Connect with us

China

မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ဆက်သွယ်ရေး အွန်လိုင်းလိမ်ညာမှု ကျူးလွန်သည့် သံသယ တရားခံ ၇၀၆ ဦး အား တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်

ပေကျင်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ မြောက်ပိုင်းတွင် တရုတ်နိုင်ငံနှင့်သက်ဆိုင်သည့် ဆက်သွယ်ရေး အွန်လိုင်း လိမ်ညာမှုများ ဆိုးဝါးနေသည့်အပေါ် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာနက မြန်မာနိုင်ငံ သက်ဆိုင်ရာဒေသ တရားဥပဒေစိုးမိုးရေးဌာနများနှင့်အတူ နယ်စပ်ဒေသရဲတပ်ဖွဲ့ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် အားဖြည့်ပြီး ပြစ်မှုတိုက်ဖျက်ရေးလှုပ်ရှားမှုများကို ဆက်တိုက် ဆောင်ရွက်ခဲ့သည်။

ယခုရက်ပိုင်းများတွင် အစောပိုင်းကာလ ရလဒ်များပေါ်အခြေခံ၍ ပြစ်မှုတိုက်ဖျက်ရေး ရလဒ်များစွာ ထပ်မံရရှိခဲ့ရာ ဆက်သွယ်ရေး လိမ်ညာမှု ကျူးလွန်သည့် သံသယ တရားခံ ၄၉၇ ဦးကို နှစ်သုတ်ခွဲ၍ လျင်ချန်း ပြည်သူ့လုံခြုံရေးဌာနသို့ လည်းကောင်း၊ သံသယ တရားခံ ၂၀၉ ဦး ကို ဖူအော် ပြည်သူ့ လုံခြုံရေးဌာနသို့လည်းကောင်း လွှဲပြောင်းပေးခဲ့ကြောင်း၊ ၎င်းတို့အနက် တရားခံပြေး ၂၆ ဦး ပါဝင်ကြောင်း သိရသည်။

ယခုနှစ် စက်တင်ဘာလမှစ၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား ၊ ဖူအော် စသည့်ဒေသများရှိ ပြည်သူ့လုံခြုံရေးဌာနများသည် မြန်မာနိုင်ငံ သက်ဆိုင်ရာဒေသ တရားဥပဒေစိုးမိုးရေးဌာနများနှင့် နယ်စပ်ဒေသ ရဲတပ်ဖွဲ့ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရာတွင် တရုတ်နိုင်ငံပြင်ပ ဆက်သွယ်ရေး လိမ်ညာမှု ကျူးလွန်သည့် အခြေစိုက်စခန်းများစွာကို အောင်မြင်စွာ ရှင်းလင်းနိုင်ခဲ့သလို ယင်းပြစ်မှုကျူးလွန်သည့် သံသယ တရားခံ အများအပြားကိုလည်း တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။

