Connect with us

Media

လစ်ဗျားနိုင်ငံတွင် ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် လူပေါင်း ၂,၀၀၀ ကျော် သေဆုံး

ထရီပိုလီ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံ အရှေ့ပိုင်းဒေသတွင် စက်တင်ဘာ ၁၀ ရက်က ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ လူပေါင်း ၂,၀၀၀ ကျော် သေဆုံးပြီး လူပေါင်းထောင်နှင့်ချီ ပျောက်ဆုံးလျက်ရှိကြောင်း ယင်းဒေသအခြေစိုက် ဝန်ကြီးချုပ် Osama Hammad က စက်တင်ဘာ ၁၁ ရက်၌ ပြောကြားခဲ့သည်။

သေဆုံးဒဏ်ရာရမှု အများဆုံးမှာ ဆိပ်ကမ်းမြို့ဖြစ်သည့် Derna တွင် ဖြစ်ကြောင်း ၊ ယင်းနေရာတွင် “လူနေရပ်ကွက်တစ်ခုလုံး ရေကြီးမှုအတွင်း မျောပါသွားခြင်း” ဖြစ်ကြောင်း ဒေသန္တရ ရုပ်မြင်သံကြားတွင် ပြောကြားခဲ့သည်။

ကပ်ဘေးဒဏ် ဆိုးရွားစွာ ခံရသည့် ယင်းမြို့ကို ကူညီထောက်ပံ့မှုများ ပြုလုပ်ရန် နိုင်ငံတစ်ဝန်းရှိ ဆေးဝန်ထမ်းများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့ကို တိုက်တွန်းထားသလို နိုင်ငံတကာမှ အကူအညီများပေးရန် Osama Hammad က တိုက်တွန်းထားသည်။

သေဆုံးသူများအတွက် ဝမ်းနည်းမှုအထိမ်းအမှတ် ၃ ရက် ကျင်းပမည် ဖြစ်ကြောင်း ဒေသခံအာဏာပိုင်များက ကြေညာခဲ့သည်။

မြေထဲပင်လယ် မုန်တိုင်းသည် စက်တင်ဘာ ၁၀ ရက်တွင် လစ်ဗျားနိုင်ငံ အရှေ့ပိုင်းဒေသ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့ရာ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး မုန်တိုင်းလမ်းကြောင်းတစ်လျှောက် အဆောက်အဦ ပျက်စီး ဆုံးရှုံးမှုများရှိကြောင်း သိရသည်။

ဒေသခံအာဏာပိုင်များအနေဖြင့် အထူးသတိထားရန်၊ မုန်တိုင်းဒဏ် ရင်ဆိုင်နိုင်ရေးအတွက် စီမံဆောင်ရွက်ရန် ၊ “ပြည်သူများကိုကာကွယ်ပြီး ထိခိုက်ဆုံးရှုံးမှုများကို လျော့နည်းစေရေး” ဆောင်ရွက်ရန် ထရီပိုလီ အမျိုးသား ညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် Abdul-Hamed Dbeibah က စက်တင်ဘာ ၁၀ ရက်တွင် ညွှန်ကြားခဲ့သည်။

လူမှုရေးဝန်ကြီးဌာနနှင့် လစ်ဗျား လခြမ်းနီအသင်းက ကပ်ဘေးဒဏ်သင့် ပြည်သူလူထုအတွက် အရေးပေါ်ကူညီထောက်ပံ့မှုများ ပေးနေပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………….
(English Version)
Floods in E. Libya kill over 2,000: eastern-based PM
TRIPOLI, Sept. 11 (Xinhua) — Osama Hammad, the eastern-based prime minister of Libya, said on Monday that more than 2,000 people were killed and thousands of others went missing after floods hit eastern Libya on Sunday.
Speaking to a local TV channel, Hammad said most of the casualties were reported in the port city of Derna, where “the entire neighborhoods were swept away by floods.”
He called on medical personnel and rescue teams nationwide to provide assistance to the hard-hit city, while the eastern-based Deputy Prime Minister Ali al-Gatrani has appealed for international aid through a local TV channel.
Local authorities have declared three days of mourning for the victims.
The Mediterranean storm made landfall in eastern Libya on Sunday, triggering flooding and destroying facilities along its path.
Abdul-Hamed Dbeibah, the prime minister of the Tripoli-based Government of National Unity on Sunday instructed relevant authorities to remain on high alert and take measures to deal with the storm, vowing to “protect the people and ease the damage.”
The Ministry of Social Affairs and the Libyan Red Crescent Society have started to offer urgent assistance to those affected by the disaster.