Connect with us

China

တရုတ်နိုင်ငံ၏ ခရီးသည်တင်ယာဉ် ဇွန်လ လက်လီရောင်းချမှုများ အားကောင်းလာ

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ် စိန်ရန်မြို့၌ စိန်ရန်(တရုတ်နိုင်ငံ) နိုင်ငံတကာမော်တော်ကားလုပ်ငန်းပြပွဲ ၂၀၂၂ အတွင်း ပြပွဲသို့ လာရောက်သူများအား ဇွန် ၂၆ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ခရီးသည်တင်ယာဉ်ဈေးကွက်၏ တိုးတက်မှုအရှိန်အဟုန်သည် လက်လီ ၊ လက်ကားရောင်းချရမှုများ မြင့်တက်လာခြင်းနှင့်အတူ အရှိန်မြှင့်တင်လာကြောင်း ဇူလိုင် ၆ ရက်တွင် ဖော်ပြထားသော စက်မှုလုပ်ငန်း ဆိုင်ရာ အချက်အလက်များအရ သိရသည်။

ဇွန်လတွင် လက်လီရောင်းချသည့်လမ်းကြောင်းများမှတစ်ဆင့် ခရီးသည်တင်ယာဉ် ၁ ဒသမ ၉၂ သန်းခန့် ရောင်းချခဲ့ရပြီး ယမန်နှစ်ကထက် ၂၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ မေလတွင်မူ ၄၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း တရုတ်နိုင်ငံ ခရီးသည်ကားအသင်းမှ ကနဦးစာရင်းဇယားများတွင် ဖော်ပြထားသည်။

ခရီးသည်တင်ကားများ၏ လက်ကားရောင်းချရမှုသည် ပြီးခဲ့သည့်ဇွန်လတွင် ယူနစ် ၂ ဒသမ ၁၁ သန်းအထိ ရှိခဲ့ပြီး ယမန်နှစ်ကထက် ၃၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

ဇွန်လ၏ မော်တော်ကားဈေးကွက် အားကောင်းလာခြင်းက ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းပါးသော ကားမော်ဒယ်တစ်ချို့အတွက် ကားဝယ်ယူခွန်များ လျှော့ချခြင်းကဲ့သို့သော ဝယ်ယူသူများအားဝန်ဆောင်မှုပြန်ပေးသော ဆောင်ရွက်မှုများကြောင့်ဖြစ်သည်ဟု အသင်းက ထင်မြင်ယူဆခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ စွမ်းအင်သစ်မော်တော်ကားများ လက်လီရောင်းချရမှုများမှာ ဇွန်လတွင် အစီးရေ ၅၀၀,၀၀၀ နီးပါးအထိ မြင့်မားသောစံချိန်တစ်ခု သတ်မှတ်နိုင်ခဲ့ကြောင်း အသင်းက ခန့်မှန်းပြောကြားခဲ့သည်။ (Xinhua)

……………………..
(English Version)
China’s passenger vehicles see robust June retail sales
Source: Xinhua Editor: huaxia 2022-07-06 20:52:14
BEIJING, July 6 (Xinhua) — The growth momentum of China’s passenger vehicle market is accelerating with rising retail and wholesale sales, industrial data showed on Wednesday.
Some 1.92 million passenger cars were sold via retail channels in June, up 22 percent year on year and up 42 percent over May, initial statistics from the China Passenger Car Association showed.
Wholesales of passenger cars topped 2.11 million units last month, up 37 percent year on year.
The association attributed the robust June auto market to the country’s raft of pro-consumption measures, such as cuts to car purchase taxes for certain low-emission models.
The country’s retail sales of new energy cars could set a record high by nearing 500,000 units in June, the association estimated. ■
Photo – Visitors view a vehicle model during the Shenyang (China) International Automobile Industry Expo 2022 in Shenyang, northeast China’s Liaoning Province, June 26, 2022. (Xinhua/Yao Jianfeng)