, #ဆင်ဟွာ, #မြန်မာ #ဆင်ဟွာမြန်မာ

————————————

(Chinese Version)
普京:粮食危机加剧根源在西方 俄未阻乌克兰出口谷物
新华社北京6月4日电 俄罗斯总统弗拉基米尔·普京3日驳斥西方国家关于俄罗斯加剧全球粮食危机的指责。他强调俄没有干扰乌克兰出口谷物,是西方国家试图推卸责任。
根源在西
普京3日在俄黑海海滨城市索契会晤非洲联盟轮值主席、塞内加尔总统马基·萨勒,随后接受俄罗斯媒体电视专访。普京说,西方国家针对俄罗斯和白俄罗斯的制裁影响化肥交易、导致食品价格飞涨,只会加剧全球粮食危机。
按照普京的说法,对全球食品市场目前发生的事,西方国家试图推卸责任,不采取任何措施。全球食品市场状况不乐观并非从昨天开始,也并非始于今年2月俄发起特别军事行动之时,而是在2020年2月应对新冠疫情全球大流行时就已经有所体现。
普京指出,粮食危机加剧,根源在于美国疫情期间的财政政策以及欧洲国家过度依赖可再生能源、签订短期天然气供应合同。他解释说,对传统能源投入不足导致天然气价格飞涨,高气价导致许多化肥生产商因无法盈利而停产,进而影响化肥供应,从而推高食品价格。
俄罗斯和乌克兰是全球粮食出口大国。萨勒当天与普京会面时提到,非洲国家是全球食品危机的受害者。
出口途径多
针对所谓俄罗斯干扰乌克兰谷物出口的说法,普京强调,事实上有多种办法把谷物运出乌克兰。
他说,俄军即将清理完黑海控制区的未炸水雷,以确保物资船只安全通过亚速海和黑海。“在港口埋设水雷的人不是我们,而是乌克兰人。我多次让他们清除水雷,让运送谷物的船只通行。我们确保船只通行没有任何问题。”
普京还说,乌克兰谷物经白俄罗斯运至全球各地是成本最低、最便捷的方式。不过,这样做的前提是西方国家解除针对白俄罗斯的制裁。
白俄罗斯总统亚历山大·卢卡申科3日早些时候告诉联合国秘书长安东尼奥·古特雷斯,白方已经做好准备,可将乌克兰的谷物经由铁路运至欧洲多个港口。不过,受制裁影响,这些港口目前不接受来自白俄罗斯的物资。古特雷斯说,他将在今后几天与相关国家讨论。
普京在这次专访中宣布,俄罗斯将增加小麦出口。“2021-2022农业年(2021年7月1日至2022年6月30日),俄罗斯将出口3700万吨小麦。2022-2023农业年,俄罗斯将把小麦出口量增加到5000万吨。”(包雪琳)
图说- 4月12日,俄罗斯总统普京在俄远东地区东方航天发射场发表讲话。新华社/卫星社