Connect with us

Europe

အနောက်နိုင်ငံများမှ ယူကရိန်းသို့ ထောက်လှမ်းရေးနှင့် လက်နက်များ ထောက်ပံ့ခြင်းက ရုရှား လိုလားသော ရလဒ်ရရှိရေး တားဆီးနိုင်မည်မဟုတ်ဟု ရုရှားအရာရှိပြော

ရုရှားနိုင်ငံ မြို့တော်မော်စကို၌ စစ်ရေးပြလေ့ကျင့်မှုတွင် ပါဝင်သည့်စစ်ဘက်သုံးယာဉ်များအား မေ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ မေ ၆ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ သမ္မတ၏ပြန်ကြားရေး အတွင်းဝန် Dmitry Peskov က အမေရိကန်စသော အနောက်နိုင်ငံနှင့် မြောက်အတ္တလန္တိတိတ် စာချုပ်ဝင်နိုင်ငံများအဖွဲ့ (NATO) က ယူကရိန်းအား ထောက်လှမ်းရေးနှင့် လက်နက်များ ထောက်ပံ့ပေးနေသည်ကို ပြစ်တင်ဝေဖန်ခဲ့ပြီး ယင်းလုပ်ဆောင်ချက်များက ရုရှား၏ “သတ်မှတ်ထားသည့် ရည်ရွယ်ချက် ရရှိခြင်း” ကို တားဆီးနိုင်မည်မဟုတ်ကြောင်း ၎င်းက မေ ၅ ရက်တွင်ပြောကြားခဲ့သည်။

မာရီယူပိုးလ်ရှိ Azovstal စက်ရုံမှ ထွက်ခွာလာသည့် အရပ်သားများအား မေ ၁ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ရုရှားသည် အမေရိကန်၊ ဗြိတိန်နှင့် နေတိုးတို့က တစ်ဖွဲ့တည်းအနေဖြင့် ယူကရိန်းအား ထောက်လှမ်းရေးနှင့် လက်နက်များ “ဆက်တိုက်” ထောက်ပံ့ပေးနေသည်ကို “အစောကတည်းက” သိထားပြီး ယင်းလုပ်ဆောင်ချက်က ရုရှားအနေဖြင့် စစ်ပွဲကို မြန်ဆန်စွာ အဆုံးသတ်ရန် အကျိုးမဖြစ်ထွန်းသော်လည်း ရုရှား၏ သတ်မှတ်ထားသော ရည်ရွယ်ချက် ရရှိရန်ကို တားဆီးနိုင်မည်မဟုတ်ကြောင်း Peskov က ထိုနေ့တွင် New York Times ၏ အစီရင်ခံစာတစ်ရပ်အား တုံ့ပြန်ရာတွင် ပြောကြားခဲ့သည်။

ရုရှား၏စစ်ရေးလှုပ်ရှားမှု အခြေအနေအသစ် ထောက်ပံ့ပေးကာ ရုရှားအကြီးတန်းအရာရှိအား ပစ်မှတ်ထားသတ်ဖြတ်မှုတွင် အမေရိကန်က ယူကရိန်းအား အကူအညီပေးခဲ့ကြောင်း မေ ၅ ရက်တွင် New York Times က အမေရိကန်အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။ ယင်းဖော်ပြချက်အပေါ် အိမ်ဖြူတော်နှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့က တုံ့ပြန်ပြောကြားခြင်းမရှိခဲ့ပေ။ သို့သော် အမေရိကန်သည် ယူကရိန်းအား ရုရှား၏ လှုပ်ရှားမှုအခြေအနေများနှင့် ပတ်သက်သည့် “တိကျပြီး အချိန်မီ” သော ထောက်လှမ်းရေးအချက်အလက်များစွာ ထောက်ပံ့ပေးခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြီးခဲ့သည့်လတွင် အတည်ပြုပြောကြားခဲ့သည်။
ယူကရိန်းစစ်တပ် ကာကွယ်ရေးဦးစီးချုပ် Valery Zaluzhny က မေ ၅ ရက်တွင် ယူကရိန်းအား လက်နက်များထပ်မံပံ့ပိုးရန် တောင်းဆိုခဲ့သည်။ ထိုနေ့တွင် ၎င်းက အမေရိကန်စစ်တပ် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဌ Mark Milley အား ယူကရိန်းစစ်ရေး အခြေအနေကို ရှင်းလင်းပြောကြားပြီးနောက် အမေရိကန်ထုတ် ဘဇူကာဒုံးလောင်ချာ မော်ဒယ်အမျိုးအစား နှစ်မျိုးကို အမည်တပ်ကာ ၎င်းတို့က ယူကရိန်းအတွက် “အလွန်အရေးကြီးကြောင်း” ပြောကြားခဲ့သည်။

