Connect with us

North America

အမေရိကန်၏ တရုတ်ဆန့်ကျင်မှုများနှင့်အတူ ဂျပန်၏ ကြံစည်မှုများ

ဂျပန်ဝန်ကြီးချုပ် ဖူမီအို ခီရှီဒါကို အောက်တိုဘာ ၄ ရက်က ဂျပန်နိုင်ငံ တိုကျိုမြို့၌ တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၈ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံ Sankei Shimbun ၏ သတင်းဖော်ပြချက်အရ ဂျပန်ဝန်ကြီးချုပ်ဟောင်းနှင့် အာဏာရပါတီ၏ အကြီးဆုံးအဖွဲ့ခေါင်းဆောင် ရှင်ဇိုအာဘေးက ဇွန် ၅ ရက်တွင် ကျင်းပသော ဖိုရမ်အခမ်းအနားတစ်ခု၌ ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ “ထိုင်ဝမ်အရေးကြုံလျှင် ဂျပန်အရေးကြုံခြင်း” ပင်ဖြစ်ကြောင်း ထပ်မံစကားကြီးစကားကျယ် မှတ်ချက်ပြုပြောဆိုပြီး တရုတ်နိုင်ငံမှ လက်နက်အင်အားဖြင့် ထိုင်ဝမ်ပြန်လည်ပေါင်းစည်းရေးကို စွန်လွှတ်စေရန် ထိုင်ဝမ်နှင့် “ဆန္ဒရှိသော” နိုင်ငံများနှင့် ဆက်ဆံရေးခိုင်မာစွာ အားဖြည့်သွားမည်ဟု ပြောကြားခဲ့သည်။

ယခုကာလများအတွင်း ဂျပန်က အမေရိကန်၏ “အင်ဒို-ပစိဖိတ် မဟာဗျူဟာ” ကို လိုက်နာနေပြီး ၎င်း၏ တက်ကြွသော တရုတ်ဆန့်ကျင်ရေး သဘောထားမှာ ပိုမိုသိသာလာကြောင်းနှင့် ၎င်းက အာရှ-ပစိဖိတ်ဒေသရှိ အမေရိကန်၏ တရုတ်ဆန့်ကျင်ရေးမူဝါဒတွင် အဓိကကြံရာပါဖြစ်လာကြောင်း သုံးသပ်သူများက ထောက်ပြခဲ့သည်။ ဂျပန်က အမေရိကန်နှင့်အတူ တရုတ်ဆန့်ကျင်နေပြီး ၎င်းကိုအသုံးချကာ စစ်ရေးဆိုင်ရာ ဖြေလျှော့မှုနှင့် ၎င်း၏ အာရှတိုက် ရပ်တည်ချက်ကို ပြန်လည်ပုံသွင်းရန်စသည့် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များရှိနေသည်။

ယင်းလုပ်ဆောင်ချက်က ဒေသတွင်း တည်ငြိမ်အေးချမ်းမှုနှင့် တရုတ်-ဂျပန်အကြား ကောင်းမွန်သောဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် အကျိုးမရှိကြောင်း၊ ဂျပန်ကိုယ်တိုင် ပေးဆပ်သွားရမည်ဖြစ်ကြောင်း သုံးသပ်သူများကဆိုသည်။

