Connect with us

Europe

ယူကရိန်းအခြေအနေနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ စိုးရိမ်ပူပန်မှု သုံးချက်ကို ဝမ်ရိပြောကြား

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး S.Jaishankar တို့ ဇူလိုင် ၇ ရက်တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ဘာလီ၊ အင်ဒိုနီးရှား၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဘာလီကျွန်းတွင် ကျင်းပသော G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်စဉ်ကာလအတွင်း ယူကရိန်းအရေးနှင့်ပတ်သက်၍ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး S.Jaishankar နှင့် အမြင်သဘောထားချင်းဖလှယ်ခဲ့သည်။ လက်ရှိယူကရိန်းအခြေအနေနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ စိုးရိမ်ပူပန်မှု သုံးချက်ကို ဝမ်ရိကပြောကြားခဲ့သည်။

ပထမအချက်မှာ စစ်အေးတိုက်ပွဲအယူအဆ လှုံဆော်ခြင်း၊ အုပ်စုဖွဲ့ ထိပ်တိုက်ရင်ဆိုင်မှု ဖြန့်ဝေခြင်း ၊ “စစ်အေးတိုက်ပွဲသစ်” ဖန်တီးရန် အခွင့်အရေးယူမှုကို ဆန့်ကျင်ခြင်း စသည်တို့ ဖြစ်သည်။ ရှုပ်ထွေးပြင်းထန်သော စိန်ခေါ်မှုများကို ရင်ဆိုင်စဉ် ကမ္ဘာက ကွဲပြားခြင်းထက် စည်းလုံးညီညွတ်ခြင်းကို ပိုမိုအလေးထားပြီး ထိပ်တိုက်ရင်ဆိုင်မှုမဟုတ်ဘဲ ညှိနှိုင်းဆွေးနွေးမှုများကို လိုအပ်သည်။ တရုတ်နိုင်ငံသည် သမိုင်း၏ မှန်ကန်သောဘက်ခြမ်း၊ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန် ဖျောင်းဖျရာ၌ တက်ကြွစွာ တွန်းအားပေးသည့်ဘက်တွင် အခိုင်အမာ ဆက်လက်ရပ်တည်သွားမည်ဖြစ်သည်။

ဒုတိယအချက်မှာ စံနှုန်းနှစ်မျိုးဖြင့် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေပြည့်စုံမှု ထိခိုက်ခြင်းကို ဆန့်ကျင်ခြင်းဖြစ်သည်။ အချို့သောနိုင်ငံများက ယူကရိန်းအရေး၌ အချုပ်အခြာအာဏာ၏ အခြေခံမူကို အလေးထားကြောင်း ပြောဆိုခဲ့သော်လည်း ထိုင်ဝမ်အရေးတွင်မူ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို စဉ်ဆက်မပြတ်စိန်ခေါ်နေသည့်အပြင် ထိုင်ဝမ်ရေလက်ကြား၌ တင်းမာမှုများဖန်တီးရန် ကြံစည်ခြင်းတို့မှာ ပြောင်ပြောင်တင်းတင်း စံနှုန်းနှစ်မျိုးဖြစ်ကြောင်း သိသာထင်ရှားသည်။ တရုတ်နိုင်ငံသည် ယူကရိန်းအကျပ်အတည်းနှင့် ထိုင်ဝမ်အရေးကို နှိုင်းယှဉ်ရန်ကြံစည်သည့် ကြိုးပမ်းမှုမှန်သမျှကို ဆန့်ကျင်ပြီး အဓိကကိုယ်ပိုင်အကျိုးစီးပွားကို အခိုင်အမာ ကာကွယ်သွားမည်ဖြစ်သည်။

တတိယအချက်မှာ အခြားနိုင်ငံ၏ တရားဝင် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အရေးနှင့် အကျိုးစီးပွားကို ထိခိုက်မှုမှ ဆန့်ကျင်ခြင်းဖြစ်သည်။ အချို့နိုင်ငံများက ယူကရိန်းအကျပ်အတည်းကို အကြောင်းပြပြီး တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများအပေါ် တစ်ဖက်သတ်ပိတ်ဆို့အရေးယူမှုများ အလွန်အကျွံပြုလုပ်နေရာ ယင်းလုပ်ရပ်မှာ အကျိုးသင့်အကြောင်းသင့်မဟုတ်သလို တရားမျှတမှုလည်းမရှိကြောင်း၊ ထို့ပြင် ၎င်းက နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံကြား ပုံမှန်ကျသော အပြန်အလှန်ဆက်ဆံရေးကို ဖျက်ဆီးခဲ့ပြီး နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ စည်းမျဉ်းများကိုလည်း ချိုးဖောက်ကာ ယူကရိန်းအကျပ်အတည်း၏ ရှုပ်ထွေးမှုနှင့် ကျယ်ပြန့်မှုကိုလည်း ဖြစ်ပေါ်စေခဲ့သည်။ ယင်းအပေါ် နိုင်ငံအသီးသီးအနေဖြင့် ပူးပေါင်းဆန်ကျင်ကာ ပွင့်လင်းမြင်သာသော၊ တရားမျှတသော၊ ခွဲခြားဆက်ဆံမှုမရှိသော နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ပတ်ဝန်းကျင်ကို ကြိုးပမ်းတည်ဆောက်သင့်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)
王毅谈中方围绕乌克兰局势的三点关切
新华社印度尼西亚巴厘岛7月7日电(记者余谦梁)当地时间7月7日,国务委员兼外长王毅在巴厘岛出席二十国集团外长会期间与印度外长苏杰生就乌克兰问题交换意见。王毅阐述了中方围绕当前乌克兰局势的三点关切。
一是反对借机煽动冷战思维、渲染阵营对立、制造“新冷战”。面对复杂严峻挑战,世界重视的是团结,而不是分裂,需要的是对话,而不是对抗。中方将继续坚定站在历史正确的一边,站在劝和促谈的一边。
二是反对搞双重标准,损害中国的主权和领土完整。一些国家在乌克兰问题上强调主权原则,但在台湾问题上却不断挑战中国的主权和一个中国原则,甚至蓄意在台海制造紧张局势,这显然是赤裸裸的双重标准。中方拒绝任何将乌克兰危机同台湾问题相提并论的图谋,将坚定捍卫自身的核心利益。
三是反对损害别国的正当发展权益。有的国家以乌克兰危机为借口,对中国等其他国家滥施单边制裁,既不正当,也不合法,破坏了国与国之间的正常交往,违反了国际贸易的通行规则,也导致了乌克兰危机的复杂化和扩大化。各方应对此予以共同抵制并努力构建开放、公平、非歧视的国际合作环境。(完)