Connect with us

China

၁၉ ကြိမ်မြောက် အာရှ အားကစားပွဲ ပိတ်ပွဲ အခမ်းအနား ဟန်ကျိုးမြို့တွင် အောင်မြင်စွာ ကျင်းပ၊ တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန် အခမ်းအနားသို့ တက်ရောက်ခဲ့

၁၉ ကြိမ်မြောက် အာရှ အားကစားပွဲ ပိတ်ပွဲ အခမ်းအနားမြင်ကွင်းများအား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက် တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

၁၉ ကြိမ်မြောက် အာရှအားကစားပွဲ ပိတ်ပွဲအခမ်းအနားကို အောက်တိုဘာ ၈ ရက် ညပိုင်းက ဟန်ကျိုးမြို့တွင် အောင်မြင်စွာ ကျင်းပခဲ့ရာ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန် တက်ရောက်ခဲ့သည်။

အာရှအားကစားပွဲ ကျင်းပခဲ့သည့် ၁၆ ရက်ကြာ ကာလတွင် အာရှတိုက်ရှိ နိုင်ငံနှင့်ဒေသပေါင်း ၄၅ ခုမှ အားကစားသမားပေါင်း ၁၀,၀၀၀ ကျော် စည်းလုံးညီညွတ်စွာ ဖလှယ်ခဲ့ကြရာ ချစ်ကြည်ရင်းနှီးမှုများ ရရှိခဲ့သည့်အပြင် မိမိကိုယ်ကိုယ် သာလွန်ကောင်းမွန်အောင် ကြိုးပမ်းအားထုတ်ခဲ့ကြခြင်းကြောင့် ကမ္ဘာ့စံချိန် ၁၅ ကြိမ်၊ အာရှစံချိန် ၃၇ ကြိမ်၊ အာရှအားကစားပွဲ စံချိန် ၁၇၀ ကြိမ် စံချိန်ချိုးနိုင်ခဲ့ပြီး အာရှ အားကစား၏ ဂုဏ်ရောင်ကို ထွန်းပြောင်အောင် ဖန်တီးနိုင်ခဲ့ကြသည်။

၁၉ ကြိမ်မြောက် အာရှ အားကစားပွဲ ပိတ်ပွဲ အခမ်းအနားမြင်ကွင်းများအား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက် တွေ့ရစဉ် (ဆင်ဟွာ)

၁၉ ကြိမ်မြောက် အာရှ အားကစားပွဲ ပိတ်ပွဲ အခမ်းအနားမြင်ကွင်းများအား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက် တွေ့ရစဉ် (ဆင်ဟွာ)

၁၉ ကြိမ်မြောက် အာရှ အားကစားပွဲ ပိတ်ပွဲ အခမ်းအနားမြင်ကွင်းများအား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက် တွေ့ရစဉ် (ဆင်ဟွာ)

၁၉ ကြိမ်မြောက် အာရှ အားကစားပွဲ ပိတ်ပွဲ အခမ်းအနားမြင်ကွင်းများအား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက် တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် “အစိမ်းရောင်ဖြစ်မှု၊ စမတ်ကျမှု၊ ချွေတာမှု၊ ယဉ်ကျေးမှု” ရှိသော ပြိုင်ပွဲကျင်းပရေးအမြင်ဖြင့် ပထမတန်းစား ကောင်းမွန်သည့် အားကစားကွင်း အားကစားရုံများ၊ ဝန်ဆောင်မှုအစီအမံများပံ့ပိုးပေးခဲ့ရာ အာရှ အိုလံပစ်ကောင်စီ မိသားစုကြီးနှင့် နိုင်ငံတကာအသိုက်အဝန်း၏ ကျယ်ကျယ်ပြန့်ပြန့် ချီးကျူးမှုကို ရရှိခဲ့ကြောင်း သိရသည်။

ယခုအကြိမ် အားကစားပြိုင်ပွဲတွင် တရုတ်အားကစားကိုယ်စားလှယ်အဖွဲ့က ရွှေတံဆိပ်ဆု ၂၀၁ ခု၊ အခြားဆုတံဆိပ် ၃၈၃ ခု ရရှိခဲ့ရာ အာရှအားကစားပွဲ ပြိုင်ပွဲဝင်သမိုင်းတွင် အကောင်းဆုံး အောင်မြင်မှုရရှိခဲ့ပြီး ၁၁ ကြိမ်ဆက်တိုက် အာရှအားကစားပွဲ ရွှေတံဆိပ်ဆု အများဆုံး ရရှိခဲ့ခြင်း ဖြစ်သည်။

၁၉ ကြိမ်မြောက် အာရှ အားကစားပွဲ ပိတ်ပွဲ အခမ်းအနားမြင်ကွင်းများအား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက် တွေ့ရစဉ် (ဆင်ဟွာ)

၁၉ ကြိမ်မြောက် အာရှ အားကစားပွဲ ပိတ်ပွဲ အခမ်းအနားမြင်ကွင်းများအား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက် တွေ့ရစဉ် (ဆင်ဟွာ)

၁၉ ကြိမ်မြောက် အာရှ အားကစားပွဲ ပိတ်ပွဲ အခမ်းအနားမြင်ကွင်းများအား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက် တွေ့ရစဉ် (ဆင်ဟွာ)

၁၉ ကြိမ်မြောက် အာရှ အားကစားပွဲ ပိတ်ပွဲ အခမ်းအနားမြင်ကွင်းများအား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက် တွေ့ရစဉ် (ဆင်ဟွာ)