အမေရိကန်နှင့်အတူ တရုတ်ကိုဆန့်ကျင်ခြင်း

ယခုနှစ် မေလကုန်ပိုင်းတွင် အမေရိကန်သမ္မတက တောင်ကိုးရီးယားနှင့် ဂျပန်သို့ သွားရောက်လည်ပတ်ခဲ့ပြီး “အင်ဒို-ပစိဖိတ် မဟာဗျူဟာ” တွန်းအားပေးရန်၊ တရုတ်ကို အတူတားဆီးရန် အာရှပစိဖိတ်မဟာမိတ်နှင့် မိတ်ဖက်များရှာဖွေခြင်းအတွက် နိုင်ငံစုံအခမ်းအနားသို့ တက်ရောက်ခဲ့သည်၊ ထိုကာလအတွင်း ဂျပန်က အမေရိကန်နှင့်အတူ အရှေ့တရုတ်ပင်လယ်၊ တောင်တရုတ်ပင်လယ်၊ ဟောင်ကောင်၊ရှင်းကျန်း၊ ထိုင်ဝမ်ရေလက်ကြားစသည့် တရုတ်နိုင်ငံနှင့် ပတ်သက်သော အရေးကိစ္စများတွင် လက်ညိုးတညွှန်ညွှန် လုပ်ဆောင်ခဲ့သည့်အပြင် ဂျပန်ဝန်ကြီးချုပ် ဖူမီအို ခီရှီဒါက ဂျပန်အနေဖြင့် အမေရိကန်နှင့် ပူးပေါင်းကာ တရုတ်နိုင်ငံအား “နိုင်ငံတကာစည်းမျဉ်းနှင့်အညီ တာဝန်ဝတ္တရားထမ်းဆောင်ခြင်း”ကို တွန်းအားပေးဆောင်ရွက်သွားမည်ဟု ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မကြာသေးမီနှစ်များအတွင်း အမေရိကန်၏ တရုတ်နိုင်ငံအပေါ် တားဆီးခြင်းအင်အား မပြတ်တိုးလာသည်နှင့်အမျှ ဂျပန်၏ တရုတ်အပေါ် မူဝါဒလည်း ထိပ်တိုက်ရင်ဆိုင်မှုအနေအထားအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

နိုင်ငံရေးနှင့် လုံခြုံရေးကဏ္ဍတွင် ဂျပန်သည် အမေရိကန်၏ “အင်ဒို-ပစိဖိတ် မဟာဗျူဟာ” အဓိကမူဘောင်တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သည်။ ဂျပန်သည် အမေရိကန်၏ မဟာမိတ်အဖွဲ့များနှင့် ဆက်တိုက်ချိတ်ဆက်မှုများ ပြုလုပ်ကာ အမေရိကန်၏ မဟာမိတ်စနစ် ခိုင်ခံ့ရန် ဆောင်ရွက်ပေးခဲ့ပြီး ဒေသတွင်း ပြင်ပရှိ အမေရိကန်မဟာမိတ်များအား အာရှပစိဖိတ်သို့ အာရုံပြောင်း ဂရုပြုလာရန် တွန်းအားပေး လုပ်ဆောင်ခဲ့သည်။ ဂျပန်က “လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်” အမည်ခံဖြင့် အခြားနိုင်ငံများအား တက်ကြွစွာ ဖြန့်ဝေကာ တောင်တရုတ်ပင်လယ် အရေးကိစ္စများကို ဝင်ရောက်စွပ်ဖက်ပြီး သက်ဆိုင်ရာနိုင်ငံများအား စစ်ရေးကိရိယာ ထောက်ပံ့ပေးခြင်း၊ သက်ဆိုင်ရာနိုင်ငံများနှင့် တရုတ်အကြား ဆက်ဆံ‌ရေးကို သွေးခွဲခြင်းများ ပြုလုပ်ခဲ့သည်။ ဂျပန်သည် အမေရိကန်နှင့် အနောက်တိုင်းနိုင်ငံတို့နှင့်အတူ တရုတ်နိုင်ငံ၏ပြည်တွင်းရေးကို မကြာခဏ ကြားဝင်စွက်ဖက်ခဲ့ပြီး “ထိုင်ဝမ်လွတ်လပ်ရေး” အင်အား၊ဟောင်ကောင်အကြမ်းဖက်သမားတို့ကို ထောက်ပံ့ပေးသည့်အပြင် ရှင်းကျန်း “လူ့အခွင့်အရေး” ကိစ္စရပ်များကို ကြိုးကိုင်ခဲ့သည်။

စီးပွားရေးကဏ္ဍတွင် ဂျပန်က အမေရိကန်နောက်လိုက်၊ “အမျိုးသားလုံခြုံရေး” အမည်ခံဖြင့် တရုတ်နိုင်ငံ နည်းပညာကုမ္ပဏီများအပေါ် တားဆီးဖိနှိပ်ခြင်း၊ တရုတ်စီးပွားရေး “အချိတ်အဆက်ဖြတ်ခြင်း”ကို တွန်းအားပေးကာ တရုတ်နိုင်ငံတွင်လည်ပတ်နေသည့် ဂျပန်ကုမ္ပဏီအား နိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်လာရန် ယန်းငွေ ဘီလီယံ ၂၂၀ ထောက်ပံ့ခဲ့သည်။ ထို့ပြင် ဂျပန်က အမေရိကန်ဦးဆောင်သည့် “ပစိဖိတ်ဖြတ်ကျော်မိတ်ဖက်ဆက်ဆံရေး” နှင့် “အင်ဒို-ပစိဖိတ်စီးပွားရေးမူဘောင်” အပါအဝင် တရုတ်ကို ဖယ်ရှားထားသည့် ဒေသတွင်း စီးပွားရေးမူဘောင်တွင် ပါဝင်ကာ အမေရိကန်နှင့် ထောက်ပံ့ရေးဆိုင်ရာကွင်းဆက် ပူးပေါင်းဆောင်ရွက်မှုတွင် တက်ကြွစွာလုပ်ဆောင်ခဲ့သည်။

