Connect with us

Europe

ပြင်သစ်နိုင်ငံတွင် ဒုတိယအကြိမ်မြောက် နိုင်ငံတစ်ဝန်း သပိတ်မှောက်ဆန္ဒပြမှုများ ဖြစ်ပွား

ပြင်သစ်နိုင်ငံ လိုင်လီမြို့တွင် အငြိမ်းစားစနစ်ပြန်လည်ပြုပြင်ပြောင်းလဲရေးအစီအစဉ်အား ဆန့်ကျင်ဆန္ဒပြနေကြသူများကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပါရီ၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံတွင် ဇန်နဝါရီ ၃၁ ရက်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒုတိယအကြိမ်မြောက် သပိတ်မှောက်ဆန္ဒပြမှုများ ပြုလုပ်၍ အစိုးရ၏အငြိမ်းစားစနစ်ပြုပြင်ပြောင်းလဲမှုအစီအစဉ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြ သည်။ နိုင်ငံတစ်ဝန်းဆန္ဒပြပွဲကို လူပေါင်းတစ်သန်းကျော်ပါဝင်ခဲ့ရာ လုပ်ငန်းအများအပြားအပေါ် နောက်ထပ်တစ်ကြိမ် ဆိုးဝါးသော သက်ရောက်မှုဖြစ်စေခဲ့သည်။

ပြင်သစ်နိုင်ငံ ပါရီမြို့ Gare Saint Lazareဘူတာတွင် သတင်းအချက်အလက်များကို ကြည့်ရှုနေသော ခရီးသည်များအား ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပြင်သစ်နိုင်ငံ လိုင်လီမြို့ အငြိမ်းစားစနစ်ပြန်လည်ပြုပြင်ပြောင်းလဲရေးအစီအစဉ်အား ဆန့်ကျင်ဆန္ဒပြနေကြသူများကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပြင်သစ်နိုင်ငံ ပါရီမြို့ Gare Saint Lazareဘူတာသို့ ဆိုက်ရောက်လာသော ရထားတစ်စီးအား ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာန၏ စာရင်းများအရ ယင်းနေ့တွင် နိုင်ငံတစ်ဝန်း ပါဝင်ဆန္ဒပြသူ အနည်းဆုံး ၁.၂၇ သန်းရှိကြောင်း သိရသည်။ မြို့တော်ပါရီတွင် ချီတက်ဆန္ဒပြသူ အနည်းဆုံး ၈၇,၀၀၀ ရှိကြောင်း ပါရီ ရဲတပ်ဖွဲ့က ဆိုသည်။ ပြင်သစ်အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်က ယင်းနေ့ နိုင်ငံတစ်ဝန်း လမ်းပေါ်တက်ဆန္ဒပြသူ ၂.၈ သန်း ၊ ပါရီတွင် ဆန္ဒပြသူ ၅ သိန်းကျော်ရှိကြောင်း ဟု ပြောကြားခဲ့သည်။

အငြိမ်းစားစနစ်ပြုပြင်ပြောင်းလဲမှုအစီအစဉ်ကို ပြင်သစ်ဝန်ကြီးချုပ် Élisabeth Borneက ဇန်နဝါရီ ၁၀ ရက်က ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ယခုလိုပြုပြင်ပြောင်းလဲရသော ရည်ရွက်ချက်မှာ ၂၀၃၀ ပြည့်နှစ်တွင် ဘဏ္ဍာရေးစနစ် မျှခြေရှိနိုင်စေရေးအတွက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဇန်နဝါရီ ၁၉ ရက်တွင် ပြင်သစ်နိုင်ငံတစ်ဝန်း သပိတ်မှောက်ဆန္ဒကာ အစိုးရ အဆိုပြုသော အငြိမ်းစားစနစ် ပြုပြင်ပြောင်းလဲမှုအစီအစဉ်ကို ဆန့်ကျင်ခဲ့ရာ လူပေါင်း တစ်သန်းကျော် ပါဝင်ခဲ့ကြောင်း သိရသည်။ ဇန်နဝါရီ ၃၀ ရက်တွင် ပြင်သစ်အစိုးရက အငြိမ်းစားစနစ် ပြုပြင်ပြောင်းလဲမှုမူကြမ်းကို အောက်လွှတ်တော် လူမှုရေးကော်မတီ၌ ဆွေးနွေးရန် တင်သွင်းခဲ့ရာ ဖေဖော်ဝါရီ ၆ ရက်မှစ၍ အောက်လွှတ်တော်အတွင်း ရက်သတ္တပတ် နှစ်ပတ်ကြာ ဆွေးနွေးစိစစ်ပြီးနောက် အထက်လွှတ်တော်သို့ တင်ပြသွားမည် ဖြစ်ကြောင်းသိရသည်။ ပြင်သစ်နိုင်ငံရှိ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ၈ ဖွဲ့က ဖေဖော်ဝါရီ ၇ ရက်နှင့် ၁၁ ရက်များတွင် သပိတ်မှောက်ဆန္ဒပြသွားမည် ဖြစ်ကြောင်း ကြေညာထားသည်။ (Xinhua)

…………………………………
(Chinese Version)
法国爆发第二轮全国罢工游行
新华社巴黎1月31日电(记者唐霁)法国1月31日爆发第二轮全国范围罢工游行,反对政府提出的退休制度改革方案。超百万人当天在全法参加示威游行,多个行业再次受到严重影响。
据法国内政部统计,当天全法至少有127万人参加示威游行。巴黎警方称,在首都巴黎的游行人数至少有8.7万。法国总工会称,当天全法有280万人走上街头,在巴黎的游行人数超过50万。
博尔内1月10日公布了退休制度改革方案,并表示改革目标是确保财政体系在2030年达到平衡。1月19日,法国爆发全国范围罢工游行,反对政府提出的退休制度改革计划,超百万人参加游行。1月30日,法国政府将退休制度改革草案提交国民议会社会事务委员会讨论,并将于2月6日起在国民议会开始为期两周的审议,随后送交参议院审议。法国八大主要工会宣布,将于2月7日和11日举行新的罢工游行。(完)
1. Demonstrators take part in a rally against the government’s pension reform plan in Lille, France, on Jan. 19, 2023. (Photo by Sebastien Courdji/Xinhua)
2. Passengers look at the information panels at Gare Saint Lazare train station in Paris, France, Dec. 23, 2022.(Xinhua/Gao Jing)
3. Demonstrators take part in a rally against the government’s pension reform plan in Lille, France, on Jan. 19, 2023. (Photo by Sebastien Courdji/Xinhua)
4. A train enters Gare Saint Lazare train station in Paris, France, Dec. 23, 2022.(Xinhua/Gao Jing)■

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.