Connect with us

Politics, Law & Military

သေနတ်ကိုင်အကြမ်းဖက်မှုကို ထိန်းချုပ်ရန် အမေရိကန်အစိုးရက လက်တွေ့ဆောင်ရွက်သင့်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းအား တွေ့ရစဉ် (ဓါတ်ပုံ - တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်)

ပေကျင်း၊ ဇွန် ၈ ရက်(ဆင်ဟွာ)

အမေရိကန်အစိုးရအနေဖြင့် အခြားနိုင်ငံများကို နေရာတကာ လက်ညိုးညွှန်ဆရာလုပ်၊ လူ့အခွင့်အရေးအကြောင်းပြအခြားနိုင်ငံပြည်တွင်းရေးကို စွက်ဖက်မည့်အစား မိမိတွင် ဖြစ်ပွားနေသည့် လူ့အခွင့်အရေးဆိုးဝါးမှုအခြေအနေနှင့် စီမံခန့်ခွဲရေး စွမ်းရည် လိုအပ်ချက်ကို တည့်တည့်ရှုမြင်ကာ လက်နက်ကိုင် အကြမ်းဖက်မှု ထိန်းချုပ်ရေး လက်တွေ့ဆောင်ရွက်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဇွန် ၇ ရက်တွင် ပြောကြားခဲ့သည်။ယင်းနေ့တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက “ဇွန် ၃ ရက်က အမေရိကန်နိုင်ငံရဲ သေနတ်အကြမ်းဖက်မှု ဂရုပြုသောနေ့ဖြစ်တယ်။ အမေရိကန်နိုင်ငံတစ်ဝန်းဒေသအသီးသီး ပြည်သူလူထုက သေနတ်ကိုင်အကြမ်းဖက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေအတွက် ဝမ်းနည်းကြောင်းအထိမ်းအမှတ် ပြုလုပ်ကြပြီး သေနတ်ကိုင်အကြမ်းဖက်မှုမဖြစ်ပွားအောင် ကာကွယ်တားဆီးဖို့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ဖို့ရာ အမေရိကန်အစိုးရကို တိုက်တွန်းကြပါတယ်။ ထို့အပေါ် တရုတ်နိုင်ငံက ဘယ်လို မှတ်ချက်ပြုချင်ပါသလဲ”ဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ထို့အပေါ် ကျောက်လိကျန်းက အမေရိကန် Gun Violence Archive ဝက်ဘ်ဆိုက်၏ စာရင်းကိန်းဂဏန်းများအရ ၂၀၂၂ ခုနှစ်တွင် အမေရိကန်၌ လူ ၄ ဦးနှင့်အထက် သေဆုံးဒဏ်ရာရမှုဖြစ်ပွားသည် သေနတ်ပစ်ခတ်မှုပေါင်း ၂၄၆ ခု ရှိရာ နေ့စဉ် ပျမ်းမျှ ၁.၅ ခု ရှိကြောင်း၊ ဤကိန်းဂဏန်းများက ထိတ်လန့်တုန်လှုပ်ဖွယ်ရာဖြစ်ရာ ၎င်းမှာ ကိန်းဂဏန်းတည်းသာမဟုတ်ဘဲ သေဆုံးသွားသည့်အသက်နှင့် ပြိုကွဲသွားသည့်မိသားစုများကို ကိုယ်စားပြုကြောင်း၊ မေ ၂၈ ရက်မှ ၃၀ ရက် ၇၂ နာရီအတွင်းတွင် အမေရိကန်တစ်နိုင်ငံလုံး၌ ဖြစ်ပွားသော သေနတ်ပစ်ခတ်မှုပေါင်း ၃၀၀ ကျော် ရှိရာ သေဆုံးခဲ့ရသူပေါင်း ၁၃၀ ကျော်ရှိကြောင်း ပြောကြားခဲ့သည်။

