Connect with us

Africa & Middle East

ဟာဗားနားမြို့ရှိ ဟိုတယ်ပေါက်ကွဲမှုတွင် သေဆုံးသူအရေအတွက် ၂၂ ဦးအထိ မြင့်တက်

ဟာဗားနား ၊ မေ ၈ ရက်(ဆင်ဟွာ)

ကျူးဘားနိုင်ငံ ဟာဗားနားမြို့လယ်ရှိ ဇိမ်ခံဟိုတယ်တစ်လုံး၌ ပြင်းထန်သောပေါက်ကွဲမှုတစ်ခုအတွင်း သေဆုံးသူ အရေအတွက်မှာ ၂၂ ဦးထိ မြင့်တက်လာခဲ့ပြီး ဒဏ်ရာရရှိသူ ၆၄ ဦး ရှိကြောင်း မေ ၆ ရက်ညနေပိုင်းတွင် နောက်ဆုံးအခြေအနေအား ကျူးဘားသမ္မတရုံးက ပြောကြားခဲ့သည်။ကနဦးအစီရင်ခံစာတွင် ၁၈ ဦးထက်မနည်း သေဆုံးပြီး အခြား ၅၀ ကျော် ဆေးရုံတင်ကုသခဲ့ရကြောင်း ဖော်ပြထားသည်။ကျူးဘားနိုင်ငံသမ္မတ Miguel Diaz-Canel က ပေါက်ကွဲမှု ဖြစ်ပွားရာနေရာ နှင့် ဒေသတွင်းဆေးရုံတစ်ရုံသို့ သွားရောက်ခဲ့ပြီး ယင်းပေါက်ကွဲမှုသည် ဗုံးကြောင့် မဟုတ်သကဲ့သို့ တိုက်ခိုက်မှုကြောင့်လည်း မဟုတ်ကြောင်း ၊ သို့သော် ဝမ်းနည်းဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကျူးဘားနိုင်ငံ ဟာဗားနားမြို့၌ ပေါက်ကွဲမှုဖြစ်ပွားသည့် Saratoga ဟိုတယ်တွင် ကယ်ဆယ်ရေးသမားများနှင့် မီးသတ်သမားများအား မေ ၆ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

Saratoga ဟိုတယ်၌ ဓာတ်ငွေ့ယိုစိမ့်မှုသည် ကြီးမားသော ပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်းရင်း ဖြစ်မည်ဟု သုံးသပ်ထင်မြင်ကြောင်း သမ္မတရုံး၏ ပြောကြားချက်အရ သိရသည်။အမျိုးသားလွှတ်တော်အဆောက်အအုံ၏ မျက်နှာချင်းဆိုင်တွင် တည်ရှိသည့် ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်သည် ကျူးဘားနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပြန်လည်နိုးထရေး တစ်စိတ်တစ်ပိုင်းအနေဖြင့် မေလ ၁၀ ရက်တွင် ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေခြင်း ဖြစ်ကြောင်း သိရသည်။

ကျူးဘားနိုင်ငံသမ္မတ Miguel Diaz-Canel က ဟာဗားနားမြို့၌ ပေါက်ကွဲမှုဖြစ်ပွားသည့် Saratoga ဟိုတယ်အား ကြည့်ရှုစစ်ဆေးနေသည်ကို မေ ၆ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

လက်ရှိအခြေအနေတွင် ကယ်ဆယ်ရေးလုပ်ငန်းများမှာ ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်သည့်အားလျော်စွာ ဟိုတယ်ပတ်ဝန်းကျင်မှ ယာဉ်အသွားအလာအား လမ်းကြောင်းပြောင်းထားကြောင်း သိရသည်။

ကလေးဆေးရုံနှစ်ရုံအပါအဝင် ဟာဗားနားမြို့ရှိ ကျန်းမာရေးအဆောက်အအုံ ၈ ခု၌ လက်ရှိတွင် လူနာများအား ကုသပေးနေကြောင်း ကျူးဘားကျန်းမာရေးဝန်ကြီးဌာန၏ ဆေးရုံဌာနခေါင်းဆောင် Julio Guerra က ပြောကြားခဲ့သည်။
ဟာဗားနားအုပ်ချုပ်ရေးမှူး Reinaldo Garcia က ပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပွားပြီးနောက် ပြည်သူလူထု၏ စည်းလုံးညီညွတ်မှုသည် အရေးပါကြောင်း အလေးအနက် ပြောကြားခဲ့သည်။

ယင်းပေါက်ကွဲမှုကြောင့် ဟိုတယ်အနီးရှိ အဆောက်အအုံများအား အပျက်အစီးများ ဖြစ်ပေါ်ခဲ့ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ “ထောင်နဲ့ချီတဲ့ပြည်သူတွေက သွေးလှူဒါန်းဖို့ ဆက်လက်စာရင်းပေးနေပါတယ်။”ဟု ဖြည့်စွက်ပြောကြားခဲ့သည်။ပေါက်ကွဲမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။ (Xinhua)

…………………………………………
(English Version)
Update: Death toll climbs to 22 from Havana hotel blast
HAVANA, May 6 (Xinhua) — The death toll from a powerful explosion at a luxury hotel in central Havana climbed to 22, with 64 people injured, said the Cuban Presidential Office in an update on Friday evening.
A previous report said at least 18 people were killed and over 50 others hospitalized.
Cuban President Miguel Diaz-Canel, who visited the site of the blast and a local hospital, said, “The explosion was not a bomb nor an attack, but a regrettable accident.”
A gas leak is thought to be the cause of the massive explosion at Hotel Saratoga, according to the presidential office.
Seated opposite the island’s National Capitol building, the five-star hotel was preparing to reopen on May 10 as part of the revival of tourism industry on the island.
At present, rescue operations are still underway as traffic has been diverted from the surroundings of the hotel.
“Patients are currently treated in eight health facilities in Havana, including two pediatric hospitals,” said Julio Guerra, head of the Cuban Health Ministry’s hospital services.
Havana Governor Reinaldo Garcia stressed the importance of solidarity of the population after the tragic event.
The blast also caused damage to buildings near the hotel, he said, adding that “thousands of people continue volunteering to donate blood.”
An investigation into the explosion is underway, local media reported. ■
Photo 1 – Photo taken on May 6, 2022 shows the site where an explosion occurred at Hotel Saratoga in Havana, Cuba. (Photo by Joaquin Hernandez/Xinhua)
Photo 2 – Rescuers and firefighters work at the site where an explosion occurred at Hotel Saratoga in Havana, Cuba, on May 6, 2022. (Photo by Joaquin Hernandez/Xinhua)
Photo 3 – Cuban President Miguel Diaz-Canel (3rd L) inspects the site where an explosion occurred at Hotel Saratoga in Havana, Cuba, on May 6, 2022. (Photo by Joaquin Hernandez/Xinhua)