Connect with us

China

ကမ္ဘာမြေထိပ်ခေါင်အမြင့်နေရာက တရုတ်သိပ္ပံပညာရှင်များ၏ စူးစမ်းလေ့လာခြင်း

ချိုမိုလန်းမား (သို့မဟုတ်) ဧဝရတ်တောင်ထိပ်၏ မြင်ကွင်းအား မေ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လားဆ၊ မေ ၆ ရက် (ဆင်ဟွာ)

တရုတ်သိပ္ပံပညာရှင် ၁၃ ဦးသည် မေ ၄ ရက် နေ့လယ်ပိုင်းတွင် “တောင်အထွတ်အထိပ် လုပ်ငန်းတာဝန်များ”ကို ထမ်းဆောင်ရန်အတွက် ကမ္ဘာ့အမြင့်ဆုံးတောင် ချိုမိုလန်းမား(သို့မဟုတ်)ဧဝရတ်တောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက်ခဲ့သည်။

ချိုမိုလန်းမား (သို့မဟုတ်) ဧဝရတ်တောင်ထိပ်သို့ ခရီးနှင်နေသည့် တရုတ်သိပ္ပံစူးစမ်းလေ့လာရေးအဖွဲ့အား မေ ၄ ရက်က နံနက်ပိုင်းက တွေ့ရစဉ်(ဆင်ဟွာ)

ချိုမိုလန်းမား(သို့မဟုတ်)ဧဝရတ်တောင်တက်အဖွဲ့စခန်းအား မေ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

၄င်းမှာ တရုတ်နိုင်ငံ ချိုမိုလန်းမားတောင်ထိပ် သိပ္ပံပညာရှင်အဖွဲ့၏ ပထမဆုံးအကြိမ် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၈,၀၀၀ ကျော်ကို ရောက်ရှိခဲ့ခြင်း ဖြစ်ပြီး ချင်းဟိုင်-တိဗက် ကုန်းပြင်မြင့် သိပ္ပံပညာရပ်ဆိုင်ရာ လေ့လာရေးသုတေသနအတွက် အရေးပါသည့် သမိုင်းမှတ်တိုင်တစ်ခုလည်း ဖြစ်သည်။

သိပ္ပံပညာရပ်ဆိုင်ရာလေ့လာရေးအဖွဲ့ဝင်များက ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၈,၈၃၀ တွင် ကမ္ဘာ့အမြင့်ဆုံး အလိုအလျောက် မိုးလေဝသစခန်းတည်ဆောက်ခဲ့ပြီး အမြင့် မီတာ ၈၈၄၈.၈၆ ရှိ တောင်ထိပ်တွင် တိကျမှုမြင့်မားသော ရေဒါစနစ်ဖြင့် နှင်းရေခဲထု၏အထူကို တိုင်းတာခဲ့သည်။

ချိုမိုလန်းမား(သို့မဟုတ်)ဧဝရတ်တောင်ထိပ်တွင် တရုတ်သိပ္ပံစူးစမ်းလေ့လာရေးအဖွဲ့က ရေခဲနှင်း နမူနာယူနေသည်ကို မေ ၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ သိပ္ပံစူးစမ်းလေ့လာရေးအဖွဲ့က ချိုမိုလန်းမား(သို့မဟုတ်)ဧဝရတ်တောင်ထိပ်တွင် အလိုအလျောက် မိုးလေဝစခန်းတစ်ခု တည်ဆောက်နေသည်ကို မေ ၄ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ကမ္ဘာဂြိုဟ်တွင် ထူးခြားမှုအရှိဆုံးသော ဘူမိ၊ ပထဝီ ၊ အရင်းအမြစ်နှင့် ဂေဟစနစ်ရှိသည့် နေရာဖြစ်သည့်အားလျော်စွာ ချင်းဟိုင်-တိဗက်ကုန်းပြင်မြင့်သည် သိပ္ပံပညာရပ်ဆိုင်ရာလောကတွင် “သဘာဝဓါတ်ခွဲခန်း”ဟု အမည်တွင်သည့် နေရာဖြစ်သည်။ ၎င်းနေရာရှိ ချိုမိုလန်းမားတောင်(သို့မဟုတ်)ဧဝရတ်တောင်ထိပ်သည် ဤ ဓါတ်ခွဲခန်းရှိ သိပ္ပံပညာဖြင့် သိရှိနားလည်နိုင်အောင်လေ့လာရမည့် အလားအလာ များစွာ ရှိနေသော အဖိုးတန်ရတနာမြေသည်။

တရုတ်သိပ္ပံစူးစမ်းလေ့လာရေးအဖွဲ့သည် “တောင်အထွတ်အထိပ် လုပ်ငန်းတာဝန်များ” ကို ထမ်းဆောင်ရန်အတွက် ကမ္ဘာ့အမြင့်ဆုံးနေရာသို့ လျှောက်လှမ်းခဲ့ခြင်းဖြစ်ရာ ၎င်းမှာ လူသားတို့၏ ချိုမိုလန်းမား(သို့မဟုတ်)ဧဝရတ်တောင်ထိပ်ဒေသ၌ ပင်လယ်ရေမျက်နာပြင်အထက် အလွန်မြင့်မားသောနေရာ၌ ကြီးမားသော ဘက်စုံ သိပ္ပံပညာရပ်ဆိုင်ရာစူးစမ်းလေ့လာရေးများ မဆုတ်မနစ် လုပ်ကိုင်ခြင်း၏ ကဏ္ဍတစ်ခုပင်ဖြစ်သည်။ (Xinhua)

………………………………………..
(Chinese Version)
(新华全媒头条·精读)登绝顶·探微观·解谜题——中国科考探秘地球之巅
2022-05-05 23:25:11
5月4日中午时分
执行“巅峰使命”任务的13名科考队员
成功登顶世界第一高峰珠穆朗玛峰
中国珠峰科考首次突破8000米以上海拔高度
这是青藏高原科学考察研究具有新的里程碑意义的大事件

科考队员在海拔8830米处
架设了世界海拔最高自动气象站
并在8848.86米的巅峰
利用高精度雷达测量冰雪厚度

作为地球上最独特的地质、地理、资源及生态单元
青藏高原被科学界称作“天然实验室”
而珠峰就是这个实验室里一块亟待被科学认知的璞玉
科考队员践行“巅峰使命”
中国科学考察研究踏入世界之巅新境界

这是人类在珠峰地区
开展极高海拔综合科学考察研究的一次壮举
探究未知,珠峰见证!
中国力量,攀登不止!

图说1:5月1日拍摄的珠穆朗玛峰。新华社记者 孙非 摄
图说2:5月4日凌晨,珠峰科考队员从突击营地出发,向珠穆朗玛峰峰顶发起冲刺。 新华社特约记者 索朗多吉 摄
图说3:这是珠峰登山大本营(5月1日摄,无人机照片)。 新华社记者 孙非 摄
图说4:5月4日,在珠穆朗玛峰峰顶,科考队员在采集冰雪样品。 新华社特约记者 索朗多吉 摄

图说5:5月4日,科考队员在架设自动气象站。 新华社特约记者 索朗多吉 摄