ကြံစည်မှုရှိ

ဂျပန်က အမေရိကန်နှင့် အစွမ်းကုန် ပူးပေါင်းလုပ်ဆောင်နေသော်လည်း အမေရိကန်က ဤအရေးကြီးပြီး “လိမ္မာရေးခြား” ရှိသည့် မဟာမိတ်အပေါ် လေးစားခြင်းမရှိပေ။

အမေရိကန်၏ ဂျပန်အပေါ် သဘောထားကို သံတမန်ရေးရာ အသေးစိတ် အချက်အလက်များစွာတွင် တွေ့မြင်နိုင်သည်။ ဘိုင်ဒန်က ဂျပန်သို့ လာရောက်လည်ပတ်စဉ် ၎င်း၏အထူးလေယာဉ်မှာ ဂျပန်သို့ဆိပ်သို့ ဆင်းသက်ခြင်းမရှိဘဲ အမေရိကန်၏ ဂျပန်အခြေစိုက်စခန်း၌ ဆင်းသက်ခဲ့သည်။ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိဟောင်း Sun Qiyong က ဂျပန်နှင့် အမေရိကန်ကြား ဆက်ဆံရေးသည် တန်းတူညီမျှ ဆက်ဆံရေး မဟုတ်ဘဲ သခင်-ကျွန် ဆက်ဆံရေးဖြစ်နေသည်ဟု ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သည်။

ဂျပန်သည် အမေရိကန်ကို မျက်နှာသာပေးကာ ၎င်နှင့်အတူ တရုတ်ဆန့်ကျင်ခြင်း၏ နောက်ကွယ်တွင် ကြီးမားသော ရည်ရွယ်ချက်ရှိကြောင်း သုံးသပ်သူများက ယူဆသည်။ ဂျပန်နိုင်ငံ၏ လက်ရှိအာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီက (LDP)က ဒုတိယကမ္ဘာစစ်နောက်ပိုင်း ငြိမ်းချမ်းသော ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ကန့်သတ်ချက်များကို ကျော်လွှားကာ ဂျပန်နိုင်ငံကို “ပုံမှန်နိုင်ငံ” ဖြစ်လာရန် အမြဲမျှော်လင့်ထားသည်။ ထို့ကြောင့် ဂျပန်က ၎င်း၏စစ်အင်အား ဖွံ့ဖြိုးတိုးတက်စေရန် “တရုတ်ခြိမ်းခြောက်မှု”ကို အဆက်မပြတ် ချဲ့ကားဖြန့်ဝေခြင်း၊ ၎င်းအပေါ် စစ်ရေးဆိုင်ရာ ဖြေလျှော့မှုများကို အသိအမှတ်ပြုရန် အမေရိကန်၏ တရုတ်တားဆီးမှုတွင် ၎င်း၏ ကြံရာပါအနေဖြင့်လုပ်ဆောင်နေသည်ဟု သုံးသပ်သူများက ဆိုသည်။

ထို့ပြင် ဂျပန်သည် စစ်ပွဲအပြီးတွင် အာရှတိုက်အခြားနိုင်ငံများထက် စီးပွားရေးအရ သာလွန်ခဲ့သော်လည်း ယခုနှစ်များတွင် ဂျပန်၏ ကမ္ဘာ့ဒုတိယစီးပွားရေးနိုင်ငံကို တရုတ်နိုင်ငံမှ အစားထိုးခဲ့ရာ ဂျပန်က တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဆင်ခြင်တုံတရားဖြင့် လက်ခံနိုင်ခြင်း မရှိသောကြောင့် တရုတ်အပေါ် တနေ့တခြား ရန်လိုမှုရှိလာသည်။

