Connect with us

Africa & Middle East

အရှေ့ဂျေရုဆလမ်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား၊ အနည်းဆုံး လူ ၇ ဦး သေဆုံး

အရှေ့ဂျေရုဆလမ်တွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားသောနေရာ၌ ရဲတပ်ဖွဲ့ဝင်များနှင့် အရေးပေါ်ကယ်ဆယ်ရေးသမားများအား ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျေရုဆလမ်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

အရှေ့ဂျေရုဆလမ်တွင် ဇန်နဝါရီ ၂၇ ရက် ညပိုင်းက သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၇ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အရှေ့ဂျေရုဆလမ်တွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားသောနေရာ၌ ရဲတပ်ဖွဲ့ဝင်များနှင့် အရေးပေါ်ကယ်ဆယ်ရေးသမားများအား ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

သေနတ်ပစ်ခတ်မှုမှာ အရှေ့ဂျေရုဆလမ်ရှိ ဂျူးလူမျိုးများနေထိုင်သော ဂျူးဘုရားကျောင်းအနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး သေနတ်သမားက ပစ်ခတ်ပြီးနောက် ကားမောင်း ထွက်ပြေးရန်ကြိုးစားရာ ရဲတပ်ဖွဲ့ဝင်များက အသေပစ်ခတ်ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးရဲတပ်ဖွဲ့က ယင်းနေ့၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အသက် ၂၁ နှစ်အရွယ် ၎င်းသေနတ်သမားသည် အရှေ့ဂျေရုဆလမ် Shuafat ရပ်ကွက်မှ လာခြင်း ဖြစ်ကြောင်း သိရသည်။ ယခုအကြိမ် သေနတ်ပစ်ခတ်မှုသည် “ယခုနှစ်များအတွင်း အဆိုးဝါးဆုံးသော ပစ်ခတ်မှုများအနက် တစ်ခုဖြစ်ကြောင်း”၊ အနီးဝန်းကျင်ဒေသများကို ရဲတပ်ဖွဲ့က ဆက်လက်ရှာဖွေစစ်ဆေးနေကြောင်း ဂျေရုဆလမ်ဒေသ ရဲတပ်ဖွဲ့တာဝန်ခံ တာ့ခ်မန်က မီဒီယာများကို ပြောကြားခဲ့သည်။ (Xinhua)

………………………………….
(Chinese Version)
东耶路撒冷发生枪击事件致7人死亡
新华社耶路撒冷1月27日电东耶路撒冷27日晚发生一起枪击事件,造成至少7人死亡、3人受伤。
以色列警方当天发表声明说,事件发生在东耶路撒冷一处犹太人定居点内的犹太会堂附近,枪手行凶后试图驾车逃离现场,被追捕的警察打死。这名枪手21岁,来自东耶路撒冷舒阿法特社区。耶路撒冷地区警方负责人图尔格曼对媒体说,此次枪击事件是“近年来最严重的袭击之一”,警方将对邻近地区进行持续搜查。(完)
1. 1月27日,警方人员和应急人员在东耶路撒冷的枪击事件现场工作。 新华社/基尼图片社
2. 1月27日,警方人员和应急人员在东耶路撒冷的枪击事件现场工作。 新华社发(穆阿马尔•阿瓦德摄)