၁၉ ကြိမ်မြောက် အာရှ အားကစားပွဲ ပိတ်ပွဲ အခမ်းအနားမြင်ကွင်းများအား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက် တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး အားကစားပွဲ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ၊ တရုတ်နိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ကောင်းကျစ်သန်း က အမှာစကားပြောကြားရာတွင် ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပရေးအတွက် သမ္မတ ရှီကျင့်ဖိန်က စိတ်အားထက်သန်မှုနှင့် တိကျရှင်းလင်းသည့် တောင်းဆိုချက်များ ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ မဆုတ်မနစ် ကြိုးပမ်းအားထုတ်မှုများကြောင့် မိမိတို့အနေဖြင့် “တရုတ်နိုင်ငံ၏ထူးခြားချက်၊ အာရှတိုက်၏ဟန်ပန်၊ စည်ကားသိုက်မြိုက်မှု” ဖြင့် အာရှအားကစားပွဲကို ခမ်းနားစွာ ကျင်းပမည့်ကတိကဝတ်ကို အကောင်အထည်ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ အားကစားဖြင့် ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေး၊ အားလုံးပါဝင်ရေးကို မြှင့်တင်မှုဖြင့် အာရှတိုက်၏ အေးအတူ ပူအမျှ အသိုက်အဝန်း ကဏ္ဍသစ်ကို ဆက်လက်ရေးဆွဲခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အာရှ အိုလံပစ် ကောင်စီ ယာယီ ဥက္ကဋ္ဌ Raja Randhir Singh က အမှာစကား ပြောကြားရာတွင် ယခုအကြိမ် အာရှအားကစားပွဲ၏ အံဖွယ်ကောင်းမှုများက လူများကို အမှတ်ရစေရာ မကြုံစဖူးအောင်မြင်မှု ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံ အစိုးရ၊ တရုတ်နိုင်ငံ အိုလံပစ်ကော်မတီ၊ ဟန်ကျိုးမြို့ ပြည်သူများနှင့် ဟန်ကျိုး အာရှအားကစားပွဲ ကျင်းပရေးကော်မတီ၏ အသေးစိတ် စီစဉ်ဆောင်ရွက်ပေးမှုအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့နောက် Raja Randhir Singh က ၁၉ ကြိမ်မြောက် အာရှ အားကစားပွဲ ပိတ်ပွဲအခမ်းအနား ကျင်းပကြောင်း ကြေညာခဲ့ပြီး ၃ နှစ်ကြာပြီးနောက် ၂၀ ကြိမ်မြောက် အာရှ အားကစားပွဲကို Aichi စီရင်စု Nagoyaတွင် ဆုံဆည်းကြမည်ဟု ဖိတ်ကြားခဲ့သည်။
ထို့နောက် အာရှ အားကစားပွဲ လွှဲပြောင်းပေးခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။ ဟန်ကျိုး အာရှ အားကစားပွဲကျင်းပရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ်၊ ဟန်ကျိုးမြို့ မြို့တော်ဝန် ရောင်ကောင်းယွမ်က ပထမအကြိမ်မြောက် အာရှအားကစားပွဲ၏ မီးရှူးတိုင်နှင့် အလံ၊ အာရှ အိုလံပစ် ကောင်စီ၏အလံကို အာရှ အိုလံပစ်ကောင်စီ ယာယီ ဥက္ကဋ္ဌ Raja Randhir Singh ထံမှတစ်ဆင့် လာမည့် အာရှ အားကစားပွဲ ကျင်းပမည့် ဂျပန်နိုင်ငံ Aichi စီရင်စု အုပ်ချုပ်ရေးမှူး Hideaki Omura နှင့် Nagoya မြို့ ဒုတိယ မြို့တော်ဝန် Hideo Nakata ထံသို့ လွှဲပြောင်းပေးခဲ့သည်။ (Xinhua)

……………………………….
(Chinese Version)
第十九届亚洲运动会在杭州圆满闭幕  李强出席闭幕式
新华社杭州10月8日电亚运聚欢潮,璀璨共此时。第十九届亚洲运动会8日晚在杭州圆满闭幕。国务院总理李强出席闭幕式。
在过去16天里,来自亚洲45个国家和地区的1万多名运动员在这里团结交流、收获友谊,奋勇拼搏、超越自我,累计15次打破世界纪录、37次打破亚洲纪录、170次打破亚运会纪录,共同创造了亚洲体育新的辉煌和荣光。中国秉持“绿色、智能、节俭、文明”办赛理念,以一流的场馆设施、出色的组织服务,赢得了亚奥理事会大家庭和国际社会的广泛好评。中国体育代表团获得201枚金牌、383枚奖牌,取得亚运会参赛历史最好成绩,第11次蝉联亚运会金牌榜榜首。
杭州亚运会组委会主席、中国奥委会主席高志丹在致辞中表示,习近平主席对成功办赛提出殷切期望和明确要求。经过不懈努力,我们兑现了举办一届“中国特色、亚洲风采、精彩纷呈”亚运盛会的庄严承诺。让我们以体育促和平、促团结、促包容,合力续写亚洲命运共同体的崭新篇章。
亚奥理事会代理主席辛格在致辞中说,本届亚运会精彩绝伦、令人难忘,取得了空前成功。感谢中国政府、中国奥委会、杭州市民与杭州亚组委的精心筹备。辛格宣布杭州第十九届亚运会闭幕,并发出邀请,三年后相聚爱知•名古屋第二十届亚运会。
随后举行交接仪式。杭州亚运会组委会副主席兼秘书长、杭州市市长姚高员将第一届亚运会火炬和会旗、亚奥理事会会旗交给亚奥理事会代理主席辛格。辛格将第一届亚运会火炬和会旗、亚奥理事会会旗交给下届亚运会举办城市日本爱知县知事大村秀章和名古屋市副市长中田英雄。