Connect with us

Europe

ရုရှားနှင့် ယူကရိန်းကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများက အချိန်ကြာသည်နှင့်အမျှ ပိုမိုခက်ခဲနိုင်မည်ဖြစ်ကြောင်း ပူတင်ပြော

ရုရှားနိုင်ငံ ဒူးမားလွှတ်တော် ခေါင်းဆောင်များ၊ ပါတီအဖွဲ့ဝင်ခေါင်းဆောင်များနှင့် ၂၀၂၂ ခုနှစ် ဇူလိုင် ၇ ရက်တွင်ပြုလုပ်သော အစည်းအဝေးသို့ သမ္မတ ဗလာတီမာပူတင် တက်ရောက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - Kremlin photo)

မော်စကို၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် တံခါးဖွင့်ထားကြောင်းနှင့် ယူကရိန်းနိုင်ငံနှင့် ဆွေးနွေးမှုများမှာ အချိန်ကြာလာသည်နှင့်အမျှ ပိုမိုခက်ခဲလာနိုင်မည်ဖြစ်ကြောင်း ရုရှား သမ္မတ ဗလာတီမာပူတင်က ဇူလိုင် ၇ ရက်၌ ပြောကြားခဲ့သည်။

“ငြိမ်းချမ်းရေးဆွေးနွေးမှုတွေအတွက် ကျွန်တော်တို့မှာ ငြင်းဆိုဖို့မရှိပါဘူး။ ဒါပေမဲ့ ငြင်းဆိုနေတဲ့သူတွေကတော့ အချိန်ဖြုန်းနေတာဖြစ်ပြီး ကျွန်တော်တို့နဲ့ ဆွေးနွေးညှိနှိုင်းဖို့ ပိုပြီးခက်ခဲလာပါလိမ့်မယ်” ဟု ပူတင်က ဒူးမားလွှတ်တော်ခေါင်းဆောင်များနှင့် ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

အမေရိကန်ဦးဆောင်သော အနောက်နိုင်ငံများက ရုရှားနိုင်ငံအား ဆယ်စုနှစ်များကြာ အလွန်ဆိုးဝါးစွာ ရန်လိုနေခဲ့ခြင်းဖြစ်ကြောင်း ပူတင်က ဆိုသည်။
“ဥရောပမှာ သာတူညီမျှလုံခြုံရေးစနစ်တစ်ခု ဖန်တီးဖို့ ကျွန်တော်တို့ရဲ့ အဆိုပြုချက်တွေက ပယ်ချခံရတယ်။ ဒုံးကျည်ကာကွယ်ရေးပြဿနာဆိုင်ရာ ပူးတွဲလုပ်ငန်းစဉ် အဆိုပြုချက်တွေကိုလည်း ပယ်ချခံရတာပါပဲ။ နေတိုးအဖွဲ့ (NATO) ရဲ့ လက်မခံနိုင်ဖွယ်ရာ ချဲ့ထွင်မှုကိုကျတော့ လျစ်လျူရှုထားကြတယ်” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ကမ္ဘာကြီးအပေါ် ဥပဒေအသစ် ပြဋ္ဌာန်းရန် အနောက်နိုင်ငံများ၏ ကြိုးပမ်းမှုများသည် ရှုံးနိမ့်ရမည်သာဖြစ်ကြောင်း ရုရှားနိုင်ငံ သမ္မတ ပူတင်က ဆိုသည်။ (Xinhua)

………………………………………………

(English Version)
Peace negotiations between Russia, Ukraine to get more difficult with time: Putin
Source: Xinhua| 2022-07-08 06:12:30|Editor: huaxia
MOSCOW, July 7 (Xinhua) — Russia is open to peace talks, and the negotiations with Ukraine will get more difficult with time passing by, Russian President Vladimir Putin said Thursday.

“We do not refuse peace negotiations, but those who refuse should know that the more time they waste, the more difficult it will be for them to negotiate with us,” Putin said during a meeting with State Duma leaders and party faction heads.

Putin said that the West led by the United States has been extremely aggressive towards Russia for decades.

“Our proposals to create a system of equal security in Europe were rejected. Initiatives for joint work on the problem of missile defense were rejected. Warnings about the unacceptability of NATO expansion are ignored,” he added.

The attempts of Western countries to impose a new order on the world are doomed to fail, said the president. ■
Photo : Russian President Vladimir Putin attends a meeting with State Duma leaders and party faction heads on July 7, 2022. (Kremlin photo)