Connect with us

North America

အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ်၏ အကြီးဆုံးမြို့တွင် မွတ်ဆလင် လေးဦး ဆက်တိုက်ပစ်သတ်ခံခဲ့ရ

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားနေသည်ကို ဧပြီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟူစတန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

ပြီးခဲ့သည့် ၉ လ အတွင်း အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ်၏ အကြီးဆုံးမြို့ဖြစ်သော Albuquerque တွင် မွတ်ဆလင် ၄ ဦး ရှေ့ဆင့်နောက်ဆင့် ပစ်သတ်ခံရကြောင်းနှင့် ယင်းလူသတ်မှု ၄ မှုသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်မှုရှိနိုင်ပြီး အမုန်းထားသော ပြစ်မှုကျူးလွန်မှုနှင့် သက်ဆိုင်သည်ဟု သံသယရှိကြောင်း ရဲတပ်ဖွဲ့များက ယူဆကြသည်။သေနတ်ပစ်ခတ်မှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခြင်းက မွတ်ဆလင်အသိုင်းအဝန်းများအကြား ထိတ်လန့်မှုများ စတင်ပေါ်ပေါက်လာပြီဖြစ်ကြောင်း နယူးမက္ကဆီကိုပြည်နယ် အစ္စလာမ်မစ်စင်တာ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ အမေရိကန်နိုင်ငံ တစ်ဝန်းလုံး ကိုဗစ်ကပ်ရောဂါ စတင်ပြန့်ပွားလာခဲ့သည့် ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှစ၍ အမေရိကန်ရှိ မြို့များ၌ အကြမ်းဖက်ရာဇဝတ်မှုများနှင့် အမုန်းထားသော ပြစ်မှုကျူးလွန်မှုများ သိသိသာသာ တိုးမြှင့်လာခဲ့ကြောင်း သိရသည်။ (Xinhua)

#US #Muslim #Hatecrime #Xinhua #Myanmar #XinhuaMyanmar #အမေရိကန် #မွတ်ဆလင် #အမုန်းထားသောပြစ်မှုကျုးလွန်မှု #ဆင်ဟွာ
…………………………………………
美国新墨西哥州最大城市4名穆斯林接连遭枪杀
新华社休斯敦8月7日电综合当地媒体报道,过去9个月,美国新墨西哥州最大城市阿尔伯克基有4名穆斯林先后遭枪杀,警方认为这4起凶杀案可能相互关联,疑与仇恨犯罪相关。
新墨西哥州伊斯兰中心发言人说,枪击事件接连发生,使穆斯林社区居民“开始恐慌”。自2020年初新冠疫情在美全面暴发以来,美国城市暴力犯罪和仇恨犯罪事件显著增加。(完)
图说 – 4月22日,美国首都华盛顿西北部一处街区发生一起枪击事件,造成4人受伤,枪手随后自杀。图为警察在枪击事件现场工作。新华社记者刘杰摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.