Connect with us

Asia

ဖိလစ်ပိုင်-တရုတ်ပူးပေါင်းဆောင်ရွက်မှုအမြင့်ဆုံးအဆင့်သို့ရောက်ရှိရန်ဖိလစ်ပိုင်သမ္မတသစ်မျှော်လင့်ကြောင်းပြော

ဖိလစ်ပိုင်နိုင်ငံသမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သူ Ferdinand Romualdez Marcos အား မေ ၂၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မနီလာ ၊ ဇွန် ၉ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ သမ္မတသစ် Ferdinand Romualdez Marcos က ဇွန် ၈ ရက်တွင် ဖိလစ်ပိုင်-တရုတ် ချစ်ကြည်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်ခဲ့ပြီး ဗွီဒီယိုမိန့်ခွန်းပြောကြားရာတွင် ၎င်းက နှစ်နိုင်ငံအနေဖြင့် အနာဂတ် ချစ်ကြည်ရေးနှင့် နက်ရှိုင်းသော ပူးပါင်းဖလှယ်မှု ဆက်လက်ထားရှိရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နှင့် တရုတ်ကြား ချစ်ကြည်ရင်းနှီးမှုသည် နှစ်ပေါင်းထောင်ချီ တည်တံ့ခဲ့ရာ နှစ်နိုင်ငံပြည်သူများအပေါ် ကြီးမားသော အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးခဲ့ကြောင်း Marcos ကပြောကြားခဲ့သည်။ ကုန်သွယ်မှု၊ အနုပညာ၊ ယဉ်ကျေးမှု၊ အားကစားကဏ္ဍအပြင် ဒေသတွင်းတည်ငြိမ်အေးချမ်းမှု၊ ဖိလစ်ပိုင်ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ကိုဗစ်ကပ်ရောဂါ ကာလအတွင်း အပြန်အလှန် ဖေးမကူညီခြင်း စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကြောင့် နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးက အမြင့်ဆုံးအဆင့်သို့ အဆက်မပြတ်လျှောက်လှမ်းနိုင်ခဲ့သည်။ မိမိတို့အနေဖြင့် အနာဂတ်ကာလများတွင် နှစ်ပေါင်းများစွာ ပျိုးထောင်ခဲ့သည့် ချစ်ကြည်ရေးကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ပြီး ဖိလစ်ပိုင်-တရုတ် သံတမန်ဆက်ဆံရေးနှင့် နှစ်နိုင်ငံ၏ အောင်မြင်မှုရလဒ်များ ပူးပေါင်းဖလှယ်ခြင်းအပေါ် မျှောလင့်ချက်အပြည့်အဝရှိကြောင်း ၎င်းကပြောကြားခဲ့သည်။

ဖိလစ်ပိုင်နှင့် တရုတ်အကြား ရင်းနှီးသောဆက်ဆံရေးက ကဏ္ဍအသီးသီးတွင် အောင်မြင်မှု ရလဒ်များရရှိခဲ့ကြောင်း၊ အထူးသဖြင့် ကပ်ရောဂါကာလအတွင်း ဖိလစ်ပိုင်နိုင်ငံ စီးပွားရေး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရန် အပြုသဘောဆောင်သော အကျိုးဆောင်မှုများ ပြုလုပ်ခဲ့ကြောင်းနှင့် အနာဂတ်တွင်လည်း နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ထားရှိကာ ဘုံသာယာဝပြောမှုရရှိရန် တွန်းအားပေးဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ဖိလစ်ပိုင် ဒုတိယသမ္မတသစ် Sara Duterte က ဗွီဒီယိုမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် ဟွမ်ရှီးလျန်က တရုတ်-ဖိလစ်ပိုင် နှစ်နိုင်ငံစလုံက အရေးပါသော ဖွံ့ဖြိုးတိုးတက်မှု အဆင့်သို့ ရောက်ရှိနေရာ နှစ်နိုင်ငံဆက်ဆံရေးက အရေးကြီးသော အခွင့်အလမ်းနှင့် ကျယ်ပြန့်သော အလားအလာရှိကြောင်း ပြောကြာခဲ့သည်။ တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင်တို့က အာရှတိုက်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်သလို ကံကြမ္မာအကျိုးတူအသိုက်အဝန်းလည်းဖြစ်ကြရာ ၎င်တို့က စိန်ခေါ်မှုများကို အတူရင်ဆိုင်သင့်ပြီး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အာရုံစိုက်ကာ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးဖြစ်ထွန်းရန် ကြိုးပမ်းရမည်ဟု ၎င်းကဆိုသည်။ (Xinhua)

…………………………………………
(Chinese Version)
菲律宾当选总统期待菲中合作迈上新高度

新华社马尼拉6月8日电(记者闫洁 刘锴)菲律宾当选总统费迪南德•罗慕尔德兹•马科斯8日出席菲中友谊日庆祝活动并发表视频致辞,期待两国未来延续友谊、深化交往合作。
马科斯说,菲中友谊绵延千年,给两国人民带来巨大利益。从贸易、艺术、文化、体育,到地区和平与稳定,再到为菲民众创造就业机会,在新冠疫情期间守望相助,两国的合作伙伴关系不断迈上新的高度。“在未来的岁月中,我们将延续多年来共同培育的友谊,并对菲中外交关系及两国富有成果的交往合作充满期待。”
菲律宾当选副总统莎拉•齐默尔曼•杜特尔特-卡彪在视频致辞中说,菲中友好合作在各领域成果丰硕,为菲多年来尤其是疫情期间的经济持续增长作出了积极贡献,希望两国今后继续深化合作、促进共同繁荣。
中国驻菲律宾大使黄溪连说,中菲两国都处在关键发展阶段,双边关系面临重要机遇和广阔前景。中菲同为亚洲发展中国家,是休戚与共的命运共同体,更应携手应对挑战,聚焦和平与发展,努力实现合作共赢。(完)

图说- 5月25日,在菲律宾奎松城,费迪南德•罗慕尔德兹•马科斯庆祝赢得总统选举。新华社发(乌马利摄)