Connect with us

China

“တရုတ်+ အလယ်အာရှ ၅ နိုင်ငံ”နိုင်ငံခြားရေးဝန်ကြီးများ တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲ၏ ရလဒ်နှင့်သဘောတူညီချက်အား တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ပြောကြား

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အက်တာနာတွင် “တရုတ်+အလယ်အာရှ ၅ နိုင်ငံ”နိုင်ငံခြားရေးဝန်ကြီးများ တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲသို့ ဇွန် ၈ ရက်က တက်ရောက်စဉ်(ဆင်ဟွာ)

အက်တာနာ၊ ဇွန် ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဇွန် ၈ ရက်က “တရုတ်+ အလယ်အာရှ ၅ နိုင်ငံ”နိုင်ငံခြားရေးဝန်ကြီးများ တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။ ဆွေးနွေးပွဲအပြီးတွင် ဝမ်ရိက ကာဇက်စတန် ဒုတိယ ဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး Mukhtar Tleuberdiနှင့်အတူ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အက်တာနာတွင် “တရုတ်+အလယ်အာရှ ၅ နိုင်ငံ”နိုင်ငံခြားရေးဝန်ကြီးများ တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲသို့ ဇွန် ၈ ရက်က တက်ရောက်စဉ်(ဆင်ဟွာ)

ယခုအကြိမ် တွေ့ဆုံဆွေးနွေးပွဲ၏အဓိကတာဝန်မှာ တရုတ်နိုင်ငံနှင့်အလယ်အာရှ ၅ နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၃၀ ပြည့် ဗွီဒီယို ထိပ်သီးဆွေးနွေးပွဲ၌ ရရှိသော သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရန်ဖြစ်ရာ အဓိကအကျဆုံးရလဒ်အနေဖြင့် “တရုတ်+အလယ်အာရှ ၅ နိုင်ငံ”ထိပ်သီးတွေ့ဆုံဆွေးနွေးမှုယန္တရား တည်ဆောက်ရန် တစ်ပြေးညီ သဘောတူခဲ့ကြကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ ဆွေးနွေးပွဲတွင် 《“တရုတ်+အလယ်အာရှ ၅ နိုင်ငံ”နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲ ပူးတွဲကြေညာချက်》၊ 《တရုတ်- အလယ်အာရှ ၅ နိုင်ငံ ဗွီဒီယိုထိပ်သီးဆွေးနွေးပွဲ သဘောတူညီချက် လမ်းပြမြေပုံ အကောင်အထည်ဖော်ခြင်း》၊ 《”တရုတ်+အလယ်အာရှ ၅ နိုင်ငံ”အပြန်အလှန်ဆက်သွယ်ချိတ်ဆက်ရေး ပူးပေါင်းဆောင်ရွက်မှုအဆိုပြုချက် နက်ရှိုင်းရေး》နှင့် 《”တရုတ် + အလယ်အာရှ ၅ နိုင်ငံ” ဒေတာလုံခြုံရေးပူးပေါင်းဆောင်ရွက်မှု အဆိုပြုချက်》ရလဒ်စာရွက်စာတမ်း ၄ ခုအား အတည်ပြုခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲမှ ရရှိသော ကဏ္ဍ ၁၀ ရပ် သဘောတူညီမှုများကို အကျဉ်းချုပ်၍ ဝမ်ရိက ပြောကြားခဲ့သည်။ ၎င်းတို့မှာ-

(၁) အပြန်အလှန်လေးစားရေး၊ အိမ်နီးချင်းနိုင်ငံများနှင့်ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေး၊ တစ်လှေတည်းစီး တစ်ခရီးတည်းသွား ဖေးမကူညီရေး၊ အပြန်အလှန်အကျိုးရှိ ဘုံအကျိုးဖြစ်ထွန်းရေးမူကို အခြေခံလက်ကိုင်ထား၍ ကိုယ်ပိုင်ဖြစ်တည်မှုရှိသော၊ ငြိမ်းချမ်းစည်ပင်ဝပျော၍ ပူးပေါင်းဆောင်ရွက်မှုရှိသော အလယ်အာရှကို ကြိုးပမ်းတည်ဆောက်ရန်

(၂) “ရပ်ဝန်းနှင့်ပိုးလမ်းမ”အရည်အသွေးမြင့် ဆက်လက်တည်ဆောက်၍ ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုများကို ချဲ့ထွင်ရန်၊ ဘဏ္ဍာရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရေးနည်းလမ်းကို တွန်းအားပေး၍ ဒေသငွေကြေးဖြင့် စရင်းရှင်းတမ်းပြုမည့်ပမာဏကို တစ်ဆင့်တိုးချဲ့ရန်

