Connect with us

Africa & Middle East

အာဖဂန် ကပ်ဘေးအပြီး ပြန်လည်တည်ဆောက်ရေးတွင် တတ်နိုင်သမျှ ဆက်လက်ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

အာဖဂန်နစ္စတန်နိုင်ငံ Paktika ပြည်နယ်တွင် ငလျင်ဘေးသင့်ပြည်သူများ တရုတ်နိုင်ငံ၏ကူညီထောက်ပံ့ရေးပစ္စည်းများ ယူဆောင်နေသည်ကို ဇူလိုင် ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အစိုးရမှ အာဖဂန်နစ္စတန်နိုင်ငံသို့ ကူညီပေးသော အထောက်အပံ့ပစ္စည်းများ တင်ဆောင်သည့် နောက်ဆုံးလေယာဉ်သည် ဇူလိုင် ၇ ရက်တွင် အာဖဂန်သို့ ပျံသန်းသွားပြီဖြစ်ရာ တရုတ်နိုင်ငံ ကတိကဝတ်ပြုထားသော အထောက်အပံ့ပစ္စည်းအလုံးစုံကို လွှဲပြောင်းပေးအပ်ပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဇူလိုင် ၆ ရက်တွင် ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ Paktikaပြည်နယ်တွင် ငလျင်ဘေးသင့်ပြည်သူများ တရုတ်နိုင်ငံ၏ကူညီထောက်ပံ့ရေးပစ္စည်းများ ယူဆောင်နေသည်ကို ဇူလိုင် ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ Paktikaပြည်နယ်တွင် ငလျင်ဘေးသင့်ပြည်သူများ တရုတ်နိုင်ငံ၏ကူညီထောက်ပံ့ရေးပစ္စည်းများအနီး ကလေးငယ်တစ်ဦး ထိုင်နေသည်ကို ဇူလိုင် ၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နောက်တစ်ဆင့်အနေဖြင့် တရုတ်နိုင်ငံက အာဖဂန် ကပ်ဘေးအပြီး ပြန်လည်တည်ဆောက်ရေးနှင့်ဘေးအန္တရာယ်ကာကွယ်လျော့နည်းစေရေးအတွက် တတ်နိုင်သမျှဆက်လက်ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနေ့တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သက်ဆိုင်ရာမေးခွန်းများကို ကျောက်လိကျန်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဆွေမျိုးမိတ်သင်္ဂဟာများကောင်းမွန်စွာရှိသည်ကို မိတ်ဆွေသင်္ဂဟများက ရှုမြင်လိုသလို အိမ်နီးချင်းက အခြားအိမ်နီးချင်းအေးချမ်းသည်ကို ရှုမြင်လိုကြောင်း ကျောက်လိကျန်းက ဆိုသည်။ တောတောင်ရေမြေချင်းဆက်စပ်နေသည့် စိတ်ရင်းစေတနာအမှန် မိတ်ဆွေအနေဖြင့် တရုတ်နိုင်ငံအစိုးရနှင့်ပြည်သူများ၏ စိတ်နှလုံးသည် အစဉ်အမြဲ အာဖဂန် ကပ်ဆိုက်ရာဒေသ ပြည်သူလူထု၏လုံခြုံရေးနှင့် ဆက်စပ်နေရာ ဘေးအန္တရာယ်ဖြစ်ပွားပြီး ပထမဆုံး တုံ့ပြန်ကူညီမှုများ ပြုလုပ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် သဝဏ်လွှာ၊ တယ်လီဖုန်းစသည်တို့မှတစ်ဆင့် အာဖဂန်ကြားဖြတ်အစိုးရ ယာယီနိုင်ငံခြားရေးဝန်ကြီးAmir Khan Muttaqi သို့ နှစ်သိမ့်မေးမြန်းခဲ့သလို တရုတ်နိုင်ငံဘက်က ဗဟိုနှင့်ဒေသအစိုးရ၊ တရုတ်ကြက်ခြေနီအသင်း၊ အာဖဂန်ရှိတရုတ်ကုမ္ပဏီလုပ်ငန်းများ၊ အရပ်ဖက်အဖွဲ့အစည်းစသည့်လမ်းကြောင်းများမှတစ်ဆင့် အရေးပေါ် လူသားချင်စာနာထောက်ထားမှုဆိုင်ရာ ငွေသားနှင့်ပစ္စည်းအကူအညီ စုစုပေါင်း ယွမ် ၅၄ သန်း ပံ့ပိုးပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

