Connect with us

Africa & Middle East

တရုတ်အစိုးရမှ အာဖရိကစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကူညီပံ့ပိုးခြင်းကို ကျေးဇူးတင်ရှိပါကြောင်း မဒါဂတ်စကာ အရာရှိပြော

မဒါဂတ်စကာမြို့တော် အန်တာနန်ရီဗိုအနီး မာရှီးချီမြို့နယ်ရှိ တရုတ်အမျိုးသား စပ်မျိုးစပါးနည်းပညာ သုတေသနဌာန အာဖရိကဌာနခွဲ၏ စပါးစိုက်ခင်းသရုပ်ပြကွင်းကို မေလ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အန်တာနန်ရီဗို၊ မေ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ စပ်မျိုးစပါးသုတေသနနယ်ပယ်၏ ဦးဆောင်သူဖြစ်ပြီး တရုတ်အစိုးရမှ မဒါဂတ်စကာ စပ်မျိုးစပါးစိုက်ပျိုးမှုနှင့် အာဖရိကစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုလုပ်ခဲ့သော အကျိုးဆောင်မှုကို ကျေးဇူးတင်ရှိကြောင်း မဒါဂတ်စကာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြုရေးနှင့် ငါးဖမ်းလုပ်ငန်း ဝန်ကြီးဌာန အထွေထွေအတွင်းရေးမှူး Laharino Mena က မေ ၆ ရက်တွင် ပြောကြားခဲ့သည်။ထိုနေ့တွင် Laharino Mena က မဒါဂတ်စကာနိုင်ငံ မြို့တော် အန်တာနန်ရီဗိုအနီး မာရှီးချီမြို့နယ်ရှိ တရုတ်အမျိုးသား စပ်မျိုးစပါးနည်းပညာ သုတေသနဌာန အာဖရိကဌာနခွဲတွင် ဆင်ဟွာသတင်းဌာန မေးမြန်းမှုကို ဖြေကြားရာတွင် တရုတ်အစိုးရ၏ ထောက်ခံမှုအောက်တွင် မဒါဂတ်စကာ၏ စပ်မျိုးသုတေသနလုပ်ငန်း လုပ်ဆောင်မှုမှာ အဆင်ပြေချောမွေ့ကြောင်း ပြောကြားခဲ့သည်။ မဒါဂတ်စကာသည် ယင်းဌာနခွဲ၏ ကူညီမှုအောက်တွင် အထွက်နှုန်းများပြီး ရောဂါခုခံနိုင်စွမ်း ပိုမိုအားကောင်းသော စပ်မျိုးစပါးမျိုးကို တီထွင်ထုတ်လုပ်နိုင်ရန် မျှော်လင့်ကြောင်း‌ ပြောကြားခဲ့သည်။

Laharino Mena က သမားရိုးကျစပါးနှင့် နှိုင်းယှဉ်ပါက စပ်မျိုးစပါး၏ ပျမ်းမျှအထွက်နှုန်းမှာ ပိုမိုမြင့်မားသော်လည်း စပ်မျိုးစပါး၏ ပထမအဆင့်ရင်းနှီးမြုပ်နှံမှုကုန်ကျစရိတ်မှာ အနည်းငယ်မြင့်မားသောကြောင့် မဒါဂတ်စကာတွင် အထူးသဖြင့် အသေးစား စိုက်ပျိုးရေး လုပ်ဆောင်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးမှု အကန့်အသတ်ရှိကြောင်း သိရသည်။ အနာဂတ်တွင် အစိုးရ၏ ပံ့ပိုးကူညီမှုနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို မည်သို့အသုံးချကာ စပ်မျိုးစပါး စိုက်ပျိုးနယ်ပယ်ကိုချဲ့ထွင်ခြင်းနှင့် ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးကို အကောင်အထည်ဖော်နိုင်ရန်မှာ လက်ရှိ မဒါဂတ်စကာ ရင်ဆိုင်နေရသည့် အရေးကြီးသော ပြဿနာဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
တရုတ်အမျိုးသား စပ်မျိုးစပါးနည်းပညာ သုတေသနဌာန၊ အာဖရိကဌာနခွဲကို တရုတ်အမျိုးသား စပ်မျိုးစပါးနည်းပညာ သုတေသနစင်တာ၊ မဒါဂတ်စကာစိုက်ပျိုးရေး၊ မွေးမြုရေးနှင့် ငါးဖမ်းလုပ်ငန်း ဝန်ကြီးဌာနနှင့် မဒါဂတ်စကာဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီတို့မှ ၂၀၁၉ ခုနှစ် မေလတွင် တရားဝင်ဖွင့်လှစ်ခဲ့သည်။

