Connect with us

Culture

ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာက ၂၀၂၃ ခုနှစ် “နှစ်ကူးနွေဦးပွဲတော်” အစီအစဉ်များ စတင်ကျင်းပ၍ ယုန်နှစ် နှစ်သစ်ကို မြန်မာနိုင်ငံပြည်သူများနှင့်အတူ ကြိုဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နှစ်ကူးနွေဦးပွဲတော်သည် တရုတ်လူမျိုးများ၏ ကြီးကျယ်ခမ်းနားသည့် ရိုးရာပွဲတော်ဖြစ်ပြီး ဆွေမျိုးမိတ်ဆွေများနှင့်ဆုံဆည်း၍ ပျော်ရွှင်ကြည်နူးဖွယ်ရာများကို အတူမျှဝေကြသည့် အရေးကြီးပွဲတော်ဖြစ်သည်။ ၂၀၂၃ ခုနှစ် ယုန်နှစ် နှစ်ကူး နွေဦးပွဲတော် ရောက်ရှိတော့မည့် အခါသမယတွင် ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာက “ကြည်နူးရွှင်ပျော် တရုတ်နှစ်သစ်ကူးပွဲတော်” စာစီစာကုံးပြိုင်ပွဲ၊ “ဆုံဆည်းပျော်မြူး တရုတ်နှစ်သစ်ကူး” ဓာတ်ပုံပြိုင်ပွဲ၊ “ပျော်ပျော်ရွှင်ရွှင်တို့ဆင်နွှဲ ယုန်နှစ် နွေဦးနှစ်သစ်ကူးပွဲ”၊ ယွမ်ရှောင်းစုံညီပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ၊ဓာတ်ပုံပြိုင်ပွဲတို့၏ ဆုပေးပွဲ၊ ၂၀၂၃ ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော် မီဒီယာတွေ့ဆုံပွဲနှင့်အတူ အွန်လိုင်းအစီအစဉ်များကို ကျင်းပပြုလုပ်ကာ တရုတ်နွေဦးပွဲတော်၏ယဉ်ကျေးမှုအလှ၊ နေထိုင်မှုဘဝ၏အလှနှင့် သင့်မြတ်စည်းလုံးခြင်း၏အလှတရားများကို မြန်မာနိုင်ငံပြည်သူများနှင့်အတူ မျှဝေသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………
(Chinese Version)
仰光中国文化中心启动2023年“欢乐春节”系列活动,与缅甸民众共迎兔年新春

春节是中华民族最隆重的传统佳节,是亲朋团聚、共享喜悦的重要节日。在2023年兔年新春到来之际,仰光中国文化中心将举办如:“欢欢乐乐中国年”主题征文比赛、欢乐春节“最美全家福”摄影比赛、“古韵新春迎金兔 欢欢乐乐过大年”联欢活动、“欢天喜地闹元宵”联欢活动暨“欢欢乐乐中国年”征文比赛&“最美全家福”摄影比赛颁奖活动、2023年仰光中国文化中心“新春媒体招待会”、2023年“欢乐春节”线上系列活动等丰富多彩的系列活动,与缅甸民众共同分享中国春节文化之美、生活之美、和合之美。