“ကပ်ဘေးအန္တရာယ် အကျပ်အတည်းရှေ့တွင် တရုတ်နိုင်ငံဟာ ကျွန်တော်တို့ရဲ့ထာဝရယုံကြည်ရာရဲ့ အားကိုးရာဖြစ်တယ်” ဟု အာဖဂန်မိတ်ဆွေများ ပြောဖူးကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့သည်။ သက်ဆိုင်ရာအထောက်အပံ့ပစ္စည်းများ ကပ်ဘေးသင့်ပြည်သူများ၏လက်ထဲသို့ အချိန်မီ ရောက်ရှိရေး တရုတ်ဘက် အချိန်လု၊ အချိန်ပေးဆောင်ရွက်ခဲ့ရာတွင် ရက်သတ္တပတ် နှစ်ပတ်မရောက်မီ Y-20 သယ်ယူပို့ဆောင်ရေး လေယာဉ် ၆ စင်းနှင့် ကုန်သွယ်ရေးလေယာဉ် ၄ စင်းဖြင့် ထောက်ပံ့ရေးပစ္စည်းအများစုကို အာဖဂန်သို့ ပို့ဆောင်နိုင်ခဲ့ရာ တရုတ်နိုင်ငံသည် အာဖဂန် ငလျင်ဒဏ်အပြီးကယ်ဆယ်ရေးတွင် ကူညီထောက်ပံ့မှုအများဆုံး၊ လက်တွေ့အကျဆုံးနှင့်လျင်မြန်မှုအရှိဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည်။

တရုတ်နိုင်ငံအစိုးရက အာဖဂန်သို့ ကူညီပေးသော အထောက်အပံ့ပစ္စည်းများတင်ဆောင်သည့် နောက်ဆုံးလေယာဉ်သည် ဇူလိုင် ၇ ရက်တွင် အာဖဂန်သို့ ပျံသန်းသွားပြီဖြစ်ရာ တရုတ်နိုင်ငံက ကတိကဝတ်ပြုထားသော ထောက်ပံ့ရေးပစ္စည်းများအလုံးစုံ လွှဲပြောင်းပေးပြီး ဖြစ်ကြောင်း ကျောက်လိကျန်းက မိတ်ဆက်ပြောကြားခဲ့သည်။ “အချိန်နှင့်တစ်ပြေးညီ ကပ်ဘေးအကူအညီ ၊ တတ်စွမ်းသရွေ့ ကူညီဖေးမခြင်း” သည် တရုတ်-အာဖဂန် နှစ်နိုင်ငံပြည်သူများ အပြန်အလှန်ဖေးမကူညီကြသည့် ချစ်ကြည်ရေးကို တရုတ်နိုင်ငံက နောက်ထပ်တစ်ကြိမ် လက်တွေ့ဖြင့်ပြသလိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
နောက်တစ်ဆင့်အနေဖြင့် တရုတ်နိုင်ငံက အာဖဂန် ကပ်ဘေးအပြီး ပြန်လည်တည်ဆောက်ရေးနှင့် ဘေးအန္တရာယ်ကာကွယ်လျော့နည်းစေရေးအတွက် တတ်နိုင်သမျှဆက်လက်ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့သည်။ (Xinhua)

………………………….
(Chinese Version)
外交部:中方将继续为阿富汗灾后重建提供力所能及的帮助
2022-07-06 22:45:35 分类: 政治法律
新华社北京7月6日电(记者许可)外交部发言人赵立坚6日说,最后一架载有中国政府援阿物资的包机将于7月7日飞赴阿富汗,中方承诺的物资将全部交付完毕。下一步,中方将继续为阿富汗灾后重建和防灾减灾提供力所能及的帮助。
赵立坚是在当日例行记者会上回答有关问题时作上述表示的。
赵立坚说,亲望亲好,邻望邻安。作为山水相连的真诚朋友,中国政府和人民始终心系阿富汗灾区民众的安危,第一时间作出响应。国务委员兼外长王毅通过致电、通话等方式向阿富汗临时政府代理外长穆塔基表达诚挚慰问。中方紧急通过中央和地方政府、中国红十字会、在阿中资企业、民间组织等多种渠道,累计向阿方提供价值5400万元人民币的人道主义现金和物资援助。
赵立坚表示,阿富汗朋友曾说,“在灾难面前,中国永远值得我们信任和依靠”。为确保有关物资及时送达灾民手中,中方争分夺秒、加班加点,在不到两周时间里动用6架次运-20运输机和4架次商业包机将绝大部分物资运往阿富汗。中国成为向阿抗震救灾提供援助最多、最实、最快的国家之一。
赵立坚介绍,7日,最后一架载有中国政府援阿物资的包机将飞赴阿富汗,中方承诺的物资将全部交付完毕。“争分夺秒救灾,尽心竭力助人”,中方再次以实际行动诠释了中阿两国人民守望相助的友好情谊。
他表示,下一步,中国政府和人民将继续为阿富汗灾后重建和防灾减灾提供力所能及的帮助,支持阿富汗早日实现稳定发展。(完)

1. 7月2日,阿富汗帕克提卡省的地震灾民领取中国援助的物资。 新华社发(萨卜伍恩摄)

2. 7月2日,阿富汗帕克提卡省的地震灾民领取中国援助的物资。 新华社发(萨卜伍恩摄)
3. 7月2日,阿富汗帕克提卡省的地震灾民领取中国援助的物资。这是当地儿童坐在物资旁。