(၃) အပြန်အလှန် ဆက်သွယ်ချိတ်ဆက်ရေး ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းအောင် ဆောင်ရွက်ပြီး တရုတ်-ဥရောပရထားလမ်း ဘေးကင်းတည်ငြိမ်စွာ လည်ပတ်မှုကို အာမခံထားရန်၊ အကောက်ခွန်ရှင်းတမ်း အဆင်ပြေလွယ်ကူအောင် တွန်းအားပေးရန် ၊ကုန်စည်”အစိမ်းရောင်လမ်းကြောင်း”ပြီးပြည်စုံ ဆောင်ရွက်ရန် ၊လေကြောင်းပြေးဆွဲမှုများ အမြန်ပြန်လည်ကောင်းမွန်အောင်ဆောင်ရွက်ရန်၊ ထုတ်ကုန်လုပ်ငန်းကွင်းဆက်၊ ထောက်ပို့လုပ်ငန်းကွင်းဆက်မပြတ်အောင် အာမခံထားဆောင်ရွက်ရန်

(၄) သမရိုးကျနှင့် သမရိုးကျမဟုတ်သော ကဏ္ဍလုံခြုံရေး ထိန်းသိမ်းမှုအား လွှမ်းခြုံ စီမံရန်၊ “အကြမ်းဖက်တိုက်ခိုက်မှုအင်အား၊ လူမျိုးရေးခွါပြဲမှုအင်အား၊ ဘာသာရေးအစွန်းရောက်အင်အား ဟူသော အင်အားစု ၃ ရပ်”ကို စုပေါင်းအင်အားဖြင့် တိုက်ဖျက်ရန်၊ စားနပ်ရိက္ခာလုံခြုံရေးအတွက် အာမခံရှိအောင် ဆောင်ရွက်ရန်

(၅) ကပ်ရောဂါကို စည်းလုံးညီညွတ်စွာဖြင့် ဆက်လက်တိုက်ဖျက်ရန်၊ ကာကွယ်ဆေးနှင့်ဆေးဝါးသုတေသနပြုထုတ်လုပ်ရေးပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာဆောင်ရွက်ရန်၊ တရုတ်-အလယ်အာရှ ကျန်းမာရေးလုပ်ငန်းမဟာမိတ် တည်ဆောက်ရန်၊ အလယ်အာရှတွင် တရုတ်တိုင်းရင်းဆေးစင်တာ ထားရှိရန်

(၆) အာဖဂန်နစ္စတန်၏အခြေအနေတွင် ရပ်တည်ချက်များကို အချိန်မီညှိနှိုင်း၍ အာဖဂန် ငြိမ်းချမ်းမှု ပြန်လည်တည်ဆောက်ရေးကို မြှင့်တင်ပေးရန် ၊ ဥဇဘက်ကစ္စတန်နိုင်ငံကြီးမှူးကျင်းပသော စတုတ္ထအကြိမ်မြောက် အာဖဂန် အိမ်နီးချင်းနိုင်ငံများ၏နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် အာဖဂန်အရေး အဆင်မြင့်နိုင်ငံတကာအစည်းအဝေးကို အားပေးထောက်ခံရန်၊ ဒေသတွင်းလုံခြုံရေးနှင့်တည်ငြိမ်ရေးကို ကာကွယ်ထိန်းသိမ်းရန်

(၇) ပညာရေး၊ သိပ္ပံနည်းပညာ၊ အနုပညာ၊ အားကစား၊ ခရီးသွား၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စသည့် ကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေးကို နက်ရှိုင်းစွာ ဆောင်ရွက်ရန်၊ “တစ်နိုင်ငံ အလုပ်ရုံတစ်ခု”ပုံစံကို တွန်းအားပေး၍ အပြန်အလှန် ယဉ်ကျေးမှုစင်တာလုပ်ငန်းများ ထားရှိရန်

(၈) အစိမ်းရောင်၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွေ့အကြုံနည်းပညာများအား မျှဝေကာ လူနှင့်သဘာဝ သဟဇာတဖြစ်အတူရှင်သန်သော လှပသည့် မိသားစုဥယျာဉ်အား အတူတည်ဆောက်ရန်

(၉) အပြန်အလှန်ဗဟိုအကျိုးစီးပွားအရေးနှင့်စပ်လျဉ်းပြီး ဆက်လက်၍အပြန်အလှန်အားပေးထောက်ခံရန်၊ ကမ္ဘာ့လုံခြုံရေးအဆိုပြုချက်နှင့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်ကို အတူတကွ ဖော်ဆောင်ကာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအတွက် အကျိုးဆောင်ရန်

