Connect with us

International Organizations

ယူကရိန်းက နျူကလီးယားဓါတ်အားပေးစက်ရုံအား ထပ်မံတိုက်ခိုက်သည်ဟု ရုရှား ပြစ်တင် ပြောကြား၊ ရုရှားက နျူကလီးယားဓါတ်အားပေးစက်ရုံတွင် ဖောက်ခွဲရေးပစ္စည်းတပ်ဆင်ထားပြီး ဖြစ်သည်ဟု ယူကရိန်း ဆို

ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့(Unicef) ဝန်ထမ်းများက ယူကရိန်းနိုင်ငံ ဇာပိုရေဇီးယားနေရာချထားရေးစခန်းတစ်ခုတွင် လုပ်ငန်းဆောင်တာများလုပ်ဆောင်နေသည်ကို မေ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ)

ယူကရိန်းတို့က ဇာပိုရေဇီးယား နျူကလီးယား ဓါတ်အားပေးစက်ရုံကို အမြောက်ဖြင့် နောက်ထပ်တစ်ကြိမ် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း၊ ၎င်းမှာ “နျူကလီးယားအကြမ်းဖက်ဝါဒ၏လုပ်ဆောင်ချက်အသစ်”ဖြစ်ကြောင်း ရုရှားဘက်က ဩဂုတ် ၈ ရက်တွင် ပြစ်တင် ပြောကြားခဲ့သည်။ ထို့အပေါ် ယူကရိန်းက ဇာပိုရေဇီးယား နျူကလီးယား ဓါတ်အားပေးစက်ရုံတွင် စခန်းချသည့် ရုရှားတပ်များက စက်ရုံတွင် ဖောက်ခွဲရေးပစ္စည်းများ တပ်ဆင်ထားခြင်းဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။___ ရုရှား ကာကွယ်ရေးဝန်ကြီး Igor Konashenkov က ဩဂုတ် ၈ ရက်တွင် ကြေညာထုတ်ပြန်ခဲ့ရာ ဥရောပတိုက်၏ အကြီးဆုံး နျူကလီးယား ဓါတ်အားပေးစက်ရုံတစ်ခုဖြစ်သည့် ဇာပိုရေဇီးယား နျူကလီးယား ဓါတ်အားပေးစက်ရုံ၏ စွမ်းအင်အခြေခံအဆောက်အအုံများကို ယူကရိန်းဘက်က ဩဂုတ် ၇ ရက်တွင် “နျူကလီးယားအကြမ်းဖက်ဝါဒ လုပ်ဆောင်ချက်သစ်များ”နောက်ထပ်တစ်ကြိမ်ဆောင်ရွက်ခဲ့ပြီး ကရှာဆွန်နှင့်ဇာပိုရေဇီးယားဒေသအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကပ်ဘေး ဖန်တီးရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။ ယူကရိန်းတပ်များက အမြောက်ဖြင့် ဇာပိုရေဇီးယား နျူကလီးယား ဓါတ်အားပေးစက်ရုံအား “အလွန်တရာ အန္တရာယ်များသည့် လှုပ်ရှားမှု” တစ်ခု လုပ်ဆောင်ခဲ့ကြောင်း၊ အကယ်၍ အခြေအနေဆိုးဝါးပါက ၊ ကပ်ဘေးအသွင် နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်စေနိုင်ကြောင်း ရုရှားသမ္မတ၏ ပြန်ကြားရေးအတွင်းဝန် Dmitry Peskov က ဩဂုတ် ၈ ရက် တွင် မီဒီယာများကိုပြောကြားခဲ့သည်။ “ယူကရိန်းခေါင်းဆောင်အပေါ် အလုံးစုံဩဇာရှိတဲ့နိုင်ငံတွေက” အမြောက်နှင့်တိုက်ခိုက်နေမှုကို တားဆီးနိုင်မည်ဟု ရုရှားအနေဖြင့် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