ထိုကဲ့သို့သော အဖြစ်ဆိုးမျိုး ထပ်မံမဖြစ်ပွားအောင် တားဆီးရန် အမေရိကန်လူထုအများစုက အစိုးရကို နှိုးဆော်တိုက်တွန်းကြကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့သည်။ နောက်ဆုံး ပြည်သူ့စစ်တမ်းကောက်ယူမှုများတွင် အမေရိကန်လူအများစုက သေနတ်ကိုင် အကြမ်းဖက်မှုကို ဆိုးဝါးသည့် ဆိုးဝါးသည့် လူမှုရေးပြဿနာတစ်ရပ်အဖြစ် ရှုမြင်ကြကြောင်း၊ Pew Research Center၏ ယခုနှစ် ဧပြီလ စစ်တမ်းများတွင် အမေရိကန် ၇၆ ရာခိုင်နှုန်းက သေနတ်ပစ်ခတ်မှုသည် အမေရိကန်၌ ကြုံတွေ့နေရသော အလွန်ဆိုးဝါးသော သို့မဟုတ် အတော်ဆိုးဝါးသော ပြဿနာဖြစ်သည်ဟု ယူဆကြောင်း၊ မီချီဂန် တက္ကသိုလ်၏ သုတေသနပြု ကိန်းဂဏန်းများအရ သေနတ်ဒဏ်ရာသည် အမေရိကန် ကလေးငယ်နှင့်လူငယ်များ၏ အဓိက အသက်ဆုံးရှုံးရသော အကြောင်းအရင်း ဖြစ်ပြီး ၇၅ ရာခိုင်နှုန်းရှိ အမေရိကန် လူငယ်ပိုင်းက သေနတ်ပစ်ခတ်မှုသည် ၎င်းတို့၏အဓိက စိတ်ဖိစီးမှုအကြောင်းအရင်း ဖြစ်သည်ဟု ဖော်ပြထားကြောင်း၊ စာသင်ကျောင်းများတွင် သေနတ်ပစ်ခတ်မှုအကြီးအကျယ်ဖြစ်ပွားမည်ကို အမေရိကန် မိဘ သုံးပုံ နှစ်ပုံက စိုးရိမ်ကြသည်ဟု The Hill သတင်းများက ဖော်ပြထားကြောင်း ပြောကြားခဲ့သည်။

“အမေရိကန်အစိုးရအနေနဲ့ မိမိမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးဆိုးဝါးမှုအခြေအနေနှင့် စီမံခန့်ခွဲရေး စွမ်းရည် လိုအပ်ချက်ကို တည့်တည့်ရှုမြင်ကာ လက်နက်ကိုင် အကြမ်းဖက်မှု ထိန်းချုပ်ရေးကို လက်တွေ့ဆောင်ရွက်သင့်ရာ အခြားနိုင်ငံများကို နေရာတကာ လက်ညိုးညွှန်ဆရာလုပ်၊ လူ့အခွင့်အရေးအကြောင်းပြ အခြားနိုင်ငံ ပြည်တွင်းရေးကို စွက်ဖက်နေရမှာ မဟုတ်ပါဘူး။”ဟု ကျောက်လိကျန်းက ပြောကြားခဲ့သည်။ (Xinhua)

—————————-
(Chinese Version)

外交部:美政府应采取切实行动控枪止暴
2022-06-07 20:19:22
外交部发言人赵立坚6月7日表示,美国政府应正视自身恶劣的人权状况和治理能力赤字,采取切实行动控枪止暴,而不是到处对别的国家指手画脚,以人权为借口干涉别国内政。
在当日例行记者会上,有记者问:6月3日是美国的“全国关注枪支暴力日”,全美各地民众纷纷举行活动,悼念枪支暴力受害者,呼吁美政府采取行动进行改革,阻止枪支暴力事件发生。中方对此有何评论?
赵立坚表示,根据美“枪支暴力档案”网站的统计数据,2022年美国已发生246起造成4人以上死伤的大规模枪击事件,平均每天1.5起。这个数字触目惊心,因为它不仅是数字,还代表无数逝去的鲜活生命和破碎的家庭。仅在5月28日至30日的72小时内,全美就发生超过300起涉枪案件,造成超130人死亡。
赵立坚说,多数美国民众呼吁政府采取措施阻止惨案再次发生。多项最新民调显示,美国多数人将枪支暴力视为严重的社会问题之一。今年4月,皮尤研究中心调查显示,76%的美国人认为枪支暴力已成为美国面临的“很严重或比较严重的问题”。据美国密歇根大学研究数据,涉枪伤害已成为美国儿童和青少年的最主要死因,75%的美国青少年认为枪击事件已经成为他们最主要的压力来源。《国会山报》报道显示,三分之二的美国父母表示担心在学校发生大规模枪击事件。
“美国政府应正视自身恶劣的人权状况和治理能力赤字,采取切实行动控枪止暴,保护好美国人民的生命权,而不是到处对别的国家指手画脚,以人权为借口干涉别国内政。”他说。(记者马卓言)