Connect with us

China

“အလွန်ရင်းနှီးဖော်ရွေမှုမရှိ” သောကြောင့် ရုရှားက စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ဂျပန်ကို သတိပေး

ရုရှားနိုင်ငံမြို့တော် မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်နှင့် St Basil's ဘုရားကျောင်းအဆောက်အအုံအား ဇန်နဝါရီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ရ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံသည် အရေးကြီးသော စွမ်းအင်စီမံကိန်းတစ်ခုမှ “ထုတ်ပယ်” ခံရဖွယ်ရှိကြောင်း ပြီးခဲ့သည့်ရက်က ရုရှား သတိပေးပြီးနောက် ဂျပန်၏ “အလွန်ရင်းနှီးဖော်ရွေမှုမရှိသော” ရပ်တည်ချက်က နှစ်နိုင်ငံ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအပေါ် အကူအညီမဖြစ်စေကြောင်း ရုရှားက ဇူလိုင် ၆ ရက်တွင် ဂျပန်အားထပ်မံ “သတိပေး” ခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံမြို့တော် မော်စကိုရှိ Gazprom ကုမ္ပဏီအဆောက်အအုံအား ဧပြီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“ရုရှားအပေါ် ဂျပန်ရဲ့ ရပ်တည်ချက်ဟာ အလွန်ပင် ရင်းနှီးဖော်ရွေမှုမရှိပါဘူး။ ဘယ်လိုအခြေအနေမှာပဲဖြစ်စေ အဲဒီလို အလွန်ရင်းနှီးဖော်ရွေမှုမရှိတဲ့ ရပ်တည်ချက်ဟာ (နှစ်နိုင်ငံကြား) စွမ်းအင်ဆိုင်ရာ ဆွေးနွေးမှုအပါအဝင် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအပေါ် လုံးဝထောက်ပံ့မှုမရှိပါဘူး” ဟု ရုရှား သမ္မတ၏ ပြန်ကြားရေး အတွင်းရေးမှူး Dmitry Peskov က ဇူလိုင် ၆ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ ဒုဥက္ကဌ Dmitry Medvedev က ပြီးခဲ့သည့်ရက် ဂျပန်ဝန်ကြီးချုပ် ဖူမီအို ခီရှီဒါ၏ မှတ်ချက်ကို တုံ့ပြန်ခဲ့ခြင်းဖြစ်ပြီး ထိုနည်းတူစွမ်းအင်ကဏ္ဍတွင် ဂျပန်အား သတိပေးခဲ့ကြောင်း သိရသည်။

G7 သည် ရုရှားမှတင်ပို့သည့် ရေနံများ ကမ္ဘာ့ဈေးကွက်၌ သတ်မှတ်ထားသည့်ဈေးထက် မြင့်သောဈေးနှုန်းဖြင့် ရောင်းချခြင်းကို မဖြစ်ပေါ်စေရဟုဆိုကာ “ဈေးနှုန်းကန့်သတ်မှု” စီမံချက် လုပ်ဆောင်ရန် ရည်ရွယ်ထားကြောင်း ခီရှီဒါက ဇူလိုင် ၃ ရက်တွင် ပြောကြားခဲ့သည်။ ခီရှီဒါ၏ ပြောကြားချက်အရ ရုရှားရေနံဈေးနှုန်း “ကျဆင်း” သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအစီအမံများကို အနောက်နိုင်ငံများမှ လုပ်ဆောင်ပါက ဆီဈေးမြင့်တက်လာမည်ဖြစ်ပြီး “တစ်စည်လျှင် ကန်ဒေါ်လာ ၃၀၀ မှ ၄၀၀ အထိ ခန့်မှန်းထားတဲ့ ကိန်းဂဏန်းတွေထက် မြင့်နိုင်ကြောင်း” နှင့် “ဂျပန်က ရုရှားရေနံမရရှိနိုင်သလို၊ သဘာဝဓာတ်ငွေ့လည်း ရရှိနိုင်မည်မဟုတ်သည့်အပြင် ‘Sakhalin-2’ သဘာဝဓာတ်ငွေ့ရည် စီမံကိန်းတွင်လည်း ပါဝင်နိုင်မည် မဟုတ်” ဟု Medvedev က ဆိုရှယ်မီဒီယာတွင် တုံ့ပြန်ပြောကြားခဲ့သည်။