___ ယူကရိန်း အမျိုးသား နျူကလီးယား ဓါတ်အားပေးကုမ္ပဏီက ဩဂုတ် ၈ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ ဇာပိုရေဇီးယား နျူကလီးယားဓါတ်အားပေးစက်ရုံရှိ ရုရှားတပ်များက စက်ရုံ၌ ဖောက်ခွဲရေးပစ္စည်းများ တပ်ဆင်ထားကြောင်း၊ ရုရှားဘက်က ယူကရိန်းအပေါ် “နျူကလီးယား အကြမ်းဖက်ဝါဒ”ဖော်ဆောင်နေခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

___ ယူကရိန်းစားနပ်ရိက္ခာပစ္စည်းများတင်ဆောင်ထားသော သင်္ဘောတစ်စီးသည် ဩဂုတ်လ ၈ ရက် နံနက်ပိုင်းက ယူကရိန်း ပင်လယ်နက်ဆိပ်ကမ်း Pivdenny မှ အီတလီသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း ယူကရိန်း အခြေခံအဆောက်အအုံရေးရာဌာနက လူမှုကွန်ရက်မီဒီယာတွင် ယင်းနေ့၌ အတည်ပြုခဲ့သည်။ ၎င်းမှာ ရုရှား-ယူကရိန်းပဋိပက္ခ ဖြစ်ပွားသည့်အချိန်မှစ၍ ပထမဆုံး Pivdenny မှ ထွက်ခွာလာသည့် ယူကရိန်းစားနပ်ရိက္ခာများ တင်ဆောင်သွားသော သင်္ဘောဖြစ်ကြောင်း သိရသည်။ အကယ်၍ ရုရှားဘက်က “စားနပ်ရိက္ခာစင်္ကြံ” အာမခံပေးခြင်း တာဝန်ဝတ္တရားကို အကောင်အထည်ဖော်မည်ဆိုပါက ယူကရိန်းဘက်မှ အာဖရိကတိုက်နှင့် အာရှတိုက်များ၏ စားနပ်ရိက္ခာ တင်ပို့မှုတည်ငြိမ်ရေးအား ဆက်လက် အာမခံဆောင်ရွက်သွားမည် ဖြစ်သည်ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က ပြောကြားခဲ့ကြောင်း Ukrinform သတင်းအေဂျင်စီ၏ ဩဂုတ် ၈ ရက် သတင်းဖော်ပြချက်များအရ သိရသည်။

___ ဂျာမနီ ဘဏ္ဍာရေးဝန်ကြီးChristian Lindner နှင့် အွန်လိုင်းဆက်သွယ်ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း ယူကရိန်း ဝန်ကြီးချုပ် Denys Shmyhal က ဩဂုတ် ၈ ရက်၌ ၎င်း၏ လူမှုကွန်ရက်မီဒီယာတွင် ရေးသားထားရာ ဥရောပသမဂ္ဂမှ မက်ခရိုစီးပွားရေးအကူအညီ ကျန်ရှိနေသေးသော ယူရိုငွေ ၈ ဘီလီယံ အမြန်ဆုံးရရှိရေးအတွက် ယူကရိန်းကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟု ကတိပြုခဲ့ကြောင်း ဖော်ပြထားသည်။

__ ရုရှားအနေဖြင့် ယူကရိန်းနှင့် ငြိမ်းချမ်းရေးကို မိမိ၏တောင်းဆိုချက်အတိုင်း ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ Dmitry Medvedev က ဩဂုတ် ၈ ရက်တွင် ပြောကြားခဲ့ကြောင်း TASS သတင်းအေဂျင်စီ၏ ဖော်ပြချက်များအရ သိရသည်။ အနောက်နိုင်ငံများက လက်ရှိ ယူကရိန်းအကျပ်အတည်းတွင် မီးလောင်ရာလေပင့်လုပ်နေသည့် ရည်ရွက်ချက်က “ရုရှားကို ဖျက်ဆီးရန်”ဖြစ်ပြီး “ဒါဟာ အနောက်နိုင်ငံတွေ လုပ်ဆောင်နေကျ အလွန်တရာ ရန်လိုကျူးကျော်လိုမှုရှိတဲ့ ရုရှားဆန့်ကျင်ရေး ပထဝီနိုင်ငံရေး ဖြစ်စဉ် အကြောင်းအရင်း ဇာစ်မြစ် ဖြစ်တယ်”၊ ရုရှား၏ တုံ့ပြန်မှုက “တင်းမာခက်ထန်” ပြီး “လေးလေးနက်နက် စဉ်းစားထားခြင်း” ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