ပြစ်မှုတိုက်ဖျက်ရေး အရှိန်အဟုန် ဆက်တိုက် မြှင့်တင်ရန်အတွက် ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာန၏ လမ်းညွှန် စီမံမှုအောက်တွင် ဖူအော် ပြည်သူ့လုံခြုံရေးဌာနက ထပ်ဆင့် အောင်မြင်မှုများရရှိခဲ့ရာ ဆက်သွယ်ရေး အွန်လိုင်း လိမ်ညာမှု ကျူးလွန်သည့် သံသယတရားခံ ၂၀၉ ဦးကို အောက်တိုဘာ ၁ ရက်က တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်။ တစ်ချိန်တည်းတွင်ပင် လျင်ချန်း ပြည်သူ့လုံခြုံရေးဌာနသည် နယ်စပ်ဒေသ ရဲတပ်ဖွဲ့ဆိုင်ရာ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရာ တိုးတက်မှုများ ရရှိခဲ့ပြီး စက်တင်ဘာ ၂၅ ရက်နှင့် အောက်တိုဘာ ၇ ရက် တို့တွင် မြန်မာနိုင်ငံ သက်ဆိုင်ရာဒေသ တရားဥပဒေစိုးမိုးရေးဌာနများက တရုတ်နိုင်ငံသို့ ဆက်သွယ်ရေးအွန်လိုင်း လိမ်ညာမှု ကျူးလွန်သည့် သံသယ တရားခံ ၄၉၇ ဦးကို နှစ်သုတ်ခွဲ၍ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိ သက်ဆိုင်ရာ သံသယ တရားခံများကို တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယား၊ ဟေးလုံကျန်း၊ ကျဲ့ကျန်း၊ အန်းဟွေး၊ ဖူကျန့်၊ ဟဲနန်၊ ချုံချင့်စသည့် သက်ဆိုင်ရာဒေသ ပြည်သူ့လုံခြုံရေးဌာနများက ထိန်းသိမ်းခေါ်ဆောင်သွားပြီ ဖြစ်ကြောင်း သိရသည်။

ပြစ်မှုတိုက်ဖျက်ရေးကို ထိရောက်စွာ ဆက်တိုက်ဆောင်ရွက်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ မြောက်ပိုင်းတွင် တရုတ်နိုင်ငံနှင့်သက်ဆိုင်သော ဆက်သွယ်ရေး အွန်လိုင်း လိမ်ညာမှု ကျူးလွန်သူ သံသယ တရားခံ ၂,၃၁၇ ဦးကို တရုတ်နိုင်ငံသို့ လွှဲပြောင်းထားပြီး ဖြစ်ကြောင်း၊ ယင်းသို့ ဖမ်းဆီးခံရသည့် တရားခံများအနက် နောက်ကွယ်မှ “ထောက်ပံ့သူ”၊ အဖွဲ့ခေါင်းဆောင်နှင့် အမာခံ အဖွဲ့ဝင် ၂၃ ဦး၊ တရားခံပြေး ၉၄ ဦး ပါဝင်ကြောင်း သိရသည်။ (Xinhua)

……………………………
(Chinese Version)
再添新战果 706名缅北电诈犯罪嫌疑人移交我方
新华社北京10月9日电(记者任沁沁、熊丰)针对缅北涉我电信网络诈骗犯罪严峻形势,云南公安机关不断强化与缅甸相关地方执法部门的边境警务合作,持续开展多轮打击行动。近日,在前期工作取得显著成效基础上,打击行动再添重大战果,497名电信网络诈骗犯罪嫌疑人分两批移交临沧公安机关,209名电信网络诈骗犯罪嫌疑人移交普洱公安机关,其中网上在逃人员26名,有力打击了境外诈骗分子的嚣张气焰。
今年9月以来,云南西双版纳、普洱等地公安机关通过与缅甸相关地方执法部门开展边境警务执法合作,一大批境外诈骗窝点被成功铲除,一大批电信网络诈骗犯罪嫌疑人被移交我方。为持续掀起打击声势,纵深推进打击行动,在云南省公安厅的指挥部署下,普洱公安机关进一步扩大战果,209名电信网络诈骗犯罪嫌疑人于10月1日成功移交我方。同时,临沧公安机关边境警务执法合作取得重大进展,缅甸相关地方执法部门分别于9月25日和10月7日,先后两批向我方移交电信网络诈骗犯罪嫌疑人497名。
目前,相关犯罪嫌疑人已由内蒙古、黑龙江、浙江、安徽、福建、河南、重庆等涉案地公安机关押回。
经过持续有效打击,已有2317名缅北涉我电信网络诈骗犯罪嫌疑人被成功抓获并移交我方,其中幕后“金主”、组织头目和骨干23名,网上在逃人员94名,有力挤压了境外诈骗分子生存空间,近期全国电信网络诈骗案件发案呈现明显下降趋势。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.