အမေရိကန်စသော အနောက်နိုင်ငံများက ယူကရိန်းအား လက်နက်များ အဆက်မပြတ်ထောက်ပံ့ပေးကာ ရေရှည်၌ ပဋိပက္ခအားဖြင့် ရုရှား၏ အင်အား လျော့နည်းစေရန် ကြံစည်နေကြောင်း ရုရှားက ပြစ်တင်ပြောကြားခဲ့သည်။ အမှန်တကယ်တွင်မူ အမေရိကန်ဦးဆောင်သည့် နေတိုးအဖွဲ့ “ကိုယ်စားလှယ်” ကို အသုံးချကာ ရုရှားနှင့် တိုက်ခိုက်နေကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ရုရှားစစ်တပ်က မာရီယူပိုးလ်ရှိ Azovstal စက်ရုံ ပတ်ဝန်းကျင်ဒေသသို့ ဝင်ရောက်ခဲ့ကြောင်း ယူကရိန်း၏ ပြောကြားချက်မှာ မမှန်ကန်ကြောင်း Peskov က မေ ၅ ရက်တွင် တုံ့ပြန် ပြောကြားခဲ့သည်။ ရုရှားသမ္မတ ဗလာတီမာပူတင်က Azovstal စက်ရုံအား ထိုးစစ်ဆင်မည့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ပြီး ပိတ်ဆို့ခြင်းအခြေအနေသို့ ပြောင်းလဲရန် ယခင်လက အမိန့်ချခဲ့ကြောင်းနှင့် ပူတင်မှ “အခြားမည်သည့်အမိန့်ကိုမှ ချမှတ်ခြင်းမရှိကြောင်း” ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ ထို့ပြင် လူသားချင်းစာနာထောက်ထားမှု လမ်းကြောင်းသည် မေ ၅ ရက်တွင် စတင်ဖွင့်လှစ်လည်ပတ်ကြောင်း သိရသည်။

ရုရှားစစ်တပ်သည် အရပ်သားများအား Azovstal စက်ရုံမှ ထွက်ခွာရန် မော်စကိုစံတော်ချိန် မေ ၅ ရက်၊ ၆ ရက်၊ ၇ ရက်၏ နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ လူသားချင်းစာနာထောက်ထားမှု လမ်းကြောင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရုရှားက မေ ၄ ရက်တွင် ကြေညာခဲ့သည်။ ယင်းကာလအတွင်း ရုရှားနှင့် ဒွန်းနက်စ် တပ်ဖွဲ့တို့က အရပ်သားများ ထွက်ခွာရန် စစ်ရေးလှုပ်ရှားမှုအားလုံးကို တစ်ဖက်သတ်ရပ်တန့်သွားမည်ဖြစ်ကြောင်း သိရသည်။

ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ယင်းအပစ်အခတ်ရပ်ဆိုင်းရေးအချိန်အား တိုးမြှင့်ပေးရန် မေ ၅ ရက်အစောပိုင်းတွင် တောင်းဆိုခဲ့သည်။(Xinhua)

……………………………………..
(Chinese Version)
俄官员:西方向乌提供情报和武器无法阻止俄达成“目标”

新华社北京5月6日电 俄罗斯总统新闻秘书德米特里·佩斯科夫5日批评美国等西方国家和北大西洋公约组织向乌克兰提供情报和武器,说上述举动无法阻止俄罗斯“达成既定目标”。

佩斯科夫当天回应《纽约时报》一篇报道时说,俄方“早就知道”美国、英国和北约作为一个整体,“持续”向乌克兰提供情报和武器,上述举动不利于俄方“快速”结束军事行动,但“无法阻止(俄方)实现既定目标”。

《纽约时报》5日早些时候援引美方官员的话报道,美方向乌方提供俄方军事动向,协助乌方锁定并打死俄方高级军官。美国白宫和国防部暂时没有回应这一报道。不过,美国官员上月承认,美方向乌方提供“大量具体和及时”情报,涉及俄方计划和动向。

乌克兰武装部队总司令瓦列里·扎卢日内5日再次呼吁向乌克兰提供武器。他当天向美军参谋长联席会议主席马克·米利通报乌方军事进展后点名两个型号的美制多管火箭炮系统,说它们对乌方而言“至关重要”。

俄方指责美国等西方国家不断向乌克兰输送武器,企图延长冲突以重创俄罗斯,以美国为首的北约实际在利用“代理人”与俄罗斯开战。

另外,针对乌方所说俄军已进入马里乌波尔的亚速钢铁厂范围,佩斯科夫5日回应说这一说法不实。他重申,俄总统弗拉基米尔·普京上月已下令取消强攻亚速钢铁厂的计划、改为封锁,普京“没有下达其他指令”,而且人道主义走廊5日已经开始运转。

俄罗斯方面4日宣布,俄武装力量将于莫斯科时间5日、6日、7日的8时至18时开通人道主义走廊,供平民从亚速钢铁厂撤离。在此期间,俄罗斯和顿涅茨克武装力量将单方面停止所有作战行动,保障平民撤离。

乌克兰总统弗拉基米尔·泽连斯基5日早些时候呼吁延长这一停火。(郑昊宁)

图说1- 5月4日,在俄罗斯首都莫斯科,参加阅兵活动彩排的军用车辆从市区驶过。新华社发(亚历山大摄)
图说2- 5月1日,在顿涅茨克别济缅诺耶,从马里乌波尔市的亚速钢铁厂及周边地区撤出的平民抵达安置点。新华社发(维克托摄)