Connect with us

Culture

တရုတ်နှစ်သစ်ကူးပွဲတော် ချစ်ကြည်ရေး ဘတ်စကက်ဘော ပြိုင်ပွဲတွင် အားကစားသမား ၂၀၀ ကျော် ပါ၀င်ယှဉ်ပြိုင်

ရန်ကုန်မြို့ရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏတွင် ကျင်းပ ပြုလုပ်လျက်ရှိသည့် ချစ်ကြည်ရေး ဘတ်စကက်ဘော ပြိုင်ပွဲ၊ ၃ ဦးပြိုင်ပွဲ ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်ကစားမှု မြင်ကွင်းများကို ဇန်နဝါရီလ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီလ ၁၁ ရက် (ဆင်ဟွာ)

၂၀၂၃ ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော် ချစ်ကြည်ရေး ဘတ်စကက်ဘော ပြိုင်ပွဲကို ဇန်နဝါရီလ ၈ ရက်မှ ၁၇ ရက်အထိ ရန်ကုန်မြို့ရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏတွင် ကျင်းပ ပြုလုပ်လျက်ရှိရာ ပြိုင်ပွဲဝင် အားကစားသမား ၂၀၀ ကျော် ပါ၀င်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် အမျိုးသား အသင်း၊ အမျိုးသမီးအသင်း၊အသက် ၂၀ နှစ်အောက်ပြိုင်ပွဲ၊အလွတ်တန်းနှင့် သက်လတ်ပိုင်းကစားသမားများက ၃ ဦးပြိုင်ပွဲ ၊ ၅ ဦးပြိုင်ပွဲ အမျိုးအစားများဖြင့် ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

#China #Myanmar #Basketball #Xinhua #XinhuaMyanmar #တရုတ် #မြန်မာ #ဘတ်စကက်ဘော #ဆင်ဟွာ