ဂျပန်ကုမ္ပဏီအနေဖြင့် ယင်းစီမံကိန်းအတွင်း ပါဝင်မည့် အလားအလာကို လက်ရှိတွင်မဖြေကြားနိုင်ကြောင်း Peskov က ဇူလိုင် ၆ ရက်တွင် ပြောကြားခဲ့သည်။

“Sakhalin-2″ စီမံကိန်းသည် ရုရှားအရှေ့ဖျားဒေသ Sakhalin ကျွန်းတွင်တည်ရှိပြီး အဓိက ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ကြောင်း၊ စီမံကိန်းတွင် ပါဝင်သော ရေနံသိုလှောင်မှုပမာဏမှာ တန်ချိန် သန်း ၁၀၀ ခန့် ရှိပြီး သဘာဝဓာတ်ငွေ့သိုလှောင်မှုပမာဏမှာ ၄၀၀ ဘီလီယံကုဗမီတာရှိကြောင်း သိရသည်။

ရုရှား Gazprom ကုမ္ပဏီက စီမံကိန်း၏ အစုရှယ်ယာ ၅၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး၊ Shell က ၂၇ ရာခိုင်နှုန်းနဲ့ ဂျပန်ကုမ္ပဏီနှစ်ခုဖြစ်တဲ့ Mitsui & Co. နှင့် Mitsubishi Corporation တို့က ၁၂.၅ ရာခိုင်နှုန်းနှင့် ၁၀ ရာခိုင်နှုန်း အသီးသီး ပိုင်ဆိုင်ထားကြောင်း သိရသည်။
ဂျပန်နိုင်ငံစွမ်းအင်နယ်ပယ်၌ သဘာဝဓာတ်ငွေ့ရည် လိုအပ်ချက်မှာ ၂၄ ရာခိုင်နှုန်းဖြစ်ပြီး ၎င်းအနက် ၉ ရာခိုင်နှုန်းမှာ ရုရှားမှ တင်သွင်းကြောင်းနှင့် အားလုံးနီးပါးမှာ”Sakhalin-2” စီမံကိန်းမှ ဖြစ်သည်။ ရုရှားက ဖေဖော်ဝါရီလတွင် ယူကရိန်းအပေါ် အထူးစစ်ဆင်ရေးစတင်ပြီးနောက် အနောက်နိုင်ငံများက ရုရှားအပေါ် ကြီးမားသော ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ Shell က အဆိုပါ စီမံကိန်းမှ နုတ်ထွက်ရန် ရည်ရွယ်ထားပြီး ဂျပန်က စီမံကိန်းတွင် ဆက်လက်ပါဝင်ရန် ရည်ရွယ်ထားသည်။ ယင်းစီမံကိန်းမှ ပံ့ပိုးသည့် သဘာဝဓာတ်ငွေ့ရည်က ဂျပန်၏ စွမ်းအင်လုံခြုံရေး အာမခံမှုအတွက် အရေးကြီးကြောင်း ခီရှီဒါမှ ယခင်က ပြောကြားခဲ့သည်။

ရုရှားသမ္မတ ဗလာတီမာပူတင်က စွမ်းအင်နယ်ပယ်တွင် အမေရိကန်နှင့် အခြား အနောက်နိုင်ငံများ၏ “ချစ်ကြည်ရင်းနှီးမှုမရှိသော” လုပ်ရပ်များမှ ရုရှားနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန်အတွက် အထူးစီးပွားရေးအစီအမံ လုပ်ဆောင်ရန် ဇွန် ၃၀ ရက်က သမ္မတအမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ လက်ရှိဖက်စပ်လုပ်ငန်းမှ လည်ပတ်နေသည့် “Sakhalin-2” စီမံကိန်းကို ကုမ္ပဏီအသစ်က အစားထိုးရန်နှင့် Gazprom ကုမ္ပဏီက မူလအစုရှယ်ယာ ဆက်လက်ပိုင်ဆိုင်မည်ဖြစ်ပြီး နိုင်ငံခြားအစုရှယ်ယာရှင်များက ကုမ္ပဏီသစ်တွင် အစုရှယ်ယာ ဆက်လက်ပါဝင်ရန် ကမ်းလှမ်းချက်ကို တင်သွင်းရမည်ဖြစ်သည်။ ထို့နောက် ရုရှားအစိုးရမှ လျှောက်ထားမှုကို အတည်ပြုရေး မပြုရေး ဆုံးဖြတ်သွားမည်ဖြစ်သည်။