— ရုရှား-ယူကရိန်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့က ပြင်ဆင်မှုလုပ်ငန်းများ လုပ်ဆောင်ပြီးမှသာ ရုရှား-ယူကရိန်း သမ္မတများ တွေ့ဆုံဆွေးနွေးမှု ဖြစ်နိုင်မည်ဖြစ်ကြောင်း၊ သို့သော် လက်ရှိအချိန်အထိ နှစ်ဘက်သမ္မတများ တွေ့ဆုံဆွေးနွေးမည့် အသင့်အနေအထား မရှိသေးကြောင်း ရုရှားသမ္မတ ပြန်ကြားရေးအတွင်းဝန် Dmitry Peskov က ဩဂုတ် ၈ ရက်တွင် ပြောကြားခဲ့ကြောင်း Rossiya Segodnya သတင်းများအရ သိရသည်။ (Xinhua)

#Russia #Ukraine #Conflict #Xinhua #Xinhuamyanmar #ရုရှား #ယူကရိန်း #ပဋိပက္ခ #ဆင်ဟွာ

——————————–

(乌克兰局势)最新动态:俄罗斯指责乌方再次炮击核电站 乌克兰说俄方已在核电站上安装炸药
2022-08-09 00:18:59 分类: 军事
新华社北京8月8日电综合新华社驻外记者报道:俄罗斯8日指责乌克兰再次炮击扎波罗热核电站,并称之为“新的核恐怖主义行为”。乌克兰8日回应说,驻守扎波罗热核电站的俄军已经在核电站安装了炸药。
——俄罗斯国防部发言人科纳申科夫8日发表声明,指责乌方7日再次对欧洲最大核电站之一——扎波罗热核电站的能源基础设施实施“新的核恐怖主义行为”,试图在赫尔松和扎波罗热地区制造人道主义灾难。俄总统新闻秘书佩斯科夫8日对媒体表示,乌军炮击扎波罗热核电站是一项“潜在的极其危险的活动”,如果情况恶化,将造成灾难性后果。俄方希望“那些对乌克兰领导人有绝对影响力的国家”能够阻止炮击。
——乌克兰国家核电公司8日发表声明说,驻守扎波罗热核电站的俄军已在核电站安装了炸药,俄方正在对乌克兰实施“核恐怖主义”。
——乌克兰基础设施部8日在社交媒体上证实,一艘装载乌克兰粮食的船只当日早晨驶离乌黑海港口皮夫坚内前往意大利,这是自俄乌冲突爆发以来首艘离开皮夫坚内的装载乌克兰粮食的船只。另据乌通社8日报道,乌外长库列巴当日表示,如果俄方履行保障“粮食走廊”的义务,乌方将继续保障对非洲和亚洲国家的粮食出口稳定。
——乌克兰总理什梅加尔8日在社交媒体发文说,他与德国财长克里斯蒂安·林德纳进行了线上通话,林德纳承诺德国将帮助乌克兰尽快从欧盟获得剩余80亿欧元的宏观经济援助。
——据塔斯社报道,俄安全会议副主席梅德韦杰夫8日说,俄罗斯将以自己的条件寻求与乌克兰的和平。他说,西方当前在乌克兰危机中拱火的目的是“摧毁俄罗斯”,“这是西方发起极具侵略性的反俄地缘政治进程的根本原因”。俄方的回应是“强硬”和“深思熟虑的”。
——据今日俄罗斯通讯社报道,俄总统新闻秘书佩斯科夫8日说,只有在俄乌谈判代表团做完所有准备“功课”后,才有可能举行俄乌总统会晤。但到目前为止,尚不具备举行双方总统会晤的条件。(参与记者:刘恺、李铭、李东旭)(完)

1. 5月3日,联合国儿童基金会的工作人员在乌克兰扎波罗热安置点工作。 新华社发(迭戈·埃雷拉摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.