ဂျပန်နိုင်ငံ Yamaguchi တက္ကသိုလ်၏ ဂုဏ်ထူးဆောင် ပါမောက္ခ Yan Valhou က ဂျပန်နိုင်ငံသည် “အလယ်အလတ်နိုင်ငံ” ဖြစ်လာနေပြီး ဂျပန်နိုင်ငံရေးသမားများနှင့် နိုင်ငံသားများစွာတို့က ဤလက်တွေ့ကို တည့်မတ်စွာ မရင်ဆိုင်နိုင်သည့်အတွက် တရုတ်နှင့် ထိပ်တိုက်ရင်ဆိုင်နိုင်ရန် အမေရိကန်နှင့် ပူးပေါင်းခြင်းမှ တစ်ဆင့် စီးပွားရေးကျဆင်းမှုကို နိုင်ငံရေးနှင့် စစ်ရေးအင်အားမှ အားဖြည့်သွားလိုကြောင်း ထောက်ပြခဲ့သည်။(Xinhua)

……………………………..
(Chinese Version)
紧随美国反华 日本暗藏祸心
新华社北京6月7日电(记者刘赞)据日本《产经新闻》报道,日本前首相、执政党最大派阀领导人安倍晋三5日在一个论坛活动上再次就台湾问题大放厥词,重提“台湾有事即日本有事”,声称要与台湾及“有志”国家加强关系,使中国大陆“放弃武力统一台湾”。

分析人士指出,最近一段时间以来,日本追随美国“印太战略”积极反华的倾向日益明显,已成为美国在亚太地区遏华政策的主要帮凶。日本紧随美国反华,有借此谋求军事松绑和重塑自身亚洲地位等私心。此种做法不利于地区和平稳定和中日关系健康发展,必会让日本自身付出代价。

随美反华

美国总统拜登5月下旬访问韩国和日本并出席多边活动,以推进“印太战略”,拉拢亚太地区盟友和伙伴共同遏制中国。日本在此期间配合美国表现最为积极,不仅和美国一道对东海、南海、涉港、涉疆、台海局势等涉华议题指手画脚,日本首相岸田文雄还在联合记者会上直接点名中国,声称日本将与美国合作促使中国“按照国际规则履行责任”。

近年来,随着美国对中国遏制打压力度不断加大,日本对华政策也明显转向对抗。

在政治和安全上,日本积极参加美国“印太战略”的核心框架——美日印澳“四边机制”,推动其固定化,继美国之后第二个主办该机制峰会。日本不断与美国盟友勾连,穿针引线为美国加强同盟体系,并极力推动地区外美国盟友把注意力转向亚太。对其他国家,日本积极兜售所谓“自由开放的印太”,并插手南海问题,向相关国家提供军事装备,离间它们与中国的关系。日本还和美西方一道频繁干预中国内部事务,为“台独”势力、乱港分子打气撑腰,操弄新疆“人权”问题。

在经济上,日本追随美国,以“国家安全”名义打压中国科技企业和推进对华经济“脱钩”,出资2200亿日元资助日企把在华生产迁回国内。日本还积极与美国进行供应链合作,参加美国主导的旨在排除中国的地区经济框架,包括“跨太平洋伙伴关系协定”和“印太经济框架”。

包藏祸心

尽管日本对美国极力配合,但美国对这个重要而又“表现良好”的盟友并不尊重。

美国对日态度在不少外交细节上可见一斑。2019年4月,时任日本首相安倍晋三夫妇访美期间在与时任美国总统特朗普夫妇合影时被挤出红地毯。拜登在访日时与特朗普一样,专机均不抵达日方机场,而是降落“自家领地”美军驻日基地。日本前外务省官员孙崎享直言,日美并非对等关系,而是主从关系。

分析人士认为,日本极力讨好美国并紧随其反华,背后有不可告人的野心。日本执政的自民党一直希望突破二战后和平宪法的限制,让日本成为“正常国家”。为此,日本不断渲染“中国威胁”,以此为由发展军力,并借美国遏制打压中国之机,通过当美国帮凶换取美国对其军事松绑的认可。

同时,日本战后曾长期在经济上领先亚洲其他国家,但近年来日本世界第二经济大国的地位被中国取代,日本难以理性接受中国的发展壮大,对华日益敌视。

日本山口大学名誉教授纐缬厚指出,日本正在成为“中等国家”,不少日本政客和国民无法正视现实,希望日本与美国联合,通过加强政治和军事实力来弥补经济势力的衰落,从而与中国对峙。
图说- 2021年10月4日,日本首相岸田文雄在东京首相官邸召开记者会。(新华社发,Pool图片/花井亨摄)