အာဖရိကဌာနခွဲ၏ လက်ထောက်ညွှန်ကြားရေးမှူး လီယန့်ဖိန်က ဌာန၏ အဓိကရည်ရွယ်ချက်မှာ ဒေသလိုအပ်ချက်နှင့် ကိုက်ညီသည့် “အထွက်နှုန်းများ၊ အရည်အသွေးကောင်း၊ ရောဂါခုခံနိုင်စွမ်း” ရှိသည့် စပါးမျိုးကို ပျိုးထောင်ခြင်း၊ တစ်ဖက်တွင် ဒေသခံ လယ်သမားများအား ခေတ်မီသည့် စပါးစိုက်ပျိုးရေး နည်းပညာကို သင်ကြားပို့ချပေးကာ အာဖရိကတိုက်နိုင်ငံများ စပါးအရည်အသွေးမြင့်မားမှုကို အထောက်ပံ့ပြုပြီး ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံမှုရရှိစေရန် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)

马达加斯加官员:感谢中国政府为非洲农业发展所作贡献
新华社塔那那利佛5月6日电(记者凌馨)马达加斯加农业、畜牧业和渔业部秘书长拉哈里诺梅纳6日说,中国是全球杂交水稻研究领域的先驱者,感谢中国政府为马方杂交水稻育种以及非洲农业发展所作的贡献。
当天在位于首都塔那那利佛附近马希奇镇的中国国家杂交水稻工程技术研究中心非洲分中心,拉哈里诺梅纳在参观水稻示范田时接受新华社记者采访说,在中国政府的支持下,马达加斯加杂交水稻研发工作开展顺利。马达加斯加有望在该分中心的帮助下,研发出产量更高、抗病性更强的杂交水稻品种。
拉哈里诺梅纳指出,相较于传统水稻,杂交水稻的平均产量更高,但杂交水稻种植初期投入成本较大,也成为制约其在马达加斯加,尤其是在小型农户中广泛推广的主要因素。未来如何通过政府扶持及与私营部门展开合作等方式扩大杂交水稻种植面积,最终实现本国粮食自给自足,是马达加斯加面临的重要课题。
中国国家杂交水稻工程技术研究中心非洲分中心由中国国家杂交水稻工程技术研究中心,马达加斯加农业、畜牧业和渔业部以及袁氏马达加斯加农业发展有限公司共同牵头设立,于2019年5月正式揭牌。
非洲分中心主任助理李艳萍说,该中心的主要目标是基于非洲各种水稻的栽培现状和当地特殊的生态条件,一方面选育出适合当地需求的“高产、优质、多抗”的杂交水稻品种,研究适合当地需求的高产杂交水稻栽培技术;另一方面“授人以渔”,通过培训当地水稻种植农户,让他们掌握先进的水稻栽培技术,并最终帮助非洲国家提高本土水稻产量,帮助实现本国粮食生产自给自足。(完)
图说-这是5月6日拍摄的马达加斯加首都塔那那利佛附近马希奇镇的中国国家杂交水稻工程技术研究中心非洲分中心的水稻示范田。 新华社发(西塔卡·拉乔纳里松摄)