(၁၀) “တရုတ်+အလယ်အာရှ ၅ နိုင်ငံ”ပူးပေါင်းဆောင်ရွက်မှု ယန္တရားကို ကောင်းမွန်ပြည့်စုံအောင် ဆက်လက် ဖော်ဆောင်ရန်၊ နိုင်ငံရေးပါတီ၊ ကုန်သွယ်စီးပွား၊ ရင်းနှီးမြှုပ်နှံမှု၊ ဒေသန္တရ၊ ပညာရှင် စသည့် ကဏ္ဍများ၏ ဆွေးနွေးဖလှယ်မှုများကို တက်ကြွစွာ ဆောင်ရွက်ကာ ၆ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအလားအလာကို အပြည့်အဝ ဖော်ဆောင်သွားရန်တို့ ဖြစ်ကြောင်း ဆိုသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက တရုတ်နိုင်ငံအနေဖြင့် သမ္မတ ရှီကျင့်ဖိန်နှင့် အလယ်အာရှ ၅ နိုင်ငံ ခေါင်းဆောင်များ ရရှိပြီးသော သဘောတူညီချက်ကို လမ်းညွှန်မှုအဖြစ်ထားရှိကာ အလယ်အာရှ မိတ်ဖက်များနှင့်အတူ နိုင်ငံရေးအပြန်အလှန်ယုံကြည်မှုနှင့် အပြန်အလှန်အကျိုးစီးပွားဖြစ်ထွန်းရေး ပူးပေါင်းဆောင်ရွက်မှုများကို အဆက်မပြတ် နက်ရှိုင်းစွာ ဖော်ဆောင်ပြီး ပို၍ နီးကပ်မှုရှိသော တရုတ်-အလယ်အာရှ အေးအတူ ပူအမျှ အသိုက်အဝန်းအား လက်တွဲအတူတည်ဆောက်သွားမည် ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။ (Xinhua)

………………………………………
(Chinese Version)
王毅谈“中国+中亚五国”外长第三次会晤的成果和共识
2022-06-08 17:03:32
新华社努尔苏丹6月8日电(记者张继业)当地时间6月8日,国务委员兼外长王毅在努尔苏丹出席“中国+中亚五国”外长第三次会晤。会晤后,王毅同哈萨克斯坦副总理兼外长特列乌别尔季共同会见记者。
王毅表示,本次会晤最重要的任务是落实中国同中亚五国建交30周年视频峰会共识,最重要的成果是一致同意建立“中国+中亚五国”元首会晤机制。会晤还通过了《“中国+中亚五国”外长会晤联合声明》、《落实中国同中亚五国视频峰会共识路线图》、《关于深化“中国+中亚五国”互联互通合作的倡议》和《“中国+中亚五国”数据安全合作倡议》四份成果文件。
王毅归纳了会晤达成的十方面共识:
一是秉持相互尊重、睦邻友好、同舟共济、互利共赢原则,致力于建设自主、和平、繁荣、合作的中亚。
二是继续高质量共建“一带一路”,拓展全方位合作,探讨推进金融合作方式,进一步扩大本币结算规模。
三是深化互联互通合作,保障中欧班列安全稳定运营,推进通关便利化,完善货物“绿色通道”,加快恢复航班,确保产业链完整、供应链不断。
四是统筹维护传统领域和非传统领域安全,合力打击“三股势力”,保障粮食安全。
五是继续团结抗疫,积极开展疫苗和药物研发合作,建立中国-中亚健康产业联盟,在中亚设立中国传统医学中心。
六是就阿富汗局势及时协调立场,促进阿和平重建,支持乌兹别克斯坦主办第四次阿邻国外长会和阿问题高级别国际会议,维护地区安全稳定。
七是深化教育、科技、艺术、体育、旅游、减贫等领域合作,推进“一国一坊”、互设文化中心工作。
八是促进绿色、可持续发展,分享环保经验技术,共建人与自然和谐共生的美丽家园。
九是在涉及彼此核心利益问题上继续相互支持,共同践行全球安全倡议和全球发展倡议,为全球治理贡献力量。
十是继续健全“中国+中亚五国”合作机制,积极开展政党、经贸、投资、地方、智库等领域交流对话,充分释放六国合作潜能。
王毅强调,中方将以习近平主席同中亚五国元首达成的共识为引领,不断深化同中亚伙伴的政治互信和互利合作,携手打造更加紧密的中国-中亚命运共同体。(完)

1. 当地时间6月8日,国务委员兼外长王毅在努尔苏丹出席“中国+中亚五国”外长第三次会晤。 新华社发(奥斯潘诺夫摄)