Mitsui & Co ၏ စတော့ခ်စျေးနှုန်းသည် ဇွန် ၆ ရက်တွင် ၅.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဇွန် ၃၀ ရက်မှစ၍ ၇.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ထို့ပြင် Mitsubishi Corporation (MC) ၏ စတော့စျေးနှုန်းသည်လည်း ထိုနေ့တွင် ၄.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဇွန် ၃၀ ရက်မှစ၍ ၆.၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ယင်းကုမ္ပဏီနှစ်ခုလုံးက Medvedev ၏ တုံ့ပြန်မှုနှင့် ပတ်သက်၍ ပြောကြားရန် ငြင်းဆိုထားကြောင်း သိရသည်။

ဂျပန်နိုင်ငံ၏ ဒုတိယ၀န်ကြီးချုပ် Kihara Seiji က ဇွန် ၆ ရက်တွင် Medvedev ၏ပြောကြားချက်ကို တုံ့ပြန်ရန် ငြင်းဆိုခဲ့သည့်အပြင် G7 သည် ရုရှားရေနံအပေါ် ဈေးနှုန်းသတ်မှတ်ချက် ဆွေးနွေးခြင်းရှိမရှိ မေးမြန်းမှုကိုလည်း အတည်ပြုရန် ငြင်းဆိုခဲ့ကြောင်း သိရသည်။ ( (Xinhua)

……………………….
(Chinese Version)
因“极不友好” 俄方就能源合作警告日方

新华社北京7月7日电 继前一天警告日方可能在一个重要能源项目中“出局”后,俄罗斯方面6日再次“敲打”日本,强调对俄方“极不友好”的立场无助于双方能源对话。
“日本对俄罗斯采取极不友好的立场,”俄总统新闻秘书德米特里·佩斯科夫6日在记者会上说,“在任何情况下,这种极不友好的立场完全无助于(两国间)贸易发展和经济关系,包括能源对话。”
俄罗斯国家安全会议副主席德米特里·梅德韦杰夫前一天就日本首相岸田文雄的言论做出回应,同样在能源领域对日方提出警告。
岸田3日在一次演讲中谈及七国集团打算对俄罗斯出口的石油采取“限价”措施,称将让俄罗斯石油“不会和不能”在国际市场上以高于所限定的价格出售。按照岸田的说法,俄罗斯石油的价格将遭“腰斩”。
梅德韦杰夫在社交媒体回应说,如果西方采取这类措施,油价将飙升,“比预测的每桶300至400美元这一天文数字还要高”,且“日本将既不会从俄罗斯获得石油,也不会获得天然气,还将不能参与‘萨哈林2号’液化天然气项目”。
佩斯科夫6日表示,他目前“无法回答”日方企业参与这一项目的前景。
“萨哈林2号”项目位于俄罗斯远东萨哈林岛大陆架,主要开采石油和天然气,项目涉及的石油储量约为1亿吨,天然气储量为4000多亿立方米。
俄罗斯天然气工业股份公司在这一项目中持股大约50%,壳牌公司持股大约27%,两家日本企业三井物产公司和三菱商事公司分别持股12.5%和10%。
液化天然气占日本所需能源的24%,其中9%的液化天然气从俄罗斯进口,几乎全部来自“萨哈林2号”项目。俄罗斯2月对乌克兰发起特别军事行动后,西方大规模制裁俄罗斯,壳牌打算退出这一项目,日方则打算留下。岸田曾说,这一项目提供的液化天然气对保障日本能源安全至关重要。
俄罗斯总统弗拉基米尔·普京6月30日签署命令,在能源领域采取特别经济措施,以保护俄国家利益免受美国等西方国家“不友好行为”损害。命令要求,由一个新实体代替现有合资企业运营“萨哈林2号”项目,俄罗斯天然气工业股份公司将继续保留原有股份,外方股东需在一个月内提出在新实体中保留股份的申请,由俄政府决定是否批准。
三井物产股票价格6日大跌5.5%,自6月30日以来已经下跌7.4%。三菱商事股价同一天下挫4.9%,6月30日以来跌幅达到6.3%。这两家企业都拒绝就梅德韦杰夫的表态做出回应。
日本内阁官房副长官木原诚二6日也拒绝对梅德韦杰夫的言论做出回应,同时拒绝证实七国集团是否正在讨论对俄罗斯石油的具体限价。(惠晓霜)
图说1- 这是1月26日在俄罗斯首都莫斯科拍摄的克里姆林宫和圣瓦西里教堂。新华社记者白雪骐摄
图说2- 这是4月28日在俄罗斯首都莫斯科拍摄的俄罗斯天然气工业股份公司办公大楼。新华社发(亚历山大摄)