Connect with us

Europe

ဖင်လန်နိုင်ငံအနေဖြင့် ဆွီဒင်နှင့်အတူ NATO အဖွဲ့သို့ တစ်ချိန်တည်း ဝင်ရောက်ရန် ပြန်လည်စဉ်းစားနိုင်ကြောင်း ဖင်လန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ မြောက်အတ္တလန်တစ်သဘောတူစာချုပ်အဖွဲ့(NATO)ရုံးချုပ်အား ၂၀၂၂ ခုနှစ် မတ် ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဟယ်လ်ဆင်ကီ၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

အကယ်၍ ဆွီဒင်က မြောက်အတ္တလန်တစ်သဘောတူစာချုပ်အဖွဲ့(NATO)သို့ ဝင်ရောက်ရန် လျှောက်ထားမှု အချိန် ပို၍ ကြန့်ကြာမည်ဆိုပါက နှစ်နိုင်ငံအတူ NATOအဖွဲ့သို့ ဝင်ရောက်ရန်ကိစ္စ ပြန်လည်စဉ်းစားသွားမည် ဖြစ်ကြောင်း ဖင်လန်နိုင်ငံခြားရေးဝန်ကြီး Pekka Haavistoက ဇန်နဝါရီ ၂၄ ရက်က ပြောကြားခဲ့သည်။

ဆွီဒင်နှင့်ဖင်လန် နိုင်ငံတို့သည် ပြီးခဲ့သည့်နှစ် မေလတွင် NATOအဖွဲ့သို့ ဝင်ရောက်ရန် တစ်ချိန်တည်း လျှောက်ထားခဲ့သည်။ စည်းကမ်းသတ်မှတ်ချက်များအရ NATOအနေဖြင့် အဖွဲ့ဝင်နိုင်ငံ ၃၀ လုံးက “တစ်ပြေးညီ သဘောတူညီ”မှသာ အဖွဲ့ဝင်သစ်အဖြစ် လက်ခံနိုင်မည် ဖြစ်သည်။ လက်ရှိတွင် တူရကီနှင့်ဟန်ဂေရီက ဆွီဒင်နှင့်ဖင်လန် NATOအဖွဲ့သို့ ဝင်ရောက်ရန် တရားဝင်ခွင့်ပြုထားခြင်း မရှိသေးကြောင်း သိရသည်။ (Xinhua)

………………………………..
(Chinese Version)
芬兰外长:芬兰或重新考虑是否与瑞典同时加入北约
新华社赫尔辛基1月24日电(记者陈静 徐谦)芬兰外长哈维斯托24日说,如果瑞典加入北约的申请被推迟更长时间,芬兰可能不得不重新考虑芬瑞两国同时入约事宜。
瑞典和芬兰去年5月同时递交加入北约的申请。按照规程,北约必须在30个成员国“一致同意”前提下才能吸纳新成员。目前,土耳其和匈牙利尚未正式批准瑞典和芬兰加入。(完)
图说1: 2022年3月24日,工作人员在比利时布鲁塞尔的北约总部忙碌。新华社记者 郑焕松 摄