Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ နေရာအများအပြားတွင် ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၂၀ သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ Baghlan ပြည်နယ်တွင် ရေကြီးရေလျှံမှုများကြား ဖြတ်သန်းသွားနေသည့် ကလေးငယ်များအား မေ ၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ်၊ မေ ၆ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ပြည်နယ် ၁၀ ခု ကျော်တွင် မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် လူ ၂၀ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၃၀ ရှိကြောင်း အာဖဂန် အရာရှိတစ်ဦးက မေ ၄ ရက်တွင် ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ Baghlanပြည်နယ်တွင် ရေကြီးရေလျှံမှုများကြား ဖြတ်သန်းသွားနေသည့် အမျိုးသားတစ်ဦးအား မေ ၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ Baghlanပြည်နယ်တွင် ရေကြီးရေလျှံမှုများကြား ဖြတ်သန်းသွားနေသူများအား မေ ၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရေကြီးမှုကြောင့် နေအိမ်ပေါင်း ၁၀၀ ခန့် ပျက်စီးခဲ့ပြီး အိမ်မွေးတိရစ္ဆာန် ၁၀၀ ခန့် ရေနစ်မြုပ်သေဆုံးခဲ့ကြောင်း အာဖဂန် ကြားဖြတ်အစိုးရ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ ယာယီဒုတိယ ဝန်ကြီး Sharafuddin Muslim က မေ ၄ ရက်တွင် မီဒီယာများအား ပြောကြားခဲ့သည်။ ရေဘေးဒဏ်သင့်နေရာများတွင် ကူညီကယ်ဆယ်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရေကြီးရေလျှံဖြစ်ပွားသည့် ဒေသများတွင် Parwan၊ Baghlan ၊ Badghis ၊ Kandahar ၊ Helmand ၊ Herat ၊ Kondoz စသည့် ပြည်နယ် ၁၀ ခုကျော်ပါဝင်ကြောင်း ၊ ၎င်းတို့အနက် Parwan ၊ Baghlan ၊ Badghis ပြည်နယ်များ၏ ကပ်ဘေးအခြေအနေ အဆိုးဝါးဆုံး ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………………
(Chinese Version)
阿富汗多地洪灾致20人丧生
2022-05-05 04:04:13
新华社喀布尔5月4日电(记者史先涛)阿富汗官员4日说,阿富汗10多个省近日因暴雨引发洪水灾害,造成20人丧生、30人受伤。
阿富汗临时政府灾害管理部代理副部长穆斯利姆4日对媒体说,洪水还冲毁约100所房屋,淹死100多头牲畜。政府已在受灾地区展开救援工作。
发生洪灾的地区包括帕尔万省、巴格兰省、巴德吉斯省、坎大哈省、赫尔曼德省、赫拉特省、昆都士省等10多个省份,其中帕尔万省、巴格兰省、巴德吉斯省受灾最为严重。(完)
图说1:5月4日,在阿富汗巴格兰省,当地儿童涉水前行。新华社发(迈赫拉卜·易卜拉希米摄)
图说2:5月4日,在阿富汗巴格兰省,一名男子涉水前行。新华社发(迈赫拉卜·易卜拉希米摄)
图说3:5月4日,在阿富汗巴格兰省,人们涉水前行。新华社发(迈赫拉卜·易卜拉希米摄)